Border News Agency
ကျောက်မဲ၊ ဇူလိုင် ၈။
ကျောက်မဲနဲ့မိုးကုတ်ကို စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့လေးဦးသေ ဆုံးပြီး ဆယ့်နှစ်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်က ဇူလိုင်လ ၈ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း၊ဂေါင်းဦးဘာရပ်ကွက်ကို ဒီနေ့မနက် ၉ နာရီကျော်အချိန်ခန့်က ပေါင်ငါးရာဗုံးကြဲချခဲ့လို့ဒေါ်ခင်မျိုးထွေး၊ဒေါ်ခင်ထားရီ၊ဦးလှသိန်းသေဆုံးခဲ့ပါတယ်။
အဲဒီအပြင် ရှစ်ဦးဒဏ်ရာရသွားသလိုနေအိမ်ဆယ်လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့၊ငြိမ်းချမ်းရေးကုန်းဘက်ကိုလည်းပေါင် ၂၅၀ ဗုံးနှစ်လုံးနဲ့တိုက် ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကြောင့် အသက်ငါးဆယ်ခြောက်နှစ်အရွယ် ဒေါ်မြင့်မြင့်သန်းသေဆုံးသွားပြီး အောင်သက်ပိုင်၊ဦးဝေ၊ဒေါ်ပုပ်၊ဦးအိုက်ဆွယ် ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီအပြင် နေအိမ်ခုနှစ်လုံးလည်းပျက် စီးသွားခဲ့တယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့၊ရပ်ကွက် ၂ ကိုလည်း ဇူလိုင်လ ၅ ရက်နေ့က စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အဆောက်အဦးလေးလုံးပျက်စီးသွားခဲ့ပါတယ်။
စစ်ကောင်စီတပ်ဟာ စစ်အင်အားဖြည့်တင်းတာတွေ၊ ထိုးစစ်ဆင်တာတွေ၊ လက်နက်ကြီးပစ်ခတ်တာတွေ ရည်ရွယ် ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာတွေပြုလုပ်နေပါတယ်။
အဲဒါကြောင့် စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။






