Border News Agency
စစ်တွေ၊ ဩဂုတ်လ ၁၂ ။
ရခိုင်မှာ စစ်ကော်မရှင်နဲ့အာရက္ခတပ်တော်(AA)ကြားနယ်မြေစိုးမိုးရေးကြိုး ပမ်းမှုတွေနဲ့အတူ လူ့အသိုင်းအဝိုင်းတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတာကို စတင်စုံစမ်းနေတယ်လို့ ကုလသဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က သြဂုတ်လ ၁၂ ရက်၊ဒီနေ့ထုတ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အဲဒီစုံစမ်းမှုတွေထဲမှာ ကျေးရွာအများအပြားက အရပ်သားတွေကို ဖမ်းဆီးတာ၊ နှိပ်စက်ညှဉ်းပမ်းတာ၊ အတင်းအကျပ်ရွှေ့ပြောင်းတာ၊ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ၊ သက်ကြီးရွယ်အိုတွေစတဲ့ အရပ်သားတွေကို သတ်ဖြတ်တာတွေပါဝင်ပါတယ်။
အဲဒီအပြင် စစ်တွေမြို့မှာအရပ်သားတွေရဲ့ဝင်ထွက်သွားလာမှုတွေကို ကန့်သတ်တာ၊ အာရက္ခတပ်တော်ထိန်းချုပ်မှုအောက်မှာရှိတဲ့ ကျေးရွာတွေက အရပ်သားတွေ ဒါမှမဟုတ် အရပ်သားပိုင် ပစ္စည်းတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်တာ၊ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်တာတွေပါဝင်တယ်လို့ဆိုပါတယ်။
နောက်ပြီး ရခိုင်အရပ်သားတွေကို အစု လိုက်အပြုံလိုက်သတ်ဖြတ်တယ်လို့ စွ ပ်စွဲထားတဲ့ဖြစ်စဉ်တွေ၊အကြမ်းဖက်မှုတွေကြောင့် ထိခိုက်နစ်နာနေတဲ့ ရခိုင်အသိုင်းအဝိုင်းတွေဆီ လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာအကူအညီတွေပိတ်ဆို့ထားတာတွေကိုလည်း စုံစ မ်းနေတယ်လို့ ဆိုပါတယ်။
လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊မုဒိမ်းမှု၊ကျေးရွာတွေကို မီးရှို့ဖျက်ဆီးမှုအချက်အလက်တွေကို အားစိုက်စုံစမ်းစစ် ဆေးနေတာလို့လည်း ဆိုပါတယ်။
ရခိုင်မှာ တိုက်ပွဲတွေကြောင့် အရပ်သားထောင်ပေါင်းများစွာ ထိခိုက်နေသလို လူမျိုးစုအားလုံးက ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုတွေကို ကြုံတွေ့နေရတဲ့အကြောင်း ခိုင်လုံတဲ့သတင်းတွေရရှိထားတယ်လို့လည်း IIMM ကဆိုပါတယ်။
လူမျိုးစုအားလုံး အလွန်အမင်းဒုက္ခ ရောက်နေကြပြီး ရိုဟင်ဂျာတွေကတော့ စစ်ကော်မရှင်တပ်နဲ့အာရက္ခတပ်တော်ကြား လွန်စွာထိခိုက်လွယ်တဲ့အခြေအ နေမှာရှိနေတယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံတဝှမ်းက အရပ်သားတွေအပေါ် အဖွဲ့အစည်းပေါင်းစုံက ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို စုံစမ်းဖော်ထုတ်နေတာပါ။
မြန်မာအာဏာပိုင်တွေက ဖမ်းဆီးထိန်း သိမ်းထားသူတွေကို ကျူးလွန်တဲ့ရာဇ ဝတ်မှုတွေအတွက် အထောက်အထားတွေစုဆောင်းတာနဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့ ကြိုးပမ်းရာမှာ တိုးတက်မှုတွေ ရှိနေတယ်လို့လည်း ဖော်ပြထားပါတယ်။
“မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်တွေအပါအဝင် မြန်မာနိုင်ငံက စစ် ကြောရေးစခန်းတွေမှာ စနစ်တကျညှဥ်းပန်းနှိပ်စက်နေတာကို ထင်ထင်ရှားရှားပြသနေတဲ့ အထောက်အထားတွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။” လို့ IIMM ရဲ့ အကြီးအကဲနီကိုလတ်စ်ခွန်ဂျန်က ပြောပါတယ်။
အာရက္ခဒေသကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားသတ်ဖြ တ်နေလို့ အရပ်သားပြည်သူကိုးရာနှစ်ဆယ့်ခြောက်ဦးသေဆုံးပြီး တထောင့်ကိုးရာငါးဆယ်လေးဦးဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုပါတယ်။
အဲဒီအပြင် အရပ်သားပြည်သူ ကိုးရာလေးဆယ်ခုနှစ်ဦးဖမ်းဆီးခံထားရတ ယ်လို့ဆိုပေမယ့် ဘယ်အချိန်ကနေဘ ယ်အချိန်ကာလထိလို့အတိအကျထုတ်မပြောပါဘူး။
နောက်ပြီးစစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်တာတွေ၊လက်နက်ကြီးပစ်ခ တ်တာတွေကြောင့် လူနေအိမ်တသော င်းငါးရာနှစ်လုံး၊ဘာသာရေးအဆော က်အအုံကိုးဆယ်၊စာသင်ကျောင်းလေးဆယ်ငါးကျောင်း၊ဆေးရုံဆေးခန်းဆယ့်နှစ်ခု၊တံတားနှစ်ဆယ့်နှစ်စင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် UN၊ INGOs၊ NGOsတွေရဲ့အဆောက်အအုံသုံးခုအပြင် တခြားအဆောက်အအုံစုစုပေါင်းတထောင့်တရာကျော်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
Comments 1
https://medium.com/@bigcitylife391/zakup-winiety-na-czechy-f50cf8c25857