Border News Agency
နေပြည်တော်၊ ဩဂုတ် ၃။
ပန်းတောင်းမြို့နယ်မှာငွေကျန်သုံးဘီလီယံတန်ဖိုးရှိတဲ့စိတ်ကြွဆေးပြားနှစ်သန်းကျော်ကို ဖမ်းဆီးရမိခဲ့တယ်လို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗဟိုကော်မတီ(CCDAC Myanmar) မှ သြဂုတ်လ ၃ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ဇူလိုင်လ ၂၁ ရက်၊ညနေ ၉ နာရီအချိန်မှာ ပန်းတောင်းမြို့၊ပုသိမ်-မုံရာလမ်း၊ရေကျော်ကျေးရွာအနီးမှာ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
ရန်ကုန်မှ ဧရာဝတီတိုင်းဒေသကြီး၊ကြံခင်းမြို့နယ်သို့ စိတ်ကြွရူးသွပ်ဆေးပြားတွေကိုတာဝန်ယူသယ်လာတဲ့ကျော်ကျော်ဝင်းနဲ့ ပူးပေါင်းပါဝင်သူခင်မောင်လွင်တို့ကို မင်္ဂလာဒုံမြို့နယ်၊ဈေးရပ်ကွက်၊မြို့ပတ်လမ်းရှိနေအိမ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ ရန်ကုန်မှကြံခင်းမြို့သို့ မော်တော်ယာဉ်နဲ့သယ်ဆောင်ခဲ့သူ မင်္ဂလာဒုံမြို့နယ်၊ချစ်တီးကုန်းရပ်ကွက်ရှိ ကိုကိုနိုင်ရဲ့နေအိမ်မှစိတ်ကြွရူးသွပ်ဆေးပြားတွေ သယ်ဆောင်ရာမှာ ပူးပေါင်းပါဝင်သူ မြတ်မင်းကို CANTER BOXယာဉ်၊ MINICAB ယာဉ်နှစ်စီးနဲ့ဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကြံခင်းမြို့မှပန်းတောင်းမြို့နယ်သို့ LIFAN မော်တော်ယာဉ်နဲ့မူးယစ်ဆေးဝါးတွေသယ်ဆောင်ခဲ့သူကြံခင်းမြို့နယ်၊သဲဖြူကျေးရွာနေစိုးမင်းရဲ့နေအိမ်မှမူးယစ်ဆေးတွေသယ်ဆောင်ခဲ့တဲ့ LIFAN အမျိုးအစားမော်တော်ယာဉ်တစီးကိုလည်းဆက်ပြီးဖမ်းဆီးရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေကို ရန်ကုန်မှရခိုင်သို့ သယ်ဆောင်ရောင်းဝယ်တဲ့ တင်အောင်မိုးရဲ့အစီစဥ်နဲ့မင်းစည်သူ၊ဖိုးအေး တို့က ရန်ကုန်မြို့၊ပန်းတောင်းမြို့နယ်နဲ့ မင်းတုန်းမြို့နယ်ကြားရှိနယ်စပ်သို့ တာဝန်ခံသယ်ဆောင်သူကျော်ကျော်ဝင်းထံ လွှဲအပ်ခဲ့ပြီးကျော်ကျာ်ဝင်း၊ကိုကိုနိုင်နဲ့ မြတ်မင်းတို့က တာဝန်ခံထားကြတာလို့ဆိုပါတယ်။
သူတို့ဟာ အဲဒီဆေးပြားတွေကို ရန်ကုန်မြို့ရှိကိုကိုနိုင်ရဲ့ နေအိမ်မှာခဏသိမ်းဆည်းထားခဲ့ပြီး ရန်ကုန်မှကြံခင်းမြို့သို့ မော်တော်ယာဉ်နဲ့သယ်ယူခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအကြံခင်းမှပန်းတောင်းသို့ LIFAN ယာဉ်ပိုင်ရှင်စိုးမင်းနဲ့ယာဉ်မောင်းတင့်ဆွေတို့ဟာ ပန်းတောင်းမြို့နယ်မှတစ်ဆင့် ရဲနိုင်နဲ့မိုးထိတို့က ရခိုင်ကိုဆက်ပြီးသယ်ယူတာဖြစ်တယ်လို့လည်းဆိုပါတယ်။
သူတို့တွေကိုဥပဒေအရ အရေးယူထားပြီး ပါဝင်ပတ်သက်သူတွေကိုလည်း ဆက်ပြီးစစ်ဆေးဖော်ထုတ်သွားမယ်လို့ဆိုပါတယ်။