Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စီးပွားရေး ပေါက်တောမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခပြည်သူ့တော်လှန်ရေးအစိုး​ရအခွန်ကောက်ခံနေ

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

Border News Agency
ပေါက်တော၊ ဇူလိုင် ၁၂။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အခွန်ကောက်ခံနေတယ်လို့ ပြည်သူတွေက အတည်ပြုပြောကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဟာ ဗဟိုအခွန်ဌာန၊ ခရိုင်အခွန်ဌာန၊ မြို့နယ်အခွန်ဌာနတွေဖွဲ့စည်းပြီး အခွန်ကောက်နေသလို တခြားဌာနတွေကလ ည်း သီးသန့်အခွန်ကောက်ယူမှုတွေ ရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့အစိုးရဟာ မြို့နယ်အလိုက် ရေခွန်၊ မီးသတ်ခွန်၊ မြို့သန့်ရှင်းရေးခွန်၊ အိမ်ခွန်၊ ဆိုင်ခွန်၊ ဆိုင်ကယ်တာ ယာခွန်(ဘီးလှိမ့်ခွန်)ကောက်ခံနေတာပါ။

အဲဒီအပြင် ကုန်စည်ကူးသန်းရောင်းဝ ယ်ရေးလုပ်ကိုင်သည့်ကုန်သည်တွေဆီက ကုန်စည်ခွန်၊အင်တာနက်အသုံးပြုသူတွေဆီက အင်တာနက်ခွန်၊အရောင်း အဝယ်ခွန်၊ဆိုင်ခွန်စတဲ့ အခွန်တွေကော က်ယူနေပါတယ်။

အဲဒီအခွန်အမျိုးအစားတွေအတွက် ကောက်ယူရမယ့် အခွန်ပမာဏာကို ဗဟိုအခွန်ဌာနက သတ်မှတ်ထားပေမယ့် နေရာဒေသအလိုက် ပမာဏမတူညီဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

“ကျွန်မတို့ဆီမှာ နေအိမ်ဆိုရင် အိမ်အ မျိုးအစားပေါ်မှုတည်ပြီးတော့ အခွန်ဆောင်ရပါတယ်။ရိုးရိုးအိမ်ဆိုရင် နှစ်ထောင်ပါ။တိုက်အိမ်ဆိုရင်ခြောက်ထောင်ကောက်ယူပါတယ်။အိမ်ခွန်တခုကလွှဲပြီး ဘယ်အခွန်မဆို ခြောက်ထောင်သတ်မှတ်ထားပါတယ်။ အခွန်တိုင်းကို တနှစ်အတွင်း နှစ်ကြိမ်နဲ့အပြီးဆောင်ခိုင်းထားပါတယ်။” လို့ ပေါက်တောမြို့ နယ်မှအမျိုးသမီးတဦးက Border News Agency ကို ပြောပါတယ်။

အိမ်တအိမ်ဟာ တနှစ်ကို အိမ်ခွန်ကျပ်ငါးထောင်ဝန်းပေးဆောင်ရပြီး ရေခွန်ဟာ တလကို သုံးထောင်၊သန့်ရှင်းရေးခွန်ဟာ တလကို သုံးထောင်ကျပ်မှခြော က်ထောင်ကျပ်၊မီးသတ်ခွန်ဟာ တလကို တထောင့်ငါးရာကျပ်၊ဆိုင်ခွန်ဟာ ခြောက်လကို တ​သောင်းကျပ်မှသုံးသောင်းကျပ်ထိ ပေးဆောင်ကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အဲဒီအပြင် အာရက္ခပြည်တွင်းသို့ တင်သွင်းတဲ့ကုန်စည်တန်ဖိုးရဲ့သုံးရာခိုင်နှုန်းကို ကုန်စည်ခွန်ပေးဆောင်ကြရပါတယ်။

ကုန်စည်ခွန်နဲ့အိမ်ခွန်ဟာ မြို့နယ်အား လုံးမှာ တပြေးညီဖြစ်ပေမယ့် ရေခွန်၊ သန့်ရှင်းရေးခွန်ကတော့ ငါးထောင်ကျ ပ်ဖြစ်ပြီး မြေပုံမြို့မှာတော့ ခြောက်ထောင်ကျပ်ထိ ပေးဆောင်ကြရတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

ဒါပေမယ့် ပြည်သူ့ဝေဖန်မှုတွေ မြင့်တ က်ခဲ့ပြီးနောက် မြေပုံမြို့သန့်ရှင်းရေးခွ န်ဟာ ကျပ်သုံးထောင်ဖြစ်သွားတယ်လို့မြို့ခံတွေက ဆိုကြပါတယ်။

“ခြောက်ထောင်စျေးကြီးတယ်ဆိုပြီး ပြောကြလို့ လျော့လိုက်တာထင်တယ်၊ လျော့လိုက်တာ တလရှိပြီ။” လို့ မြေပုံမြို့ခံအမျိုးသားတဦးက ပြောပါတယ်။

အာရက္ခပြည်သူ့အစိုးရရဲ့အကောက်ခွန်နဲ့အခွန်ဌာနဟာ အိမ်နီးချင်းနိုင်ငံတွေကိုတင်ပို့နေတဲ့ ကျွန်းသစ်အပါအဝင်သစ်တွေ၊ကျွဲ၊နွား၊ဆိတ်တွေကို ဆယ်ရာခိုင် နှုန်းထိ အခွန်ကောက်ခံနေတယ်လို့ ကု န်သည်တွေက ဆိုကြပါတယ်။

အဲဒီအပြင် အခွန်သုံးဆယ်ရာခိုင်နှုန်းထိကောက်ခံပြီး လူဦးရေကန့်သတ်လုပ်ခွင့်ပေးထားတာလည်းရှိနေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ဒါပေမယ့် မြို့နယ်တချို့မှာ အခွန်ကင်း လွတ်ခွင့် ငါးလပေးခဲ့ပြီးမှသာ အခွန် ကောက်တာတွေ စတင်ပြုလုပ်နေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

“ပထမတော့ ငါးလအခွန်ကင်းလွတ်ခွင့်ရပါတယ်။အဲဒီအတွင်းမှာလည်း လော င်စာဆီတွေနဲ့ဆေးဝါးတွေကို တပိုင်တနိုင်မဟုတ်ဘဲ အများကြီးတင်တဲ့ ကုန် သည်ကြီးတွေကလွဲရင် မြို့ခံတွေအကု န်အခွန်ကင်းလွတ်ခဲ့ပါတယ်။ငါးလပြည့်ပြီးတော့မှ အိမ်ခွန်၊မြေခွန်၊စည်ပင်ခွန်၊ရေခွန်တွေပါကောက်ယူနေပါတယ်။တနှစ်စာအတွက် အခွန်ကောက်ယူ သွားပါတယ်။” လို့ တောင်ကုတ်မြို့ခံတဦးက ပြောပါတယ်။

အဲဒီအပြင် အမျိုးသားရံပုံငွေဆိုတဲ့ ခေါ င်းစဉ်အောက်ကလည်း ပမာဏအတည်အကျသတ်မှတ်မထားဘဲ စေတနာရှိသလောက်ထည့်ဝင်နိုင်တဲ့ ငွေကြေးကောက်ခံမှုလည်း ရှိနေတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စျေးဆိုင်တွေကို ဆိုင်ခွန်ကော က်ယူနေပြီး တချို့မြို့နယ်တွေမှာ အခွ န်ခပိုများနေတယ်လို့ ဆိုင်သည်တွေကဆိုကြပါတယ်။

အဲဒီဆိုင်ခွန်ကို ဆိုင်အမျိုးအစားအပေါ်မှုတည်ပြီး တနှစ်စာအခွန်အဖြစ် ဆိုင်ငယ်တွေကို ကျပ်တသောင်း၊ဆိုင်ကြီးတွေဆိုရင် နှစ်သောင်းထိ အခွန်ကော က်ယူနေတယ်လို့ ဆိုင်သည်တွေက ဆိုကြပါတယ်။

“မြို့ပေါ်မှာတော့ စည်ပင်ခွန်က ငါးထောင်ပေးရတယ်။အိမ်ခွန်ပေးရတာတော့မရှိဘူး။နယ်ဘက်တွေမှာဆို တစ်နှစ်စာအခွန်ဆောင်ရတယ်။ဆိုင်ငယ်တွေဆို တသောင်း။ ဆိုင်ကြီးတွေဆိုရင် နှစ်သောင်းဆောင်ရတယ်။ပြန်လည်ထူ ထောင်ရေးအတွက်လိုအပ်လို့ အခွန်ကောင်တာလို့ပြောပါတယ်။” လို့ ကျောက်တော်မြို့မှဆိုင်သည်တဦးက ပြောပါတယ်။

ပလက်ဝဒေသအပါအဝင်တဆယ့်ငါးမြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေ ဖော်ဆောင်နေပါတ ယ်။

အာရက္ခတပ်တော်မှာ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့စကတည်းက အကော က်ခွန်ဌာနဖွဲ့ပြီး ပြည်သူတွေဆီကအခွန် အခတွေ စတင်ကောက်ယူနေခဲ့တယ်လို့အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခအဆုံးအဖြတ်စစ်ပွဲမှာ မြို့တွေ သိမ်းပိုက်ပြီးနောက် တော်လှန်ရေးအစိုး ရဖွဲ့စည်းကာ အကောက်ခွန်နဲ့အခွန်ဌာနကို ဗဟိုအခွန်ဌာန၊ခရိုင်အခွန်ဌာန၊မြို့ နယ်အခွန်ဌာနတွေဖွဲ့ပြီး အခွန်ကောက်ယူမှုပိုလုပ်လာတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်ပြန်လည်ထူထောင်ရေးအ တွက်ဆိုပြီး ပြည်သူတွေဆီက အခွန် ကောက်နေပေမယ့် အခွန်ကောက်ခံမှုနှု န်းထားတွေကို တရားဝင်ထုတ်ပြန်ထားတာမရှိသေးဘူးလို့ ပြည်သူတွေက ဆိုကြပါတယ်။

တိုင်းပြည်တည်ဆောက်ရေးအတွက် အခွန်အရေးကြီးပေမယ့် ပြည်သူတွေ ဝန်မပိတဲ့ပမာဏဖြစ်ဖို့လိုသလို အခွန်အခနဲ့ထိုက်တန်တဲ့ ဝန်ဆောင်မှုပေးကြဖို့လည်း လိုအပ်တယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

စစ်ဘေးရှောင်တွေအပါအဝင်စစ်ဘေးသင့်ပြည်သူတွေဟာ လူမှုဘဝစီးပွားရေးနလန်ထူမလည်ပတ်နိုင်သေးသလို စားဝတ်နေရေးအခက်အခဲတွေ ကြုံတွေ့ခံစားနေကြရတယ်လို့ ပြည်သူတွေက ဆိုကြပါတယ်။

PrevPreviousပေါက်တောမှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦးဒဏ်ရာရ
Nextမြန်မာ့လူဦးရေ ခန့်မှန်းချက်ထက် ငါးသန်းနီးပါးနည်းနေNext
Previous Post

ပေါက်တောမှာ စစ်ကောင်စီတပ်လက်နက်ကြီးပစ်ခတ်လို့ အမျိုးသမီးတဦးဒဏ်ရာရ

Next Post

မြန်မာ့လူဦးရေ ခန့်မှန်းချက်ထက် ငါးသန်းနီးပါးနည်းနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

Releated Post

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

March 17, 2026

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

March 17, 2026

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page