Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ကျောက်ဖြူခရိုင် ကျောက်ဖြူမြို့နယ် စစ်ရေး သတင်း အာရက္ခဒေသ

ကျောက်ဖြူတိုက်ပွဲပြင်းထန်ပြီးစစ်ကော်မရှင်တပ်အင်အားဖြည့်ထိုးစစ်ဆင်

(ဓာတ်ပုံ - စစ်ကော်မရှင်တပ်အသုံးပြုနေတဲ့ရေတပ်စစ်သင်္ဘော / BNA)

(ဓာတ်ပုံ - စစ်ကော်မရှင်တပ်အသုံးပြုနေတဲ့ရေတပ်စစ်သင်္ဘော / BNA)

Author picture

By

BNA Author
Reading Time: 1 min read
0
A A
0
SHARES
11
VIEWS
Share on FacebookShare on Twitter

Border News Agency
ကျောက်ဖြူ၊ ဩဂုတ် ၁၅၊ ၂၀၂၅

ကျောက်ဖြူမြို့နယ်မှာ စစ်ကော်မရှင်တပ်နဲ့အာရက္ခတပ်တော်(AA)ကြားတို က်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်က အင်အားဖြည့်ထိုးစစ်ဆင်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ တင့်ကားတွေအပါအဝင် စစ်သည်၊လက်နက်အများအ ပြားသုံးပြီး ထိုးစစ်ဆင်နေသလို ကျေးရွာတချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျောက်ဖြူးဒေသခံတွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်ရှိအမှတ် ၃၂ရဲတပ်ရင်း၊ဓည၀တီရေတပ်ဌာနချုပ်၊ကု န်းတွင်းသဘာ၀ဓါတ်ငွေ့လက်ခံသို လှောင်ပို့ဆောင်ရုံ(OGT)၊ လိပ်ခမော်ရွာအနီးဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုကြပါတယ်။

အဲဒီစစ်ကော်မရှင်တပ်ဟာ လိပ်ခမော်ကျေးရွာနှစ်ရွာစလုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျေးရွာသားတွေက ဆိုကြပါတယ်။

“အင်အားကတော့ တော်တော်များများနဲ့ထိုးစစ်ဆင်လာတာ၊ကိုယ့်ဘက်က ဆု တ်ပေးရတာတွေ ရှိတယ်။ဒီဘက်မှာ အားသာရင် ဟိုဘက်မှာ ဆုတ်ပေးရတ ယ်။အဲဒီလိုအခြေအနေပါ။ခုက…၊အ ကျအဆုံးကတော့ နှစ်ဘက်လုံးမှာ များနေတယ်။ခွေးတွေဘက်က ရာချီရှိတယ်။” လို့ မြေပြင်သတင်းရင်းမြစ်တဦးကBorder News Agency ကို ပြောပါတယ်။

စစ်ကော်မရှင်တပ်မီးရှို့ဖျက်ဆီးလို့ လိ ပ်ခမော်ရွာဟောင်းရှိနေအိမ်အားလုံးနီးပါးပျက်စီးသွားခဲ့ပြီး ရွာသစ်ကိုလည်း ဒရုန်းတွေနဲ့ဗုံးကြဲနေတာမို့ နေအိမ်အ များအပြားပျက်စီးနေတယ်လို့ ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ လိပ်ခမော်ရွာကို မနေ့ကတည်းကထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး ဒီနေ့ထိ တိုက်ပွဲဖြစ်နေဖြစ်တယ်လို့ ဆိုကြပါတယ်။

အဲဒီအပြင် ဓညဝတီရေတပ်ဌာနချုပ်အနီးရှိကပ်သပြေ၊ပြားတဲကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

အဲဒီကျောက်ဖြူမြို့နယ်မှာ ပြီးခဲ့တဲ့ဇွန် လဆန်းကတည်းက တိုက်ပွဲတွေပြင်း ထန်နေခဲ့တာဖြစ်ပြီး စစ်ကော်မရှင်တပ်က စစ်သည်၊လက်နက်အင်အားဖြည့် တင်းတာတွေ မကြာခဏလုပ်နေခဲ့တာပါ။

ဒါပေမယ့်သြဂုတ်လဒုတိယအပတ်မှာစစ်သင်္ဘောတွေသုံးပြီး စစ်သည်အင် အားငါးရာခန့်အပြင် တင့်ကားတဆယ့်ငါးစီးလည်း ထပ်မံဖြည့်တင်းခဲ့တယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

တရုတ်စီမံကိန်းတွေရှိနေတဲ့ ကျောက်ဖြူမြို့နယ်ကလက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေ၊ နေရာတွေကို စစ်ကော်မရှင်တပ်က ကြည်း၊ ရေ၊လေပူးပေါင်းပြီးတန်ပြန်ထိုးစစ်ဆင်နေတာပါ။

ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်ဌာန ချုပ်သို့သွားတဲ့ ကားလမ်းတလျှောက်ရှိ ပြိုင်းစေ့ကေ၊မင်းတက်တောင်၊စက်မှုလက်မှုသင်တန်းကျောင်း၊ပြားတဲရွာ၊OGTအနီးရှိ လိပ်ခမော်ရွာကို အာရက္ခတပ်တော်က သိမ်းပိုက်ခဲ့ပါတယ်။

ဒါပေမယ့် လိပ်ခမော်နဲ့ပြားတဲကို စစ်ကော်မရှင်တပ်က တန်ပြန်ထိုးစစ်ဆင်လာတာမို့ နှစ်ဘက်ထိတွေ့တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုကြပါတယ်။

“ကိုယ့်ဘက်ကတော့ စနိုက်ပါနဲ့ ကော က်စားရတာတွေ အများကြီးရှိတယ်။ မြေပြင်မှာတော့ အင်အားမမျှရင် ဆုတ် ပေးရတာတွေလည်း ရှိတယ်။” လို့မြေပြ င်သတင်းရင်းမြစ်က ဆိုကြပါတယ်။

တရုတ်စီမံကိန်းတွေရှိနေတဲ့ကျောက် ဖြူတိုက်ပွဲတွေမှာ တရုတ်က ဒရုန်း၊ဒရုန်းမောင်းသူတွေအပါအဝင် နည်းပ ညာအကူအညီပေးနေတယ်လို့ဆိုကြပေမယ့် Border News Agency က သီးသ န့်အတည်မပြုနိုင်သေးပါဘူး။

အဲဒီအပြင် ကျောက်ဖြူစစ်မျက်နှာမှာ စစ်တွေမြို့မှစစ်သည်အင်အားမကြာ ခဏဖြည့်တင်းပြီး စစ်မှုထမ်းသင်တန်း ဆင်းတပ်သားသစ်တွေကိုလည်း အ သုံးပြုနေသလို စစ်မှုထမ်းသင်တန်းဆ င်းတွေအများစုပါဝင်နေတယ်လို့ မြေပြ င်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်တိုက်ခိုက်သိမ်းပိုက်ထားတဲ့နယ်မြေတွေကို ရေတပ်စစ်သင်္ဘောကြီးတွေအများဆုံးသုံးပြီးတန်ပြန်ထိုးစစ်ဆင်နို င်ဖို့ကြိုးစားနေတယ်လို့ စစ်ကော်မရှင်တပ်က ဝါဒဖြန့်ရေးနေကြပါတယ်။

အာရက္ခပြည်တခုလုံးကို အာရက္ခတပ်တော်အလုံးစုံသိမ်းပိုက်ပြီး အာရက္ခပြည်သူတွေလက်ထဲပြန်ထည့်ပေးသွားမယ်လို့ အာရက္ခတပ်တော်က အာမခံထားပါတယ်။

PrevPreviousအဆုံးအဖြတ်ပေးမယ့်အားပြိုင်မှုတွေကြားက ယမ်းငွေ့တွေလွှမ်းခြုံနေတဲ့မြို့စစ်တွေ
Nextမြန်မာနိုင်ငံမှာနေရပ်စွန့်ခွာသူသုံးဒသမခြောက်သန်းခန့်ရှိNext
Previous Post

အဆုံးအဖြတ်ပေးမယ့်အားပြိုင်မှုတွေကြားက ယမ်းငွေ့တွေလွှမ်းခြုံနေတဲ့မြို့စစ်တွေ

Next Post

မြန်မာနိုင်ငံမှာနေရပ်စွန့်ခွာသူသုံးဒသမခြောက်သန်းခန့်ရှိ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်​အမေရိကန်ငုပ်သင်္ဘောက အီရန်စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ်နစ်မြုပ်

March 6, 2026

​အီရန်အနောက်ပိုင်းရှိ IRGC စစ်စခန်းကို အမေရိကန်နဲ့ အစ္စရေး လေကြောင်းက တိုက်ခိုက်

March 6, 2026

စစ်ကိုင်းနဲ့ ချင်းမှာ တလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၃၀ နီးပါးသေဆုံး

March 6, 2026
Photo - HDCO

​ဘူးသီးတောင်နဲ့မောင်တောမှာ အကြမ်းဖက်သမားတွေကြောင့် အရပ်သား ၁၆၀ ကျော် သေဆုံး

March 6, 2026

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်​အမေရိကန်ငုပ်သင်္ဘောက အီရန်စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ်နစ်မြုပ်

​အီရန်အနောက်ပိုင်းရှိ IRGC စစ်စခန်းကို အမေရိကန်နဲ့ အစ္စရေး လေကြောင်းက တိုက်ခိုက်

စစ်ကိုင်းနဲ့ ချင်းမှာ တလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၃၀ နီးပါးသေဆုံး

​ဘူးသီးတောင်နဲ့မောင်တောမှာ အကြမ်းဖက်သမားတွေကြောင့် အရပ်သား ၁၆၀ ကျော် သေဆုံး

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

​မဲဆောက်မှာ မြန်မာ ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖမ်းဆီးခံရ

Releated Post

ဒုတိယကမ္ဘာစစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်​အမေရိကန်ငုပ်သင်္ဘောက အီရန်စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ်နစ်မြုပ်

March 6, 2026

​အီရန်အနောက်ပိုင်းရှိ IRGC စစ်စခန်းကို အမေရိကန်နဲ့ အစ္စရေး လေကြောင်းက တိုက်ခိုက်

March 6, 2026

စစ်ကိုင်းနဲ့ ချင်းမှာ တလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သား ၃၀ နီးပါးသေဆုံး

March 6, 2026
Photo - HDCO

​ဘူးသီးတောင်နဲ့မောင်တောမှာ အကြမ်းဖက်သမားတွေကြောင့် အရပ်သား ၁၆၀ ကျော် သေဆုံး

March 6, 2026
Photo-Watan

​အီရန်ဒရုန်းကြောင့် လူ ၄ ဦးဒဏ်ရာရမှုအပေါ် တုံ့ပြန်မယ်လို့ အဇာဘိုင်ဂျန်သတိပေး

March 5, 2026
ဓာတ်ပုံ-တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့

​မဲဆောက်မှာ မြန်မာ ၂၁ ဦးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦးဖမ်းဆီးခံရ

March 5, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page