(စစ်ကောင်စိီတပ်သားခြောက်ဦးသေဆုံး)
Border News Agency
ပဲခူး၊ သြဂုတ် ၃။
ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမတွင်းရှိ ဆွာဆည်ရှင်းလင်းဆောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတခုကို မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ဇူလိုင်လ ၃၀ ရက်နေ့ကသိမ်းပိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရမှသြဂုတ်လ ၂ ရက်နေ့ကထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီးအဆင့်တဦးအပါအဝင်ခြောက်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင်လက်နက်ငယ်ခြောက်လက်၊ လက်နက်ငယ်ကျည်နဲ့စစ်သုံးပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလို တပ်စခန်းကို ဖျက်စီးခဲ့တယ်လို့လည်းဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ (၂၁)၊အမှတ် ၃၅၀၁ တပ်ရင်း၊ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့ဖြစ်တဲ့ PIO/PIA တပ်ဖွဲ့၊ACDF (Asho Chin Defense Force) တို့ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ဆိုပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာ မဟာဗျူဟာမြောက်တည်ရှိနေသလို ဆက်သွယ်ရေးလမ်းမတွေအနီးမှာရှိတဲ ပဲခူးရိုးမဒေသကိုပါ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့တွေက ဆက်ပြီးတိုက်ခိုက်သွားမယ်လို့ဆိုပါတယ်။







Comments 2
The thoroughness in this section is noteworthy. https://ondactone.com/simvastatin/
This is the kind of criticism I positively appreciate. https://ondactone.com/simvastatin/