Border News Agency
ဝါရှင်တန်၊ ဧပြီ ၁၂။
အမေရိကန်နဲ့အီရန်တို့ကြား နှစ်ပတ်ကြာအပစ်အခတ်ရပ်စဲရေး သဘောတူထားတဲ့ကာလအတွင်းမှာ တရုတ်နိုင်ငံကအီရန်ထံလက်နက်အများအပြား တင်ပို့နေတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
လာမယ့်ရက်သတ္တပတ်တွေအတွင်းမှာလည်း တရုတ်ဟာအီရန်ကို လေကြောင်းကာကွယ်ရေးစနစ်သစ်တွေ ထောက်ပံ့ပေးနိုင်ခြေရှိတယ်လို့ အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ထုတ်ဖော်ပြောကြားလာတာပါ။
အီရန်ဟာ နိုင်ငံတကာမိတ်ဖက်တွေရဲ့အကူအညီနဲ့ လက်နက်စနစ်တွေကို ပြန်လည်ဖြည့်တင်းဖို့အတွက် အခုအပစ်အခတ်ရပ်စဲရေးကို အခွင့်ကောင်းယူနေတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေကသုံးသပ်ကြပါတယ်။
ဝါရှင်တန်ရှိ တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူကတော့ တရုတ်နိုင်ငံဟာ ပဋိပက္ခအတွင်းဘယ်အဖွဲ့ကိုမှ လက်နက်ထောက်ပံ့ပေးတာမျိုးမရှိသလို ဒီသတင်းတွေဟာ မှားယွင်းတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။
လက်ရှိပါကစ္စတန်မှာပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်းမှာပဲ အခုလိုလက်နက်တင်ပို့မှုသတင်းတွေ ထွက်ပေါ်လာတာကြောင့် ဒေသတွင်းတင်းမာမှုအပေါ် သက်ရောက်မှုရှိနိုင်မလားဆိုတာ စောင့်ကြည့်နေကြပါတယ်။






