Border News Agency
စစ်ကိုင်း၊ ဩဂုတ် ၂၀။
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ထော်သာကျေးရွာရှိပျူခေါင်းဆောင် အဲပန်ဦးစီးတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေအခြေချနေထိုင်တဲ့သာရွာတပ်စခန်းကို တော်လှန်ရေးတပ်တွေသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက သြဂုတ်လ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစခန်းကို သြဂုတ်လ ၁၅ ရက်နေ့မှာသိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ပျူစောထီး ခေါင်းဆောင်အပါအဝင် ပျူစောထီးတွေနဲ့မိသားစုဝင်တရာ့ကိုးဆယ်ဦး ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစခန်းကို မော်လိုက်ခရိုင်တပ်ရင်း ၂၊ ၄ နဲ့ဖောင်းပြင်မြို့နယ် ပကဖပူးပေါင်းအဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီစခန်းကို တိုက်ခိုက်သိမ်းပိုက်နေချိန် ချင်းတွင်းမြစ်ကြောင်းအတိုင်းစုန်ဆင်းလာတဲ့ ဖလက်ခွံတွေပေါ်မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အင်အားတရာ့သုံးဆယ်ခန့်နဲ့တောင်းအင်ရွာမှစစ်အင်အားငါးဆယ်ခန့်စစ်ကူပေးဖို့အင်းတပေါင်းရွာသို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမယ့် တော်လှန်ရေးတပ်တွေကအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်ဖက်ကအလောင်းသုံးလောင်းရခဲ့ပြီးကိုးဦးဒဏ်ရာရသွားသလို ပျူစောထီးခေါင်းဆာင်အဲပန် အပါပျူစောထီးတွေရဲ့မိသားစုဝင်တရာ့ကိုးဆယ်ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ပျူစောထီးအဖွဲ့ဝင်နှစ်ဆယ်ခန့် ထွက်ပြေးလွတ်မြောက်ခဲ့သလို စစ်စခန်းအတွင်းမှ ၆၀ မမစိန်ပြောင်းနဲ့ RPG အပါ လက်နက်နှစ်ဆယ့်သုံးလက်၊ခဲယမ်းအချို့နဲ့ငွေကျပ်သိန်းတရာ့ခြောက်ဆယ်ကျော်သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ရဲ့တံတားဦးလေတပ်မှ တက်လာတဲ့ Yak-130 ၁ စီးနဲ့ ဗုံးနှစ်လုံးကျဲချတိုက်ခိုက်ခဲ့ပြီး ဒရုန်းဗုံးတေနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။