Border News Agency
ကျောက်ဖြူ၊ ဇူလိုင် ၁၀။
အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီတပ်ကြား နှစ်ဘက်စစ်ရေးတင်းမာပြီးအပြန်အလှန်ပစ်ခတ်မှုတွေရှိနေကြတဲ့ကျောက်ဖြူမြို့နယ်မှာ တရုတ်ရေနံတင်သင်္ဘောတွေ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြတယ်လို့ မြင်တွေ့နေကြရသူတွေက ဆိုကြပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကစတင်ပြီး အာရက္ခတပ်တော်နဲ့စစ်ကောင်စီတပ်ကြားနှစ်ဘက်ပစ်ခတ်မှုတွေဖြစ်နေကြတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် အရှေ့အလယ်ပိုင်းကရေနံစိမ်းတွေတင်ဆောင်လာကြတဲ့တရုတ်ရေနံတင်သင်္ဘောတွေကတော့ ဇူလိုင်လ ၉ ရက်၊ မနေ့ကထိ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြတုန်းပဲလို့ ကိုယ်တိုင်မြင်တွေ့နေရသူ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။
“တရုတ်ရေနံတင်သင်္ဘောကြီးတွေက တော့ ပုံမှန်အတိုင်းဝင်ထွက်သွားလာနေကြပါတယ်။မနေ့ကလည်း ရေနံတင်သ င်္ဘောတစီးဝင်နေပါတယ်။” လို့ ကိုယ်တို င်မြင်တွေ့ခဲ့ရသူကျောက်ဖြူဒေသခံတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီကျောက်ဖြူမြို့ရှိ စစ်ကောင်စီတပ်ရဲ့အမှတ် ၃၂ ရဲတပ်ရင်းကို အာရက္ခတပ်တော်တိုက်ခိုက်နေတာမို့ နှစ်ဘက်ပစ် ခတ်မှုတွေဖြစ်နေတာလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။
အဲဒီပစ်ခတ်မှုတွေမှာစစ်ကောင်စီရေတ ပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးပစ်ကူအများဆုံးပေးနေသလို လေ ကြောင်းပစ်ကူတွေလည်း ပေးနေတယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် ကျောက်ဖြူမြို့ပေါ်မှာအရပ် သားပြည်သူတွေ ပုံမှန်အတိုင်းသွားလာနေကြတုန်းပဲလို့ ကျောက်ဖြူမြို့ခံတွေက ဆိုကြပါတယ်။
“မြို့ပေါ်မှာတော့ ပုံမှန်သွားလာနေကြပါတယ်။စျေးမှာလည်းလူတွေရှိနေကြတုန်းပါပဲ။” လို့ ကျောက်ဖြူမြို့ခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်မှာနှစ်ဘက်ပစ်ခတ်မှုတွေရှိနေသလို စစ်ကောင်စီရေ တပ်စစ်သင်္ဘောတွေအပါအဝင် လေ ကြောင်းတိုက်ခိုက်မှုတွေရှိရှိနေပေမယ့်တရုတ်ရေနံတင်သင်္ဘောကြီးတွေပုံမှန်အတိုင်းဝင်ထွက်နေကြချိန်မှာ လက်နက်ကြီးတွေကျရောက်ပေါက်ကွဲမီးလောင်သွားနိုင်တယ်လို့ ကျောက်ဖြူဒေသခံတွေက ဆိုကြပါတယ်။
ဒါပေမယ့် တရုတ်ရေနံတင်သင်္ဘောကြီးတွေ ပုံမှန်အတိုင်းဝင်ထွက်နေကြတာဟာ နှစ်ဘက်အဖွဲ့အစည်းတွေနဲ့သ ဘောတူထားတာတွေ၊လုံခြုံရေးတာဝန်ယူထားတာတွေရှိနိုင်တယ်လို့ ကျောက် ဖြူဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
“တရုတ်ရေနံတင်သင်္ဘောကြီးတွေက တော့တအားသွားလာနေကြတုန်းပါ။ ဘယ်လိုညှိထားကြလဲတော့မသိပါဘူး။ ရဲရဲဝံ့ဝံ့သွားလာနေကြတုန်းပါပဲ။ ရေနံတွေအပြည့်နဲ့ဆိုတော့ တချက်ထိသွားရင်မလွယ်ပါဘူး။” လို့ ကျောက်ဖြူဒေသခံတဦးက Border News Agency ကို ပြောပါတယ်။
အဲဒီကျောက်ဖြူမြို့နယ်၊ မဒေးကျွန်းမှာတရုတ်နိုင်ငံရဲ့ရေနက်ဆိပ်ကမ်းအပါ အဝင် ဓာတ်ငွေ့ပိုက်လိုင်းလည်းတည်ရှိတာမို့ တရုတ်အကျိုးစီးပွားတွေကို နှစ်ဘက်အဖွဲ့အစည်းက သတိထားကာကွ ယ်ပေးနေကြရတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခဒေသရှိ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ၊ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြသူတွေရဲ့အသက်အန္တရာယ်တွေကို ဘေးကင်းလုံခြုံအောင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အထူးဂရုစိုက်ကာကွယ်စောင့်ရှောက်သွားမယ်လို့ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလ ၂၉ ရ က်နေ့ကထုတ်ပြန်ထားပါတယ်။
အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ အာရက္ခတပ်တော်ဟာ ပလက်ဝဒေသအပါအဝင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ရမ်းဗြဲ၊ သံတွဲ၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့ နယ်တွေကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်သိမ်းပိုက်ထိန်းချုပ်ထားတဲ့နယ်မြေတွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပြီး အာရက္ခပြည်သူတွေကို ပြည်သူ့ဝန်ဆောင် မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။
အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ရမယ့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် သုံးမြို့နယ်သာကျန်နေပြီး စစ်တွေနဲ့ကျောက်ဖြူမှာ နှစ်ဘက်စစ်ရေးတင်းမာနေကြတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။






