Border News Agency
စစ်တွေ၊ ဇူလိုင် ၂၇။
ရခိုင်မှာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသို လ်ဝင်တန်းစာမေးပွဲအောင်မြင်သူ ငါး ရာငါးဆယ်သာရှိတယ်လို့ ဇူလိုင်လ ၂၇ ရက်၊ဒီနေ့မနက်က မြန်မာနိုင်ငံစာစစ် ဦးစီး ဌာနက ထုတ်ပြန်ပါတယ်။
ရခိုင်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြတဲ့ကျောင်းသား၊ကျောင်းသူဦးတထောင့်ငါးရာခြောက်ဆယ်လေးဦးထိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲက အောင်မြင်သူငါးရာ့ငါးဆယ်ဦးသာရှိပြီးအောင်မြင်မှုရာခိုင်နှုန်းမှာ သုံးဆယ်ငါးဒသမတခုနှစ်ရာခိုင် နှုန်းရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့နယ်မှာသာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီစစ်တွေမှာ စာစစ်ဌာလေးခု၊ကျောက်ဖြူမှာ စာစစ်ဌာနနှစ်ခု၊မာန်မှာစာစစ်ဌာန နှစ်ခု၊စုစုပေါင်း စာစစ်ဌာရှစ်ခုမှာသာ ကျင်းပနိုင်ခဲ့တာဖြစ်ပါတယ်။
အဲဒီစာမေးပွဲမှာ ကျောက်ဖြူမြို့နယ်ကကျောင်းသူနှစ်ဦး၊စစ်တွေမြို့နယ်ကကျောင်းသားတဦးဟာလေးဘာသာဂု ဏ်ထူးရပြီး အမြင့်ဆုံးအောင်မြင်ခဲ့ပါတယ်။
ကျောက်ဖြူမြို့အထက ၁ စာစစ်ဌာနမှ မဆောင်းသင်္ဂီဟာ မြန်မာစာ၊ဓာတုဗေ ဒ၊ရူပဗေဒ၊ဇီ၀ဗေဒ၊မမော်မော်ဇင်ဟာ မြန်မာစာ၊ဓာတုဗေဒ၊ရူပဗေဒ၊ဇီ၀ဗေဒ
လေးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ကြပါတယ်။
စစ်တွေမြို့အထက ၂ စာစစ်ဌာနမှ မောင်စိုးမင်းအောင်ကတော့ သင်္ချာ၊ဓာတုဗေဒ၊ ရူပ ဗေဒ၊ဇီ၀ဗေဒစတဲ့လေးဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်။
ရခိုင်မှာ ၂၀၂၅ ခုနှစ်၊မတ်လ ၁၇ ရက်နေ့မှစလို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့မှာစာမေးပွဲဖြေဆိုဖို့သုံးထောင့်နှစ်ရာခြောက်ဆယ်လေးဦးစရင်းသွင်းခဲ့ပါတယ်။
ဒါပေမယ့် တထောင့်ခုနှစ်ရာဦးဟာဖြေဆိုဖို့ပျက်ကွက်ခဲ့ပြီး ဖြေဆိုသူရာနှုန်း လေးဆယ်ခုနှစ်ဒသမကိုးနှစ်ရာခိုင်နှုန်းသာရှိခဲ့ပါတယ်။
အဲဒီစစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့မှာကျောင်းသားခုနှစ်ရာ့လေးဆယ်တဦး၊ကျောင်းသူရှစ်ရာ့နှစ်ဆယ့်သုံးဦး၊စုစုပေါင်း တထောင့်ငါးရာခြော က်ဆယ်လေးဦးသာ စာမေးပွဲဖြေဆိုခဲ့ကြပါတယ်
မြန်မာမှာ ၂၀၂၅ ခုနှစ်၊တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်ချက်လေးဆယ်ရှ စ်ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ ပညာ ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရခိုင်မှာပြီးခဲ့တဲ့ ၂၀၂၃-၂၀၂၄ ခု ပညာ သင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူရှစ်ထောင်ငါးရာသုံးဆ ယ်လေးဦးထိရှိခဲ့ပြီး ငါးထောင့်နှစ်ရာငါးဆယ်သုံးဦးအောင်မြင်ခဲ့ပါတယ်။