Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခတရားစီရင်းရေးစနစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေ

(ဓာတ်ပုံ - အာရက္ခတပ်တော်မှအမှုစစ် ဆေးနေပုံကို ၂၀၂၂ ခုနှစ်ကတွေ့ရပုံ / AA)

(ဓာတ်ပုံ - အာရက္ခတပ်တော်မှအမှုစစ် ဆေးနေပုံကို ၂၀၂၂ ခုနှစ်ကတွေ့ရပုံ / AA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
31
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ ဇွန် ၁၀။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခတရားစီရင်ရေးစနစ်ဟာ အာရက္ခပြည်သူလူထုအကျိုးစီးပွားအတွက် ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှုရှိရှိ ပြုပြ င်ပြောင်းလဲဖို့ လိုအပ်နေပြီလို့ အာရက္ခပြည်သူတွေနဲ့အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ကမြို့အများစုကို တိုက်ခိုက်သိမ်းပိုက်ပြီးနောက် အာရက္ခတရားစီရင်ရေးစနစ်မှာ တရားစီရင်ရေးရုံးတွေ ပြန်ဖွဲ့တာ၊ တရားစီရင်ရေးအာဏာတွေ အပ်နှင်းတာတွေ အပြောင်းအလဲပြုလု ပ်လိုက်တယ်လို့ အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

ဒါပေမယ့် အဲဒီလိုအပြောင်းအလဲ လုပ်တာတွေကို အာရက္ခဒေသအတွင်းရှိ အမှုလိုက်ရှေ့နေတွေကိုတောင် သိရှိပိုင်ခွင့်မပေးဘူးလို့ အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

အဲဒီလိုအပြောင်းအလဲတွေပြုလုပ်လိုက်တာကို အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရရဲ့အာရက္ခတရားသူကြီးတွေဆီတဆင့်ခင်မင်ရင်းနှီးနီးစပ်မှုတွေနဲ့သာစုံစမ်းမေးမြန်းသိရှိကြရတယ်လို့
အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

“ကျွန်တော်တို့ ဗမာအစိုးရတရားစီရင်ရေးမှာ အမှုလိုက်တုန်းက တရားစီရင်ရေးဆိုင်ရာ ထုတ်ပြန်ချက်တွေကို တ ရားဝင်ထုတ်ပြန်တဲ့အတွက် အချိန်နဲ့ တပြေးညီသိရှိကြပါတယ်။အဲဒီလိုသိရှိတဲ့အတွက် တရားစွဲတင်မှုကိစ္စတွေကို ကျွန်တော်တို့ ပြင်ဆင်ပြောင်းလဲ လို့ရပါတယ်။အခုတော့ ကိုယ့်ဒေသအတွင်းမှာ ဆက်သွယ်ရေးစနစ်တွေ မပြည့်စုံတဲ့အခြေအနေမှာ တရားရုံးက ပြောပြတဲ့ ပါးစပ်နဲ့ညွန်ကြားချက်တွေကို အတည် ပြုပြီး လိုက်လျောညီထွေအောင် လုပ် ဆောင်နေကြရပါတယ်။အခုဆို ရှေ့နေ ရှေ့ရပ်တွေနဲ့ပတ်သက်တဲ့ကိစ္စဟာ ရိုးရှင်းပြီး နားလည်လွယ်တဲ့ လုပ်ထုံးလုပ် နည်းတွေမရှိပါဘူး။ပြည်သူတွေရဲ့ တ ရားရေးဆိုင်ရာကိစ္စရပ်တွေကို ကိုယ် စားလှယ်သဘောလုပ်ဆောင်ကြတဲ့ ရှေ့နေတွေတောင် တရားရေးဆိုင်ရာအပြောင်းအလဲကို မသိရှိဘူးဆိုတာ မဖြစ်သင့်ပါဘူး။ ရှေ့နေတွေတောင် မသိဘူးဆိုရင် သာမန်ပြည်သူတွေက တရားရေးဆိုင်ရာ လုပ်ပုံလုပ်နည်းတွေကို မသိနိုင်တော့ပါဘူး။” လို့ အာရက္ခတရား ရုံးတွေမှာ အမှုလိုက်နေတဲ့ရှေ့နေတဦးက ပြောပါတယ်။

အာရက္ခအဆုံးအဖြစ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအ ဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်ထိန်းချုပ်ထားပြီးအာရက္ခပြည်သူ့တော် လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။

အဲဒါကြောင့် တရားစီရင်မှုရေးရာအာ ဏာခွဲဝေမှုအဖြစ် မြို့နယ်တရားရုံးတွေကို သိန်း ၁၀၀၀ အောက်ထိ၊ ခရိုင် သို့မဟုတ် ဒေသအဆင့်တရားရုံးတွေကို သိန်း ၁၀၀၀ အထက်ထိ ပေးအပ်စီရင်
ခွင့်ပြုထားတယ်လို့ အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

ဒါပေမယ့် ပြင်ပအမှုလိုက်ရှေ့နေတွေကို ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှုရှိရှိ ချပြတာတွေ၊ပြုပြင်ပြောင်းလဲတာတွေ ပြုလုပ်ဖို့ လိုအပ်နေသေးတယ်လို့အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

“တချို့နေရာတွေမှာ တိုက်နယ် သို့မဟု တ် နယ်မြေအခြေအနေအရ မြို့နယ်အဆင့် မဟုတ်တာတွေ ရှိနေပါသေးတ ယ်။အဲဒီတရားရုံးတွေရဲ့ ရာဇဝတ်အာ ဏာ၊တရားမအာဏာကို ကျွန်တော်တို့ရှေ့နေတွေ မသိရသေးပ။ဘူး။ရှေ့နေတွေကို အမှုတင်လာမှပဲ အသိပေးတဲ့ အဆင့်မှာရှိနေသေးတယ်။” လို့ နောက်ထပ်အာရက္ခရှေ့နေတဦးက ပြောပါတယ်။

ကမ္ဘာ့မှာ တရားစီရင်ရေးဆိုတာ ပွင့်လင်းမြင်သာမှု၊တာဝန်ခံမှု၊တာဝန်ယူမှုဖြစ်တာမို့ အာရက္ခတရားစီရင်ရေးမှာ အဲဒီအချက်တွေကို ပြုပြင်ပြောင်းလဲမှုတွေပြုပြင်ပေးဖို့ လိုအပ်နေသေးတယ်လို့အာရက္ခပြည်သူတွေနဲ့အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခတရားစီရင်ရေးမှာ လုပ်ဆာင်နေကြတဲ့ ဒေသနဲ့ဗဟိုအဆင့် တရားသူကြီးတွေဟာ ရှေ့နေဘဝကို ဖြတ်သန်းလာကြသူဖြစ်ကြပေမယ့် ပြ င်ပကအမှုလိုက်ရှေ့နေတွေကို လေးစားအသိအမှတ်ပြုမှုတွေအားနည်းနေကြသေးတယ်လို့ အာရက္ခပြည်သူတွေနဲ့အာရက္ခရှေ့နေတွေက ထောက်ပြကြပါတယ်။

အဲဒါကြောင့် အာရက္ခတရားစီရင်ရေးစနစ်မှာ ရှေ့နေတွေရဲ့အခန်းကဏ္ဍဟာ မှေးမှိန်နေဆဲဖြစ်ပြီး အာရက္ခတရားစီရင်ရေးကို အာရက္ခပြည်သူတွေပိုမိုအား ကိုးအသိအမှတ်ပြုလာစေဖို့ ပြုပြင်ပြောင်းလဲမှုတွေ မဖြစ်မနေပြုလုပ်ရမယ်လို့ အာရက္ခပြည်သူတွေနဲ့အာရက္ခရှေ့နေတွေက ထောက်ပြကြပါတယ်။

တရားရေးဆိုင်ရာလုပ်ဆောင်မှုတွေမှာစီမံခန့်ခွဲမှုပိုင်းနဲ့တရားစီရင်ရေးပိုင်းရှိပြီး တရားစီရင်ရေးဆိုင်ရာရုံး၊ဒေသအ ပြောင်းအလဲတွေ၊တရားသူကြီးတွေရဲ့ တရားမနဲ့ရာဇဝတ်ဆိုင်ရာတရားစီရင်ရေးအပြောင်းအလဲတွေဟာ ၁၉၉၀ပြည့်နှစ်အလွန်စစ်အာဏာရှင်ကာလတွေမှာတောင် ပြည်သူလူထုကို ပွင့်လင်းမြင်သာစွာ အသိပေးထုတ်ပြန်တာတွေ၊ ရှေ့နေရှေ့ရပ်အသင်းအဖွဲ့တွေကို မိတ္တူကူးခွင့်ပေးတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။

ဒါပေမယ့် အာရက္ခတရားစီရင်ရေးမှာ Bar and Bench Check and Balance ပျောက်ဆုံးနေသလို အာရက္ခတပ်တော်ကဝင်ရောက်စွပ်ဖက်မှုတွေ၊သြဇာလွှမ်း မိုးမှုတွေရှိနေပြီး အာရက္ခတရားစီရင်ရေးမှာမပါဝင်သူတွေက အမှုကိစ္စတွေ၊ တရားစီရင်ရေးအကြောင်းတွေကို လူမှုကွန်ရက်စာမျက်မှာရေးသားဖော်ပြနေကြတယ်လို့ အာရက္ခပြည်သူတွေနဲ့အာရက္ခရှေ့နေတွေက ထောက်ပြကြပါတယ်။

အဲဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့အာရက္ခတရားစီရင်းရေးမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီး တာဝန်ယူမှု၊တာဝန်ခံမှုရှိတဲ့ တရားစီရင်ရေးစနစ်ပီပြင်အောင် တည်ဆောက်ပြရမယ်လို့ အာရက္ခပြည်သူတွေနဲ့အာရက္ခရှေ့နေတွေက ဆိုကြပါတယ်။

PrevPreviousရခိုင်တိုင်းရင်းသားများပါတီကို ပါတီ တည်ထောင်ခွင့်ပြု
Nextမသန်စွမ်းသူတွေအတွက် အကူအညီတွေ လိုအပ်နေNext
Previous Post

ရခိုင်တိုင်းရင်းသားများပါတီကို ပါတီ တည်ထောင်ခွင့်ပြု

Next Post

မသန်စွမ်းသူတွေအတွက် အကူအညီတွေ လိုအပ်နေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

Photo-Watan

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

March 5, 2026
Photo-KNU

​ကစယ်ဒိုမှာ KTLA တိုက်ခိုက်လို့ KNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

March 5, 2026

​အမေရိကန်ကိုတိုက်ခိုက်မယ့် အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ပစ်ချ

March 5, 2026
Photo-SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကျည်ဆန်အစစ်နဲ့ ပူးတွဲလေ့ကျင့်

March 5, 2026

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

​မဲဆောက်မှာ မြန်မာ ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖမ်းဆီးခံရ

​ကစယ်ဒိုမှာ KTLA တိုက်ခိုက်လို့ KNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

​အမေရိကန်ကိုတိုက်ခိုက်မယ့် အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ပစ်ချ

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကျည်ဆန်အစစ်နဲ့ ပူးတွဲလေ့ကျင့်

​ထိုင်းနဲ့ မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက်တွေ့ဆုံ

Releated Post

Photo-Watan

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

March 5, 2026
ဓာတ်ပုံ-တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့

​မဲဆောက်မှာ မြန်မာ ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖမ်းဆီးခံရ

March 5, 2026
Photo-KNU

​ကစယ်ဒိုမှာ KTLA တိုက်ခိုက်လို့ KNLA ရဲဘော် ၅ ဦး ဒဏ်ရာရ

March 5, 2026

​အမေရိကန်ကိုတိုက်ခိုက်မယ့် အီရန်ဗုံးကြဲလေယာဉ်နှစ်စင်းကို ကာတာလေတပ်ပစ်ချ

March 5, 2026
Photo-SMART Soldiers Strong ARMY

​ရွှေမြွေဟောက်စစ်ရေးလေ့ကျင့်မှုမှာ ထိုင်းနဲ့အမေရိကန်တပ်ဖွဲ့တွေကျည်ဆန်အစစ်နဲ့ ပူးတွဲလေ့ကျင့်

March 5, 2026
​Photo -  Royal Thai Army

​ထိုင်းနဲ့ မြန်မာ နယ်စပ်တည်ငြိမ်ရေးအတွက်တွေ့ဆုံ

March 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page