Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် လူမျိုးရေးရာ သတင်း အာရက္ခဒေသ

ရိုဟင်ဂျာပြန်လည်လက်ခံရေး အာရက္ခအစိုးရ အဆင်သင့်မဖြစ်သေး

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
17
VIEWS
Share on FacebookShare on Twitter

Border News Agency
မောင်တော၊ မေ ၂၄။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းတွေရှိ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ အဆင်သင့်မဖြ စ်သေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေနဲ့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်ကို အာရက္ခတပ်တာ်(AA)က အပြီးသတ်တိုက်ခို က်သိမ်းပိုက်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်စီမံအုပ်ချုပ်ဆောင်ရွက်နေပါတယ်။

ဒါပေမယ့် အာရက္ခအဆုံးအဖြတ်စစ်ပွဲမပြီးသေးသလို အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရှိနေသေးတာမို့ ပြန်လည်လက်ခံရေးတွေလုပ်ဖို့ လောလောဆယ်မဖြစ်နိုင်သေးဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

“တိုင်းပြည်အာဏာကိုလုယူခဲ့တဲ့ စစ်အုပ်စုရဲ့မတရားမှုကို တော်လှန်နေတဲ့ကာလမှာစစ်အုပ်စုက မတရားသတ် ဖြတ်နှင်ထုတ်လိုက်တဲ့ အစ္စလာမ်ဘာ သာဝင်တွေကို ပြန်လည်လက်ခံဖို့ဆိုတာ တော်လှန်ရေးကလည်းမပြီးသေးဘူး။ ပြဿနာတွေရူပ်ထွေးနိုင်တဲ့ကာလဖြစ်လို့ ခုချိန်မှာ ပြန်လည်လက်ခံနေရာချထားရေးဆိုတာ အဆင်မပြေနိုင်သေးပါဘူး။” လို့ နွေဦးတော်လှန်ရေးဘာသာပေါင်းစုံကွန်ရက်မှဆရာတော်ဥူးဝါယမက Border News Agency ကို ပြောပါတယ်။

အဲဒီအာရက္ခ-ဘင်္ဂလာနယ်စပ်တခုလုံးကို ပြီးခဲ့တဲ့နှစ်၊ဒီဇင်ဘာလ ၈ ရက်နေ့က အာရက္ခတပ်တော်မှ အပြီးသတ်သိ မ်းပိုက်ထိန်းချုပ်ထားပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်တွေရဲ့နယ်စပ်ဖြတ်ကျော်အကြမ်းမှုတွေလည်း ရှိနေသေးသလို ပြန်လည်လက်ခံရေး၊ပြန်လည်နေရာချထားရေး၊လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးရေးတွေမှာ လိုအပ်ချက်တွေအများကြီးရှိနေသေးတယ်လို့လည်း အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် အာရက္ခတပ်တော်က အပြီး သတ်သိမ်းပိုက်ထိန်းချုပ်ထားပြီမို့ ဒုက္ခသည်တချို့က နေရပ်ပြန်ဖို့မျှော်လင့်နေကြသလို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပြန်လည်လက်ခံရေးပြုလုပ်ပေးဖို့ မျှော်လင့်နေကြတယ်လို့လည်း ဒုက္ခသည်တွေက ဆိုကြပါတယ်။

သူတို့ဟာ ဒုက္ခသည်စခန်းတွေမှာ အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတာဟာ ရှစ်နှစ်ထိကြာလာပြီမို့ နေရပ်ပြန်ချင်နေကြပြီလို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

“ကျနော်တို့ဒုက္ခသည်စခန်းမှာနေရတာရှစ်နှစ်ရှိပါပြီ။ ဒီမှာနေရတာမပျော်ပါဘူး။ ဒီမှာက မငြိမ်းချမ်းပါဘူး။ ကျနော်တို့မြန်မာပြည်ကိုပြန်ချင်ပါတယ်။ကျနော်တို့ဇာတိမြေကို အာရက္ခတပ်တော်ကထိန်းချုပ်ထားပြီလို့ကြားပါတယ်။ တကယ်လို့ အာရက္ခတပ်တော်ကအခွင့်အရေးပေးရင် အမြန်ပြန်ချင်ပါတယ်။” ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိဒုက္ခသည်စခန်းမှရိုဟင်ဂျာဒုက္ခသည်တဦးက Border News Agency ကို ပြောပါတယ်။

အာရက္ခတပ်တော်ဟာ မောင်တောခရိုင်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပေမယ့် ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခို က်မှုတွေလည်းရှိနေသေးတာမို့ ပြန်လ ည်လက်ခံရေးမဖြစ်နိုင်သေးဘူးလို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီရိုဟင်ဂျာပြန်လည်လက်ခံရေးကိစ္စအပါအဝင် အာရက္ခ-ဘင်္ဂလာနယ်စပ်အရေးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရနဲ့ဘင်္ဂလားဒေ့ရှ်အစိုးရကြား မကြာခဏတွေ့ဆုံဆွေးနွေးနေကြပေမယ့် နှစ်ဘက်သဘောတူညီမှုတွေမကြရသေးဘူးလို့ Border News Agency ကစုံစမ်းသိရှိရပါတယ်။

အဲဒါကြောင့် အာရက္ခတပ်တော်ဦးဆောင်တဲ့အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ပြန်လည်လက်ခံရေးမစတင်နိုင်သေးပေမယ့် မောင်တောခရိုင်သိမ်းတို က်ပွဲတွေမှာထွက်ပြေးသွားကြသူတွေကို သေချာစီစစ်ပြီး နားလည်မှုနဲ့ပြန်လ ည်လက်ခံပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဒုက္ခသည်တွေဟာ မြန်မာနိုင်ငံသားဖြစ်၊မဖြစ်ကို သေချာစီစစ်ပြီး တချိန်ချိန်မှာ ပြန်လည်လက်ခံရေးကို ဆောင်ရွက်ရမှာဖြစ်ပေမယ့် ခုချိန်မှာတော့ ပြန်လည်လက်ခံရေးမဖြစ်နိုင်သေးဘူးလို့ နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြပါတယ်။

“သူတို့ဟာ ကျနော်တို့နိုင်ငံမှာနေခဲ့တယ် နိုင်ငံသားဖြစ်တယ်ဆိုရင်တော့ ပြန်ခေါ်ရလိမ့်မေနော်။ဒါပေမယ့်ခုအချိန်တန်ပြီလားဆိုရင် လက်ခံတာကတော့ လက်ခံရမှာပါ။ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျနော်တို့နိုင်ငံမှာနေတယ်။နိုင်ငံသားတွေလည်းဖြစ်တဲ့လူဖြစ်မယ်။နိုင်ငံသားမဖြစ်ဘူးဆိုရင်တော့ ပုံစံတမျိုးရှိပါလိမ့်မယ်။” လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းမှူးဖြစ်သူ ဦးမျိုးကျော်က Border News Agency ကိုပြောပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေကို အခြေပြုပြီး ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ အင်အားစုဆောင်လှုပ်ရှားနေကြသလို့ အာရက္ခ-ဘင်္ဂလာ နှစ်နိုင်ငံစလုံးမှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေဟာ အရပ်သားပြည်သူတွေကို ပြန်ပေးဆွဲသတ်ဖြတ်တာတွေ၊ ဖမ်းဆီးသတ်ဖြတ်တာတွေ၊မူးယစ်ဆေးဝါးသယ်ယူဖြန့်တာတွေအပါအဝင် အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်လို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဆိုကြပါတယ်။

အဲဒါကြောင့် ရိုဟင်ဂျာအမည်ခံလက် နက်ကိုင်အကြမ်းဖက်သမားအားလုံးကို ဘင်္ဂလားဒေ့ရှ်အစိုးရက စုံစမ်းဖော်ထုတ်ဖမ်းဆီးအရေးယူပေးဖို့လိုအပ်နေသလို ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေကို အကူအညီအကာအကွယ်မပေးထားဖို့လည်းလိုအပ်တယ်လို့ နိုင်ငံတ ကာအသိုင်းအဝိုင်းက ထောက်ပြကြပါတယ်။

အဲဒီအပြင် အာရက္ခတပ်တော်ရဲ့စစ်ဦးစီးချုပ်၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအ ဝင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရခေါင်းဆောင်တွေကို နိုင်ငံတကာအသိုင်းအဝိုင်း က အရေးယူပေးကြဖို့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒပြတောင်းဆိုမှုတွေလည်း ရှိနေတာမို့ ယုံကြည်မှုတည်ဆောက်ဖို့ လိုအပ်နေသေးတယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းက ဆိုကြပါတယ်။

“ဒီအချိန်မှာ မူဆလင်တွေကို ပြန်လည်လက်ခံမယ်ဆိုရင် မူဆလင်တွေကရော ပြန်လာဖို့စိတ်ရှိပြီလား။ယုံကြည်မှုရှိပြီလားဆိုတာကို ကျနော်တို့စဥ်းစားစရာလိုမယ်ပေါ့နော်။သူတို့ထဲမှာ ချင်းချင်းပြောရရင် ရခိုင်တွေကိုမယုံတဲ့လူတွေရှိကြတယ်။ဗမာစစ်တပ်နဲ့ အာဆာတို့ ပူး ပေါင်းနေကြပေမယ့်လည်း ဗမာစစ်အ စိုးရကိုမယုံတဲ့သူတွေရှိတယ်။ဆိုတော့ ဒီအခင်းအကျင်းကို ဘယ်သူအာမခံမလဲပေါ့။” လို့ ရခိုင်ပြည်အမျိုးသားကော င်စီရဲ့ဥက္ကဋ္ဌဗိုလ်မှူးကြီးမင်းထွန်းက Border News Agency ကို ပြောပါတယ်။

မြန်မာနိုင်ငံရဲ့တရားဝင်ပြဋ္ဌာန်းချက်တွေမှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိသလို ”ရိုဟင်ဂျာ” စကားလုံးအသုံးအနှုန်းကိုလည်း လက်မခံကြတာမို့ အာရက္ခ
ပြည်သူ့တော်လှန်ရေးအစိုးရမှာလည်း”မွတ်ဆလင်”သာ လက်ခံပြီး မွတ်ဆလင်ရေးရာကော်မတီတွေ ဖွဲ့စည်းဆောင်ရွက်နေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အဲဒီဒုက္ခသည်စခန်းတွေမှာ အခက်အခဲပေါင်းစုံနဲ့နေထိုင်နေကြရတာမို့ နေရပ်ပြန်ခွင့်ရမယ့်နေ့ရက်တွေကို မျှော်လင့်စောင့်စားနေကြတယ်လို့ ဒုက္ခသည်တွေက ဆိုကြပါတယ်။

အဲဒီရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောသုံးမြို့နယ်မှာ မြန်မာစစ်တပ်ရဲ့နယ်မြေရှင်းလင်းရေးစစ်ဆင်မှုကြောင့် ၂၀၁၇ သြဂုတ်လ၂၅ ရက်နေ့မှ၂၀၁၈ မတ်လထိ ရိုဟင်ဂျာကျေးရွာပေါင်း ၃၆ ၂ ရွာ မီးရှုံ့ခံခဲရပြီး ရိုဟင်ဂျာခြောက်သိန်းရှစ်သောင်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရတယ်လို့ လူ့အခွင့်အ ရေးစောင့်ကြည့်ရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ မတ်လက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမယ့် ခုချိန်မှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတွေမှာ ဒုက္ခသည်စုစုပေါင်းတဆယ့်သုံးသိန်းခန့်ရှိနေပြီလို့ နိုင်ငံတကာအသိုင်းက ဆိုကြပါတယ်။

PrevPreviousဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၂။
Nextအာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးတွေ အလွယ်တကူဝယ်ယူရရှိနေNext
Previous Post

ဆွေမျိုးစုကွန်ဆိုရှယ်ရှင်နယ်ဇင်ဒီမိုကရေစီနှင့်ဆိုရှယ်ဒီမိုကရေစီအပြင်းစားကြား နှိုင်းယှဉ်ချက် ၂။

Next Post

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးတွေ အလွယ်တကူဝယ်ယူရရှိနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

Releated Post

အမေရိကန်ဒုံးကျည်ကို ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ အီရန်ထုတ်ပြန်

March 15, 2026
ဓာတ်ပုံ - KNU

ကစယ်ဒိုမှာ KTLAတပ်ဖွဲ့တိုက်ခိုက်လို့ ဗထူးတပ်ဖွဲ့ဝင်ခြောက်ဦးသေဆုံး

March 15, 2026
ဓာတ်ပုံ- KNU

ထန်းတပင်မှာ စစ်ကော်မရှင်တပ်လက်နက်ကြီးပစ်ခတ်လို့ အရပ်သားသုံးဦးဒဏ်ရာရ

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

​ယူအေအီးရှိရေနံသိုလှောင်ကန်တွေကို အီရန်ဒရုန်းနဲ့တိုက်ခိုက်လို့ မီးလောင်ကျွမ်း

March 15, 2026
ဓာတ်ပုံ - လူမှုကွန်ရက်

အီရန်ရှိ အမှတ် ၈လေတပ်အခြေစိုက်စခန်းကို အမေရိကန်နဲ့အစ္စရေးတိုက်ခိုက်

March 15, 2026

အီရန်ရဲ့ အဓိကရေနံတင်ပို့ရာကတ်ကျွန်းကို အမေရိကန်ချေမှုန်းလိုက်ပြီလို့ ထရမ့်ပြော

March 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page