Border News Agency
အမ်း၊ ဇူလိုင် ၁၆။
အတင်းအဓမ္မစစ်သားစုဆောင်းခံရထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဘက်ပြောင်းဖို့ အာရက္ခတပ်တော်(AA) က ဇူလိုင်လ ၁၅ ရက်နေ့ဖိတ်ခေါ်လိုက်ပါတယ်။
အဲဒီဘက်ပြောင်းသူတွေရဲ့အသက်နဲ့ လုံခြုံမှုကို အာမခံသွားမယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်သားစုဆောင်ခံနေရတဲ့ လူငယ်တွေဟာ ရှေ့တန်းစစ်မြေပြင်မှာ မိမိဆန္ဒမပါဘဲစစ်အာဏာရှင်သက်ဆိုးရှည်ရေးအတွက် စတေးခံနေကြရတယ် လို့ ဆိုပါတယ်။
အဲဒီအထဲမှာ တိုင်းရင်းသားလူမျိုးတော်လှန်ရေးအဖွဲ့တွေဆီဘက်ပြောင်းခိုလှုံဖို့ ကြိုးစားလာကြတဲ့သူတွေလည်းရှိနေသ လို အထက်တပ်မှူးတွေရဲ့အနိုင်ကျင့်ဗို လ်ကျမှုတွေကြောင့် ထွက်ပြေးဖို့ ကြိုးစားနေကြတာလည်းရှိနေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အာရက္ခတပ်တော်တပ်ဖွဲ့တွေရှိရာ ဘယ်နေရာမှာမဆို ဘက်ပြော င်းလာနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့အတူ အမ်း-ပဒါန်းစစ်မြေပြင်မှာ ဘက်ပြောင်းခိုလှုံလာတဲ့ စစ်ကောင်စီတပ်သားနှစ်ဦးရဲ့ပြောဆိုချက်ရုပ်သံဗီဒီယိုနှစ်ခုကိုလည်း အာရက္ခတပ်တော်က ထုတ်ပြန်ခဲ့ပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီအသက်သွင်းလိုက်ပြီးနောက် စစ်မှုထမ်းသင်တန်းတွေပေးနေတာ ဇူ လိုင်လ ၁၄ ရက်နေ့မှာ အပတ်စဉ် ၁၅ ထိရောက်ရှိလာပါပြီ။
စစ်သင်တန်းသားအရေအတွက်ကို တရားဝင်မထုတ်ပြန်ပေမယ့် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အပတ်စဉ်တခုမှာ လူဦးရေငါးထောင်ခန့်ပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒါ ကြောင့် စစ်သားစုဆောင်ခံရသူ ခုနှစ်သောင်းငါးထောင်ခန့်ရှိသွားပြီလို့ လေ့လာစောင့်ကြည့်သူတွေက ခန့်မှန်းကြပါတယ်။
နိုင်ငံတဝှမ်းမှာ စစ်ကောင်စီကိုလက် နက်ကိုင်တိုက်ခိုက်မှုတွေ ကျယ်ကျယ် ပြန့်ပြန့် ပေါ်ပေါက်လာတာနဲ့အတူ စစ်ကောင်စီဘက်က စစ်သားအင်အားလျော့နည်းလာပြီးနောက် စစ်မှုထမ်းဥပဒေကိုပြဋ္ဌာန်းပြီး စစ်သားစုဆောင်းတာတွေလုပ်ဆောင်နေတယ်လို့ လူ့အခွင့်အရေးလေ့လာသူတွေက ထောက်ပြထားကြပါတယ်။
ပလက်ဝဒေသအပါအဝင် တဆယ်ငါးမြို့နယ်ကို အာရက္ခတပ်တော်က အပြီးသတ်ထိန်းချုပ်ထားပြီး ကျောက်ဖြူမြို့နယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။