Border News Agency
စစ်တွေ၊ ဩဂုတ် ၁၂ ။
အာရက္ခဒေသက ရခိုင်လူငယ်ခြောက်ဆယ်ရာခိုင်နှုန်းကျော်ဟာ အခွင့်အရေးရရင်ဒေသကိုစွန့်ခွာဖို့ ဆန္ဒရှိနေတယ်လို့ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်(UNDP)က ဩဂုတ်လ ၁၂ ရက် ဒီနေ့ထုတ်ပြ န်တဲ့ အစီရင်ခံစာတမှာ ဖော်ပြထားပါတယ်။
“အခွင့်အရေးရရင် ဒီနိုင်ငံကနေ ထွက်သွားမှာပါ။ ဒီမှာက အလုပ်အကိုင်တွေလည်းမကောင်းလို့ ထွက်သွားချင်တာ။ လုပ်အားခက တသောင်းကျပ်ရရင် ကုန်တာက တသောင်းခွဲဆိုတော့ အဆင်မပြေပါဘူး။ပညာရေးရော့၊စီးပွားရေးပါ ပိုဆိုးလာပါတယ်။ စစ်ရဲ့ဒဏ်ကိုလည်း ထပ်မခံစားချင်တော့ပါဘူး။” လို့ ရခိုင်လူငယ်တဦးက ပြောကြောင်း အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
အဓိကအကြောင်းရင်းကတော့ အလုပ် အကိုင်အခွင့်အလမ်းရှားပါးတာ၊ပဋိပ က္ခတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် လူငယ်တွေ ဒေသစွန့်ခွာဖို့ ဆန္ဒရှိနေကြတာလို့ ဆိုပါတယ်။
အဲဒီလူငယ်တွေဟာ ရန်ကုန်တိုင်းမှာ ၅၁ ဒသမ ၇ ရာခိုင်နှုန်းဖြစ်ပြီး ချင်းပြည်မှာတော့ ၄၈ ရာခိုင်နှုန်းဖြစ်ပါတယ်။
ပဲခူးတိုင်းမှာ ၄၆ ဒသမ ၂ ရာခိုင်နှုန်း၊ မွန်ပြည်မှာ ၄၂ ဒသမ ၁ ရာခိုင်နှုန်း၊ မကွေးတိုင်းမှာ ၃၉ ဒသမ ၉ ရာခိုင်နှုန်း၊ ကရင်ပြည်မှာ ၃၈ ဒသမ ၆ ရာခိုင်နှုန်း၊နေပြည်တော်၊ ရှမ်း၊ ကယားနဲ့ ကချင်ပြည်တွေမှာ ၃၆ ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှာ ၃၄ ဒသမ ၆ ရာခိုင်နှုန်းနဲ့ မန္တလေးတိုင်းမှာ ၃၁ ဒသမ ၇ ရာခိုင်နှုန်းစီ ရှိကြ တယ်လို့ ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် လူ ၁၀ ဦးမှာ ၄ ဦးဖြစ်တဲ့ ၄၀ ရာခိုင်နှုန်းခန့် ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လူငယ် ၅၅ ရာခိုင်နှုန်းခန့်က နိုင်ငံဟာ မှားယွင်းတဲ့လမ်းကြောင်းပေါ် သွားတယ်လို့ ယုံကြည်နေကြပါတယ်။
UNDP အနေနဲ့ ဒီအစီရင်ခံစာအတွက် နိုင်ငံတဝှမ်းက အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြားလူငယ်ပေါင်းခုနှစ်ထောင်ကျော်ကို မေးမြန်းပြီး သုတေသနပြုလုပ်ထားတာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း ပြည်ပကိုထွက်ခွာသွားကြတဲ့လူငယ်ဟာ သုံးသိန်းမှငါးသိ န်းကြားရှိနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။