Border News Agency
ကရင်ပြည်၊ ဇူလိုင် ၇။
ခလယ်လွီထူခရိုင်၊ လယ်ဒိုမြို့နယ်ကို ဇူလိုင်လ ၅ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ ကလေးနှစ်ဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးနဲ့သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဇူလိုင်လ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ရဲ့နတ်သံကွင်းအထိုင်တပ်မှ တောကြောင်ပေါက်ကျေးရွာစာသင်ကျောင်းကို ဒရုန်းဗုံး ၁၂၀ မမ နဲ့တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတွေသေဆုံးဒဏ်ရာရခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီကျေးရွာမှာစစ်ဘေးရှောင်နေတဲ့နတ်သံကွင်းကျေးရွာမှ အသက်တနှစ်အရွယ်စောကျော်နိုင်ထူး၊အသက်ခြော က်နှစ်အရွယ် စောကောင်းသန့်ဇော်၊အ သက်သုံးဆယ်အရွယ်မနန်းဦး၊အသက် သုံးဆယ်ငါးနှစ်အရွယ်စောကျော်နိုင်ဝင်းအသက်ခြောက်ဆယ်လေးနှစ်အ ရွယ်ညားကြည်မြင့်၊ အသက်ခြောက်ဆ ယ်ငါးနှစ်အရွယ်တီးမောင်သံစိန်သေ ဆုံးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် အလည်စုကျေးရွာမှ အသ က်သုံးဆယ်အရွယ်ကိုယ်ဝန်ဆောင်အ မျိုးသမီးနော်သူးရေစေး၊ ဝါးပင်စုကျေးရွာမှ အသက်သုံးဆယ်ရှစ်နှစ်အရွယ်ညားဝင်းစိုးအသက်၊တောကြောင်ပေါ က်ကျေးရွာမှအသက်နှစ်ဆယ်ငါးနှစ်အရွယ်နော်လှယမင်းခိုင်ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကောင်စီတပ်ရဲ့ခမရ ၃၅၁ တပ်ရင်းကနေ ဇူလိုင်လ ၂ ရက်နေ့ကလည်းဆင်မတောင်ကနေ လက်နက်ကြီးနှစ်လုံးပစ်ခတ်လို့ညောင်ပင်ကုန်းကျေးရွာထဲက အသက်သုံးဆယ်အရွယ်မောင်မျက်ပြူးဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခလယ်လွီထူခရိုင်၊မြိုနယ်သုံးခုကကျေးရွာတွေကို နေ့တိုင်းလိုလို လက်နက်ကြီးပစ်ခတ်နေတာကြောင့် အရပ်သားပြည်သူတွေ သေဆုံး၊ဒဏ်ရာရနေကြတယ်လို့ဆိုပါတယ်။