Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
သတင်း အာရက္ခဒေသ

အာရက္ခပြည်သူတွေကို အပြုသဘောဆောင်စည်းရုံးသင့်

Photo - APM

Photo - APM

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

အာရက္ခတပ်တော်(AA)က မောင်တောဒေသခံပြည်သူတွေကို ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာတွေမှာ ပြည်သူ လူထုကို အပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောဒေသကအရပ်သားပြည်သူတချို့အပါအဝင် မြိုလူမျိုးတွေကို အတင်းအဓမ္မစစ်မှုထမ်းဖို့ဖမ်းဆီးခေါ်ယူခဲ့တယ်လို့ ပြောဆိုမှုတွေများလာပြီးနောက် အာရက္ခတပ်တော်က ရပ်ရွာလုံခြုံရေးအတွက်အခြေခံစစ်ပညာသင်တန်းတွေခေါ်ယူသင်ပေးနေတာလို့ ဆိုပါတယ်။

အဲဒီလိုခေါ်ယူချိန်မှာ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်တချို့ဟာ အရပ်သားပြည်သူတွေအပေါ်အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သလို ဖြစ်နေတာမို့ ပြည် သူလူထုနားလည်အောင်ရှင်းပြပြီး အပြုသဘောဆောင်စည်းရုံးသင့်သလို အရပ်သားပြည်သူတွေကလည်း အခြေအနေကိုနားလည်သင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“ခုလက်ရှိ စစ်ရေးကာလနဲ့ကြုံပြီးတဲ့နောက်ပိုင်းမှာ အမျိုးမျိုးပြိုကွဲပြီး အိုးအိမ်စွန့်ခွာလို့ နေရပ်မျိုးစုံကို စစ်ရှောင်ဘဝနဲ့နေရတဲ့ကာလမှာ ခုဗြုန်းစားကြီးလို အပ်လို့လုပ်တာလို့ ကျနော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်းမြင်ပါတယ်။ကျနော်တို့မြင်သလို ပြည်သူတွေကမမြင်နိုင်ကြပါဘူး။သူတို့မှာကပကတိအခြေအနေ ပင်ကိုယ်မူလဗီဇအရ အေးအေးချမ်းချမ်းနေချင်ပါတယ်။လူကိုလည်း မထိခိုက်ချင်ပါဘူး။အဲဒီသဘောသဘာဝတွေနဲ့ နည်းနည်းဆန့်ကျင့်တော့ အဆင်မပြေမှုတွေ ဖြစ်နေတယ်ပေါ့။အဲဒါကို ကိုင်တွယ်တဲ့အဖွဲ့အစည်းအနေနဲ့တော့ အချိန်တခုထားပြီး ညင်ညင်သာသာနဲ့ကိုင်တွယ်လို့ စုဆောင်းရင်တော့ နောက်ပိုင်းသဘောပေါက်လာပါလိမ့်မယ်။” လို့ မောင်တောမြို့နယ်မှသက်လူမျိုးခေါင်းဆောင်တဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခ-ဘင်္ဂလာနယ်စပ်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြမ်းဖက်သမားတွေဟာ အရပ်ပြည်သူတွေ ကိုဖမ်းဆီးသတ်ဖြတ်ပြန်ပေးဆွဲတာတွေကျူးလွန်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒါကြောင့် လက်နက်ကိုင်အကြမ်းဖက်သမားတွေရဲ့အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဒေသခံတွေကို အခြေခံစစ်ပညာသင်တန်းတွေ ပေးနေတာလို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ဆိုပါတယ်။

ဒါပေမယ့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကခေါ်ယူရာမှာအသက်မပြည့်သေးတဲ့မြိုလူမျိုးတွေအပါအဝင် မြိုလူမျိုးတွေကို အတင်းအဓမ္မခေါ်ယူခဲ့တယ်လို့စွပ်စွဲပြောဆိုကြပေမယ့် အာရက္ခတပ်တော်က အသက်မပြည့်သေးသူတွေကိုခေါ်ယူသင်တန်းပေးနေတာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီလိုအသက်မပြည့်သေးသူတွေကိုမခေါ်ယူပေမယ့် စစ်သင်တန်းပေးနေတာကို အာရက္ခတပ်တော်က ဝန်ခံတာကိုကြိုဆိုသလို အရပ်သာပြည်သူတွေကိုအတင်းအဓမ္မခေါ်ယူတာမျိုးမဟုတ်ဘဲအပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“ခုရှေ့မှာဖြစ်သွားတဲ့ မြိုလူငယ်တွေနဲ့ ပတ်သက်တဲ့ကိစွတွေမှာလည်း ကျနော်တို့အနေနဲ့ မဖြစ်သင့်လို့လည်းယူဆပါတယ်။ဒီကိစွနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်ကတာဝန်ရှိတဲ့ဦးခိုင်သုခဝန်ခံထားတာကိုလည်း ကြိုဆိုပါတယ်။” လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်ရဲ့ဦးဆောင်ကော်မတီဝင်တဦးဖြစ်သူ ဦးမောင်မောင်ကြည်က Border News Agency သို့ ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါ အဝင် မောင်တော၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊မင်းပြား၊မြေပုံ၊ပေါက်တော၊ရမ်းဗြဲ၊သံတွဲ၊တောင်ကုတ်၊အမ်း၊ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်း ချုပ်ထားပြီဖြစ်ပါတယ်။

အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေ ဘေးကင်းလုံခြုံရေးအပါအဝင် ပြန်လည်တည်ဆောက်ရေးတွေကိုလည်း ကူညီဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခ-ဘင်္ဂလာနယ်စပ်မှာရိုဟင်ဂျာအမည်ခံလက်နက်ကိုင်အကြ မ်းဖက်သမားတွေဟာ အင်အားစုစည်းလှုပ်ရှားမှုတွေပိုမိုများပြားလာသလို အကြမ်းဖက်တိုက်ခိုက်မှုတွေလည်း ပိုမိုများပြာလာနိုင်တာမို့ အရပ်သားပြည်သူတွေလည်း မိမိအသိစိတ်နဲ့ပူးပေါင်းပါဝင်သင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“ဘာလို့လဲဆိုတော့ လက်တလောဖြစ်နေတဲ့ မောင်တော့၊ဘူးသီးတောင်၊ရသေ့တောင်နယ်စပ်တောတောင်တွေမှာက အာဆာ၊အာအက်စ်အို ဘင်္ဂလီအကြမ်းဖ က်သမားတွေက တရက်ထက်တရက်အင်အားတွေစုဆောင်းပြီးတော့ နည်းလမ်းမျိုးစုံနဲ့ နှောင့်ယှက်ဖျက်စီးတာတွေ တကြိမ်ထက်တကြိမ်တိုးလာပါတယ်။လက်တလောခံစားနေရတဲ့ ပြည်သူတွေအနေနဲ့တော့ ငါတို့အလုပ်ကို ငါတို့နိုင်သလောက်ပါဝင်ပူးပေါင်းသင့်တယ်ဆိုတဲ့ အမြင်တွေ နောက်ပိုင်းရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။” လို့ မောင်တောမြို့နယ်မှသက်လူမျိုးခေါင်းဆောင်တဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ အုပ်ချုပ်ရေးတွေဖော်ဆောင်နေတာတွေမှာ ပါဝင်နေသူတချို့ဟာ အရပ်သားပြည်သူတွေအပေါ်အာဏာပါဝါပြတာတွေအပါအဝင်လူ့အခွင့်အရေးချိုးဖောက်မှုတချို့နေရှိကြတယ်လို့လ ည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလို ပြုမှုလုပ်ဆောင်နေသူတွေကိုလည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုး ရက စုံစမ်းစစ်ဆေးအရေးယူတာတွေ ပြုလုပ်နေပြီး အဲဒီလိုအရေးယူတာတွေ၊ဝန်ခံတာတွေဟာ ကောင်းမွန်တဲ့အလေ့အကျင့်တွေဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“လုပ်ထားတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ငြင်းနေတယ်လို့ရင် အစွမ်းရောက်တဲ့ အ ကြမ်းဖက်စစ်ကောင်စီနဲ့တသားတည်းဖြစ်သွားပါလိမ့်မယ်။လုပ်ထားတဲ့ကိစ္စကို အမှားရှိရင်ဝန်ခံရပါမယ်။ခုလည်း ဒီမြိုလူငယ်တွေ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့ ဝန်ခံတာတွေကို ကြိုဆိုပါတယ်။” လို့ ဦးမောင်မောင်ကြည်က Border News Agency သို့ဆက်ပြောပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲစတင်တဲ့နေ့ကစပြီး စစ်ကောင်စီတပ်က အာရက္ခဒေသရှိ ကုန်းလမ်း၊ရေလမ်းအားလုံးကို ပိတ်ဆို့ကန့်သတ်ထားသလို နိုင်ငံတ ကာလူသာချင်းစာနထောက်ထားမှုဆိုင်ရာအကူအညီပေးရေးအဖွဲ့တွေကိုလည်း တားဆီးကန့်သတ်ထားပါတယ်။

အဲဒါကြောင့် စစ်ဘေးရှောင်တွေအပါအဝင် အာရက္ခပြည်သူတွေဟာ စားဝတ် နေရေး၊ကျန်းမာရေး၊ဘေးကင်းလုံခြုံရေးဆိုင်ရာအခက်အခဲစိန်ခေါ်မှုတွေကို ရင်ဆိုင်ကြုံတွေ့နေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီလိုအခက်အခဲစိန်ခေါ်မှုတွေအပါအဝင် အာရက္ခပြည်သူတွေဟာ ကိုယ်စိတ်နှစ်ပါးထိခိုက်ခံစားနေကြရတာမို့ အာရက္ခပြည်သူ့အစိုးရတာဝန်ရှိသူတွေအပါ အဝင် လုပ်ဆောင်နေကြသူတွေဟာ ပြည်သူလူထုကို အပြုသဘောဆောင်စည်းရုံးသင့်တယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ဆိုကြပါတယ်။

“ဒီကြားကာလပြည်သူတွေစိတ်ဒဏ်ရာရနေတဲ့အချိန်မှာ နောက်ထပ်အနှောင့်အယှက်တွေမဖြစ်ရအောင် အတက်နိုင်ဆုံးတော့ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ညင်ညင်သာသာနဲ့ကိုင်တွယ်ပြီးထိန်းသိမ်းစောင့်ရှောက်သွားရင်တော့ ရှေ့အနာဂတ်အလားအလာအတွက် အထောက်အကူရလိမ့်မယ်လို့တော့ မျှော်လင့်ပါတယ်။” လို့ မောင်တောဒေသမှအရပ်ဖက်လူကြီးတဦးက Border News Agency သို့ ပြောပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောဒေသအပြင် အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေအားလုံးနီးပါးမှာ အာရက္ခပြည်သူတွေကို ပြည်သူ့ကာကွယ်ရေးသင် တန်းတွေကို ပြီးခဲ့တဲ့နှစ်ဇန်နဝါရီကတည်းကပေးနေခဲ့တာလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ဟာ အာရက္ခ-မကွေးနယ်ခြား၊အာရက္ခ-ပဲခူးနယ်ခြား၊အာရက္ခ-ဧရာဝတီနယ်ခြားကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်သလို အာရက္ခ-အိန္ဒိယနယ်စပ်၊အာရက္ခ-ဘင်္ဂလာနယ်စပ်ကိုလည်း အပြီးသတ်ထိန်းချုပ်ထားပါတယ်။

အာရက္ခတပ်တော်ထိုးစစ်ဆင်သိမ်းပိုက်ရမယ့် စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်မြို့နယ်တွေမှာလည်း စစ်ရေးတင်းမာမှုတွေဖြစ်နေတာမို့ စစ်ကောင်စီတပ်က အရပ်သားပြည်သူနေရာတွေကိုရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးပစ်ခတ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousအာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်
Nextဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရNext
Previous Post

အာရက္ခဒေသပြန်လည်တည်ဆောက်ရေးမှာ အရပ်ဖက်အဖွဲ့အစည်းတွေကို ပိုမိုနေရာပေးသင့်

Next Post

ဂွမြို့နယ်မှာစစ်ကောင်စီတပ်ရဲ့စစ်ကျန်လက်နက်ဗုံးကြောင်း သုံးဦးသေဆုံး၊နှစ်ဦးဒဏ်ရာရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page