Border News Agency
ကျောက်တော်၊ဇူလိုင် ၈။
အာရက္ခဒေသမှာ မိုးအဆက်မပြတ်ရွာ သွန်းနေတာမို့ လယ်ယာမြေပျက်စီးနေတယ်လို့ တောင်သူလယ်သမားတွေကဆိုကြပါတယ်။
ပုဏ္ဏားကျွန်း၊ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ မြေပုံ စတဲ့မြို့နယ်တွေက ထွန် ယက်စိုက်ပျိုးပြီး လယ်ယာမြေတွေ ပျက်စီးနေတာဖြစ်ကြပါတယ်။
အဲဒီလယ်ယာမြေတွေဟာ ရေလျှံနေတာမို့ စပါးပင်အပေါက်နည်းတာ၊အပင်တွေရေနဲ့မျောပါတာ၊အပင်သေတာတွေရှိနေတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
“ထွန်ယက်ပြီးတဲ့လယ်တွေမှာစပါးကြဲတဲ့အချိန်ကနေ မိုးဆက်တိုင်းရွာနေတာ။ တလကျော်နေပြီ။ လယ်ကွင်းတွေမှာဆို ရေပြည့်၊ရေလျံနေတာ။ ကြာလာတော့စပါးပင်တွေမပေါက်တော့ဘူး။ရေနဲ့ပါသွားလို့ အပေါက်နည်းတာတွေရှိတယ်။ စပါးပင်ငယ်တွေဆိုရင်လည်းရေစားပြီးပျိုကျသေသွားတယ်။ ဒီနှစ်မိုးများလို့လယ်မြေတွေအပျက်စီးများပါတယ်။” လို့ကျောက်တော်မြို့နယ်မှ လယ်သမားတဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသဟာ မြစ်၊ ချောင်း၊ အင်းအိုင်တွေပေါများတာမို့ မိုးများလို့ မြစ်ရေ၊ချောင်းရေတွေတိုးပြီး လယ်ယာမြေတွေကို ဆားငံရေတွေဝင်ရောက်တာကြောင့် ပျက်စီးမှုတွေရှိနေတာလို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။
အဲဒီလယ်ယာမြေတွေမှာ စပါးအစား ထိုးစိုက်ပျိုးဖို့လိုအပ်နေပေမယ့် သွင်းအားစုစျေးကြီးတာ၊ရာသီနှောင်းသွားတာတွေကြောင့် အခက်အခဲတွေကြုံ တွေ့နေကြရတယ်လို့ လယ်သမားတွေက ဆိုကြပါတယ်။
“ပျိုးပင်တွေရေစားလို့ပျက်စီးသွားတဲ့ လယ်တွေမှာ စပါးပြန်ကြဲမယ်ဆိုလည်း အချိန်နှောင်းနေပြီ။အချိန်နှောင်းတော့မဖြစ်ထွန်းဘူး။ ပြီးရင် မိုးကဒီအတိုင်းဆက်ရွာနေမယ်ဆိုရင်စပါးပြန်ကြဲလ ည်း ဖြစ်မှာမဟုတ်ဘူး။ဆက်ပြီးတော့ကို ပျက်စီးနိုင်ခြေရှိတယ်။ထွန်ယက်စာရိတ်တွေကလည်းလယ်ဝါးတရာကို သုံးသိန်းလောက်ပေးရတယ်။မတတ်နိုင်ကြတော့ပါဘူး။ ရာသီဥတုမမှန်တော့ ဒုက္ခရောက်ရတယ်” လို့ ကျောက်တော်မြို့နယ်မှ လယ်သမားတဦးက Border News Agency ကိုပြောပါတယ်။
စပါးခင်းတွေမိုးများပြီးရေပြည့်၊ ရေလျံတာတွေကြောင့် မိုးစပါးအထွက်နှုန်းမကျဆင်းစေဖို့နဲ့ ပြည်တွင်းစားနပ်ရိက္ခာဖူလုံဖို့အတွက် တောင်သူလယ်သမားတွေကူညီထောက်ပံ့မှုတွေလိုအပ်နေကြတယ်လို့လည်း ဆိုကြပါတယ်။
“ရခိုင်ကလယ်သမားတွေဆက်တိုင်းခက်ခဲမှုတွေနဲ့ကြုံနေရတာ။ လယ်ယာမြေတွေဖြစ်ထွန်းအောင်မြင်မှ ပြည်တွင်းစားနပ်ရိက္ခာဖူလုံမှာပါ။ ခုကသွင်းအားစုတွေဈေးတက်၊ ဒီကဈေးတက်နဲ့ဈေးမတက်တာဆိုလို့ ဆန်နဲ့စပါးပဲရှိတယ်။ လယ်သမားတွေအရှုံးပေါ်တာခေါင်းမဖော်နိုင်ကြတော့ဘူး။ လယ်လုပ်ရင်းရှုံးနေတာ။ ဒီကာလမှာ လယ်လုပ်တာပိုခ က်ခဲပါတယ်။ ဘယ်အဖွဲ့ကမှ ကူညီထောက်ပံ့တာတွေမရှိပါဘူး။ ကူညီထောက်ပံ့ပေးမယ်ဆိုရင် ဘယ်အဖွဲ့ကပဲကူညီပေးပေးလိုချင်ပါတယ်။” လို့ ကျောက်တော်မြို့နယ်မှ လယ်သမားတဦးက Border News Agency ကိုပြောပါတယ်။
အာရက္ခဒေသမှာ စပါးစိုက်လယ်ယာမြေဧကတဆယ့်နှစ်သိန်းကျော်ရှိပေမယ့် ထွန်ယက်စိုက်ပျိုးနေကြတဲ့ လယ် ယာမြေတွေဟာ ထက်ဝက်ပင်မရှိနိုင်ဘူးလို့ တောင်သူလယ်သမားတွေက ခန့်မှန်းကြပါတယ်။
အဲဒီစပါးစိုက်လယ်ယာမြေပမာဏ လျော့နည်းသွားတာဟာ လယ်ယာလုပ် ငန်းသုံးသွင်းအားစုစျေးကြီးတာ၊အလု ပ်သမားခစျေးမြင့်တာ၊လယ်ယာထွက်စပါးနဲ့ဆန်တွေရောင်းမထွက်တာ၊ ဒေ သမတည်ငြိမ်တာတွေကြောင့်ဖြစ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပြင် ဓါတ်မြေဩဇာအဖြူတအိတ်ကိုနှစ်သိန်း၊သုံးမျိုးစပ်ဓါတ်မြေဩ ဇာတအိတ်ကိုခြောက်သိန်းအထိရှိနေပြီး ဒီဇယ်ဆီတပေပါကိုကျပ်သိန်းနှစ်ဆယ်နီးပါးထိရှိနေပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း မောင်တော၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊တောင်ကုတ်၊သံတွဲ၊ဂွစတဲ့မြို့ နယ်တွေမှာ ရေကြီး၊ရေလျံလို့ လယ် ယာမြေဧကသောင်းနဲ့ချီပြီးပျက်စီးသွားခဲ့တယ်လို့ တောင်သူလယ်သမားတွေက ဆိုကြပါတယ်။