Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်တွေမြို့နယ် စစ်ရေး သတင်း အာရက္ခဒေသ

စစ်တွေမြို့ကပြည်သူတွေ ပိတ်လှောင်ခံထားရ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
6
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့မှအရပ်သားပြည်သူတွေဟာ မြို့တွင်းထဲမှာ ပိတ်လောင်ခံထားကြရပြီး စစ်ဘေးရှောင်ထွက်ပြေးလို့မရကြဘူးလို့ ဆိုကြပါတယ်။

အဲဒီစစ်တွေမြို့က အရပ်သားပြည်သူတွေကို မြို့တွင်းထဲ အတင်းအဓမ္မသွင်းပြီး ပိတ်လှောင်ထားတာမို့ လူဦးရေ သောင်းချီရှိနေသေးတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အဲဒီပြည်သူတွေဟာ ကုန်စျေးနှုန်းကြီး မြင့်တာတွေ၊ အလုပ်မကိုင်မရှိတာတွေ၊ အကူအညီမရတော့တာတွေကြောင့် အငတ်ဘေးနဲ့ ကြုံနေကြရတယ်လို့လည်းဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ ပြည်နယ်အစိုးရအဖွဲ့ရုံးနဲ့ ဒေသကွက်ကဲမှုစစ်ဌာနချုပ်(ဒစက) အထိုင်ချထားပြီး အစိုးရအဖွဲ့ဝင်တွေနေထိုင်ကြတာမို့ စစ်တွေမြို့ကို အဝင်အထွက်ပိတ်ထားပါတယ်။

အဲဒီစစ်တွေကနေ ရန်ကုန်သို့ လေယာဉ်နဲ့သွားလာနိုင်တဲ့ လမ်းကြောင်းသာ ဖွင့်ထားပြီးကုန်းလမ်း၊ ရေလမ်းအားလုံးကို တင်းကြပ်ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ပြည်သူတချို့ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေဆီ ခိုးထွက်နိုင်ခဲ့ကြပေမယ့် ခုတော့ မြို့ပြင်ထွက်လို့ လုံး၀မရတော့ဘူးလို့ စစ်တွေမြို့မှပြည်သူတွေက ဆိုကြပါတယ်။

“တပေါက်မှ မရှိတော့ဘူး။အကုန်လုံး မိုင်းတွေနဲ့ ခွေးတွေရော။ လဗွီ(ALP တပ်ဖွဲ့ဝင်တွေ) ရော နေရာတိုင်းမှာ။” လို့ စစ်တွေမြို့မှပြည်သူတဦးက Border
News Agency ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့တွင်းနေပြည်သူတွေကိုသာ မြို့ပြင်ထွက်ခွင့်မပေး၊ပိတ်လှောင်ထားတာမဟုတ်ဘဲ မြို့နီးဝန်းကျင်မှာရှိတဲ့ ကျေးရွာအား လုံးမှ ပြည်သူတွေကိုလည်း မြို့တွင်းသို့ အတင်းသွင်းခဲ့ပြီး အဲဒီကျေးရွာတွေထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်စခန်းချနေထိုင်နေကြပါတယ်။

အဲဒီလိုမြို့နီးဝန်းကျင်ကျေးရွာတွေကနေ စစ်တွေမြို့တွင်းထဲ ဆန္ဒမပါဘဲ အ တင်းသွင်းကာ ပိတ်လှောင်ခံထားရပြီး မြို့ထဲဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေရသူသုံးသောင်းဝန်းကျင်ရှိတ ယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

စစ်ကောင်စီတပ်က အပြည့်အ၀ထိန်း ချုပ်ထားနိုင်သေးတယ်လို့ ပြောလို့ရတဲ့ စစ်တွေမြို့ထဲမှာ စစ်ကောင်စီတပ်စ ခန်းတွေ၊ဂိတ်တွေလည်း အများအပြားတိုးချထားပြီး မြို့ဝင်တပ်ထိန်းဂိတ်နဲ့ ကျေးတောရွာဘက်ဆီသွားတဲ့ ဆတ်ရိုးကျတံတားကို လုံး၀ဖြတ်သွားခွင့်မရှိဘူးလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“မြို့ပြင်နည်းနည်းတောင် ထွက်လို့မရဘူး။ဆတ်ရိုးကျတံတားဆို အနားတောင်မကပ်ရဘူး။” လို့ စစ်တွေမြို့ခံအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် စစ်ကောင်စီတပ်သားတွေဟာ မြို့တွင်းဘုန်းတော်ကြီးတွေမှာ ခို လှုံနေသူတွေကိုလည်း အနည်းဆုံးတလတကြိမ်လာရောက်စစ်ဆေးကြတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုပါတယ်။

“ကားနဲ့အုပ်စုလိုက် လာစစ်တယ်။ကြမ်းကြမ်းတမ်းတမ်းစစ်တယ်။” လို့ စစ်တွေမြို့မှစစ်ဘေးရှောင်အမျိုးသမီးတဦးက Border News Agency ကို ပြောပါတ ယ်။

အာရက္ခတပ်တော်ဟာ စစ်တွေမြို့နဲ့ ငါးမိုင်ဝန်းကျင်သာဝေးတဲ့ ဝါဘိုကျွန်း၊ စစ်တွေ – ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကျေး ရွာတွေမှာနေရာယူထားပြီး မြေပြင်နှစ်ဘက်တိုက်ပွဲတွေ ရံဖန်ရံခါရှိနေပြီး နှစ်ဘက်အပြန်အလှန်လက်နက်ကြီးပစ်ခညတ်တာတွေတော့ နေ့စဉ်နီးပါးရှိနေတယ်လို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်(AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ပြည်သိမ်းတိုက်ပွဲဆင်နွှဲနေတာမို့ စစ်တွေမြို့ နေပြည်သူတွေအနေနဲ့လွတ်မြောက်န ယ်မြေတွေဆီ တိမ်းရှောင်ကြဖို့ ပြီးခဲ့တဲ့နှစ်တပ်မွေးနေ (၂၀၂၄ ဧပြီလ ၁၀ ရက်နေ့) မိန့်ခွန်းထဲမှာ ထည့်သွင်းအသိပေးခဲ့ပါတယ်။

ဒါပေမယ့် စစ်တွေမြို့အနီးပတ်ဝန်းကျင်ကျေးရွာတွေမှ ပြည်သူတွေနဲ့မြို့တွင်းနေဆင်းရဲနွမ်းပါးသူတွေကတော့ ငွေကြေးအခက်အခဲကြောင့် အချိန်မီမတိမ်းရှောင်နိုင်ခဲ့ကြဘူးလို့ စစ်တွေမြို့ခံတွေက ဆိုကြပါတယ်။

“ပွဲစားတွေနဲ့ သွားရတာကို၊စက်လှေတစီးသိန်တဆယ်ကျော်ပေးပြီး ပြေးဖို့ ပိုက်ဆံက မရှိဘူးလေ။အလုပ်လည်း မရှိ၊စားဖို့တောင်မရှိတာ။အဲဒါကြောင့် ”မပြေးတာ၊ပြေးနိုင်တဲ့သူတွေ မပြေးတာကတော့ တိုက်ပွဲကို မယုံတာလား၊ ဘာလို့လဲမသိပါဘူး။ သူတို့ကျတော့၊ ကျွန်တော်တို့ကပြေးချင်တယ်။ ပိုက်ဆံမရှိတာ။” လို့ စစ်တွေမြို့မှအမျိုးသားတဦးက Border News Agency ကို ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ အချိန်မရွေးထိုးစစ်ဆင်တိုက်ခိုက်ခံလာရနိုင်တဲ့ စစ်တွေမြို့တွင်းထဲမှာ အရပ်သားပြည်သူတွေကို ပိတ်လှောင်ထားသလို ဌာနဆိုင်ရာဝန်ထမ်းတွေကိုလည်း မြို့ပြင်ထွက်ခွင့်အပြင် ပြည်မဘက်ဆီသွားလာနိုင်တဲ့ လေယာဉ်စီးခွင့်ကိုပါ ပိတ်ပင်ထားတယ်လို့ ဝန်ထမ်းတွေက ဆိုကြပါတယ်။

စစ်ကောင်စီအနေနဲ့ အရပ်သားပြည်သူတွေနဲ့ဝန်ထမ်းတွေကို မြို့တွင်းထဲ ပိတ်လှောင်ထားတာဟာ တိုက်ပွဲဖြစ်လာခဲ့ရင်အကာအကွယ်ရအောင် လူသားဒိုင်းကာလုပ်ထားတာဖြစ်ပြီး နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်ရာရောက်ကာ စစ်ရာဇဝတ်မှုမြောက်တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့ပတ်ပတ်လည်ကို ခြံစည်ရိုးတွေကာရံထားသလို ရေပတ်လည်မှာလည်း စစ်ကောင်စီတပ်ရဲ့ရေတပ်စစ်သင်္ဘောကြီးတွေ စောင့်ကြည့်ကင်းလှည့်နေကြတယ်လို့ စစ်တွေမြို့နေပြည်သူတွေက ဆိုကြပါတယ်။

PrevPrevious“ထမင်းငတ်မှာကိုပဲ စိုးရိမ်နေတာပါ။ တိုက်ပွဲတွေတော့ အဲဒီလောက်ကြောက်ရွံ့မှုမရှိတော့ပါဘူး။”
Nextဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏အပြောင်းအလဲအပေါ်လေ့ လာခြင်းNext
Previous Post

“ထမင်းငတ်မှာကိုပဲ စိုးရိမ်နေတာပါ။ တိုက်ပွဲတွေတော့ အဲဒီလောက်ကြောက်ရွံ့မှုမရှိတော့ပါဘူး။”

Next Post

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏အပြောင်းအလဲအပေါ်လေ့ လာခြင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

March 10, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

Releated Post

နီပေါဝန်ကြီးချုပ်ဟောင်းအိုလီ ရွေးကောက်ပွဲရှုံး

March 10, 2026
ဓာတ်ပုံ - အမေရိကန်စစ်ဌာနချုပ်

​အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ အမေရိကန်စစ်သည် ၁ ဦး ထပ်မံသေဆုံး

March 10, 2026
ဓာတ်ပုံ - ထိုင်းဘုရင့်တပ်တော်

ထိုင်း-မြန်မာနယ်စပ်မှာ မြန်မာလုပ်သား ၄၅ ဦးဖမ်းဆီးခံရ

March 10, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​အီရန်ရှိ အမျိုးသားကျောက်ကပ်ဆေးစင်တာကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတိုက်ခိုက်

March 10, 2026
ဓာတ်ပုံ - KNU

လယ်က‌ဆောမြို့နယ်တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် လေးဦးသေဆုံး

March 10, 2026
Photo - လူမှုကွန်ရက်

ပါရှန်းပင်လယ်အော်ရှိ အီရန်စစ်သင်္ဘောကို အမေရိကန် တိုက်ခိုက်

March 10, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page