Border News Agency
တဟီရန်၊ ဧပြီ ၈။
အီရန်နိုင်ငံရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေ တိုက်ခိုက်ခံရရင် အမေရိကန်ရဲ့ မိတ်ဖက်ဖြစ်တဲ့အိမ်နီးချင်းနိုင်ငံတွေကိုပါ ဒရုန်းတွေသုံးပြီး ချက်ချင်းလက်တုံ့ပြန်မယ်လို့ အီရန်က သတိပေးလိုက်ပါတယ်။
အမေရိကန်က အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေကို ဖျက်ဆီးမယ်ဆိုရင် UAE၊ ဘာရိန်းနဲ့ ကာတာနိုင်ငံတွေရဲ့ လျှပ်
စစ်ကွန်ရက်တွေကို မိနစ် ၃၀ အတွင်း ပြန်လည်တိုက်ခိုက်ဖို့ အသင့်ရှိနေတာပါ။
အဲဒီအပြင် ကမ္ဘာ့ရေနံတင်ပို့ရာ အဓိကလမ်းကြောင်းဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားနဲ့ ဘပ်အယ်လ်မန်ဒက် ရေလက်ကြားတွေကိုပါ အပြီးတိုင်ပိတ်ဆို့သွားမယ်လို့ ဆိုပါတယ်။
အဲဒီရေလက်ကြားတွေ ပိတ်ဆို့ခံရပါက ကမ္ဘာ့ကုန်သွယ်မှု ၁၂ ရာခိုင်နှုန်း ရပ်တန့်သွားမှာဖြစ်ပြီး ရေနံနဲ့ ကုန်စည်ဈေးနှုန်းတွေ ထိန်းချုပ်မရအောင် မြင့်တက်လာနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
အဲဒီလို အီရန်ဘက်က သတိပေးချက်တွေ ထွက်ပေါ်လာတာကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ နိုင်ငံတကာ စွမ်းအင်ဈေးကွက်မှာ စိုးရိမ်မှုတွေ မြင့်တက်နေကြပါတယ်။






