Border News Agency
ကန်ချနာဘူရီ၊ ဧပြီ ၈။
ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ မွမ်ခရိုင်က နေအိမ်တလုံးမှာ ပုန်းအောင်းနေတဲ့ တရားမဝင် မြန်မာလုပ်သား ၃၅ ဦးနဲ့ သူတို့ကိုလက်ခံထားတဲ့ မြန်မာအိမ်ရှင်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
အဲဒီမွမ်ခရိုင်က နေအိမ်တလုံးမှာဧပြီ ၅ ရက်နေ့က ဒေသခံတွေရဲ့တိုင်ကြားချက်အရ အဝေးပြေးရဲတပ်ဖွဲ့၊လဝက နဲ့ စစ်ဘက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေကနေအိမ်ကိုဝင်ရောက်စီးနင်းခဲ့တာ ဖြစ်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေဟာ တရားဝင် စာရွက်စာတမ်း အထောက်အထား မပြနိုင်ကြသလို၊အိမ်ရှင်ဖြစ်သူ ဦးမင်းဦးကလည်း သူတို့ကို လက်ခံထားကြောင်း ဝန်ခံခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြန်မာလုပ်သားတွေဟာ ဧပြီ ၃ ရက်နေ့က ဘန်ကောက်ကို ရောက်လာတာဖြစ်ပြီး၊အဲဒီကနေတဆင့် မလေးရှားနိုင်ငံကို ဆက်သွားဖို့ ရည်ရွယ်ထားကြတာပါ။
အဲဒီအိမ်ရှင် ဦးမင်းဦးကို တရားမဝင်သူတွေကို လက်ခံထားမှုနဲ့ အရေးယူထားပြီး၊ ကျန်တဲ့ မြန်မာ ၃၅ ဦးကိုလည်း တရားမဝင် ဝင်ရောက်မှုနဲ့ အမှုဖွင့်ထားပါတယ်။






