Border News Agency
နေပြည်တော်၊ ဧပြီ ၁၂။
နိုင်ငံတော်သမ္မတမင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ်တာဝန်ယူမယ့် အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီကို အဖွဲ့ဝင် ၁၄ ဦးနဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တယ်လို့ သမ္မတရုံးက ဧပြီလ ၁၁ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီဗဟိုကော်မတီမှာ ဒုတိယသမ္မတ ၁ ဦးညိုစောက ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်မှာဖြစ်ပြီး အဖွဲ့ဝင်တွေအဖြစ် ဒုတိယသမ္မတ ၂ ဒေါ်နန်းနီနီအေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ ပြည်ထောင်စုဝန်ကြီးတွေပါဝင်ကြပါတယ်။
ကော်မတီရဲ့အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ တွဲဖက်အတွင်းရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်တို့ကို တာဝန်ပေးအပ်ထားတယ်လို့ သိရပါတယ်။
ဒီဗဟိုကော်မတီဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် မူဝါဒချမှတ်ပေးဖို့၊ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်ဖို့နဲ့ NCA အပေါ် အခြေခံတဲ့ လုပ်ငန်းစဉ်တွေကိုဦးဆောင်လမ်းညွှန်ပေးဖို့ တာဝန်ယူရမှာပါ။
ဒါ့အပြင် ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေမှာ လိုအပ်တဲ့အကြံပေးအဖွဲ့နဲ့ အထောက်အကူပြုအဖွဲ့တွေကိုလည်း လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ထပ်မံဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။






