Border News Agency
နောက်ချို၊ဇူလိုင်လ ၃၁ ။
နောင်ချိုမြို့နယ်ကို စစ်ကောင်စိီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးဒဏ်ရာရသွားတယ်လို့ တအာင်းတပ်မတော်(TNLA)က ဇူလိုင်လ ၃၁ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ ဇူလိုင်လ ၃၀ ရက်နေ့က နောင်ချိုမြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားငါးဦးနဲ့အမျိုးသမီးတဦး ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
အဲဒီ အသက်ငါးဆယ်နှစ်နှစ်အရွယ် ဦးဌေးအောင်၊ အသက်ခြောက်ဆယ်အရွယ် ဦးငြိမ်းမောင်၊ အသက်သုံးဆယ်ခုနှစ်အရွယ်ဦးနေစိုထွန်း၊အသက်ငါးဆယ်ရှစ်နှစ်အရွယ်ဦးဇော်ဝင်းဦး၊အသက်ငါးဆယ်ခြောက်နှအရွယ် ဦးဌေးဦးတို့ ဒဏ်ရာရသွားကြတယ်လို့ဆိုပါတယ်။
သူတို့တွေဟာစစ်ဘေးရှောင်တွေဖြစ်ကြတယ်လို့ဆိုပါတယ်။
ကျောက်မဲမြို့နယ်၊နောင်ပိန်ကျေးရွာကိုဇူလိုင် ၃၀ ရက်နေ့က စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်လို့ သံဃာတော်တပါးပျံလွန်တော်မူသွားခဲ့ပါတယ်။
အဲဒီအပြင် နောင်ချိုမြို့နယ်၊ဟိုခိုကျေးရွာကိုလည်း စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လို့ အသက်ငါးဆယ်အရွယ် ဒေါ်မာသိန်းချို ဒဏ်ရာရသွားပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
ဟိုခိုကျေးရွာကို ဇူလိုင်လ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားသုံးဦးဒဏ်ရာရသွားပြီး နေအိမ်တအိမ်ပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုတယ်လို့ ဆိုပါတယ်။






