Border News Agency
မောင်တော၊ဩဂုတ် ၂၃ ။
၊ထန်းရှောက်ခံကျေးရွာမှာ မူဆလင်ခြောက်ရာကျော်ကို အာရက္ခတပ်တော်(AA)က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်ဟာ မှန်ကန်မှုမရှိဘူးလို့ မောင်တောခရိုင်ရှိအစ္စလာမ်ဘာသာရေးအကြီးအကဲတွေ၊ရပ်မိရပ် ဖတွေနဲ့လူငယ်တွေက ထုတ်ပြန်ပါတယ်။
အဲဒီကိစ္စကို ပြည်ပရောက်နေသူတွေစွ ပ်စွဲပြောဆိုနေကြတာဟာ မြေပြင်ရှိလူမျိုးတွေကြားသင့်မြတ်သဟဇာတဖြစ်နေတာကို မလိုလားကြတာမို့ လုပ်ကြံဖ န်တီးနေကြတယ်လို့ တုံ့ပြန်ကြပါတယ်။
မောင်တာခရိုင်မှ ဘာသာရေးအကြီးအ ကဲမော်လဝီဆရာရှစ်ဆယ်ကျော်အပါ အဝင် မူဆလင်ရပ်ဖိရပ်ဖတွေ၊စီးပွား ရေးလုပ်ငန်းရှင်တွေ၊လူငယ်တွေစုစု ပေါင်း ၁၆၀ က ဩဂုတ်လ ၂၃ ရက် ၊ ဒီနေ့ လက်မှတ်ရေးထိုးထုတ်ပြန်တာပါ။
“ဒီမဟုတ်မမှန်ကိစ္စတခုနဲ့ မောင်တော၊ ဘူးသီးတောင်မှာရှိတဲ့ မူဆလင်နဲ့ ရခိုင် သဟဇာတဖြစ်နေတာကို ပျက်စီး သွားဖို့ကြောက်ပါတယ်။အဲဒီအတွက်နဲ့ရေရှ ည်မှာ ကျနော်တို့ ဒီနေရာမှာ သဟဇာတရှိရှိနဲ့ နေထိုင်သွားဖို့အတွက် မဟုတ်မမှန်သတင်းတခုကို ရိုနေဆန်းလွင်တို့ ထုတ်ပြန်ထားတဲ့အတွက် ထုတ်ပြန်ရတာပါ။” လို့ ထုတ်ပြန်သူတွေထဲပါတဲ့ အစ္စလာမ်ဘာသာရေးဆရာမော်လဝီမာမတ်အာလီက Border News Agency ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊စစ်ကောင်စီရဲ့ လ ၀ကစာရင်းအရအိမ်ခြေ ၁၁၄ ဆောင်၊ လူဦးရေ ၉၃၃ ဦးရှိခဲ့တဲ့ထန်းရှောက်ခံရွာမှာ တိုက်ပွဲအလွန်ကာလစာရင်းကော က်ယူထားချက်အရလည်း ပြည်တွင်းနေထိုင်သူ ၇၉၀ ဦး၊ပြည်ပထွက်သွားသူ ၁၃၈ ဦး၊စုစုပေါင်း ၉၂၈ ဦးရှိသေးတာကြောင့် ထန်းရှောက်ခံရွာမှ လူခြောက်ရာကျော် အသတ်ခံရ တယ်ဆိုတဲ့ကိစ္စဟာ လုံး၀ယုတ္တိမရှိ၊မှားယွင်းတဲ့လုပ်ကြံ သတင်းဖော်ပြချက်သာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလိုလုပ်ကြံဖန်တီးဝါဒဖြန့်ချိမှုတွေကြောင့် ဒေသတွင်းအတူနေ ရခိုင်နဲ့မူဆ လင်လူမျိုးတွေကြားသဟဇာတဖြစ်ရေး၊အတူယှဉ်တွဲနေထိုင်ရေးကို ထိခို က်ပျက်ပြားစေရုံမက အမုန်းအာဃာတတွေ၊အထင်အမြင်လွှဲမှားမှုတွေ၊ မယုံကြည်မှုတွေကိုသာ ဖြစ်ပေါ်စေပြီး နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ လူမျိုးနှစ်မျိုးကို မသင့်မြတ်အောင်ရန်တိုက်ပေးတဲ့ လုပ်ရပ်သာဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒါကြောင့် မောင်တောခရိုင်မှမူဆလ င်ဘာသာဝင်အကြီးအကဲတွေ၊လူမှုအ သိုင်းအဝိုင်း ခေါင်းဆောင်တွေက စွပ်စွဲချက်ကို လုံး၀ကန့်ကွက်ရှုတ်ချတယ်လို့ဆိုကြပါတယ်။
“ပြည်ပမှာ မဟုတ်မမှန်လိမ်လည်ဝါဒ ဖြန့်နေကြတာတွေကို ကျနော်တို့ ပြည် တွင်းမှာရှိနေတဲ့ ညီအစ်ကို မောင်နှမ တွေ၊ရခိုင်ရှိတယ်။မူဆလင်ရှိတယ်။ ပြီးတော့ သက္ကမရှိတယ်။စသဖြင့် လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်နေတာ တွေကို ခြိမ်းခြောက်နေသလိုဖြစ်နေပါတယ်။သူတို့ အဲဒီလိုဝါဒဖြန့်ခြင်းအား ဖြင့် ကျနော်တို့ ဒီမှာသဟဇာတဖြစ် နေတာတွေကို ပြိုကွဲအောင်လုပ်နေသလို ဖြစ်နေပါတယ်။ ပြည်တွင်းမှာအေး အေးချမ်းချမ်းနဲ့အတူယှဉ်တွဲနေထိုင် နေကြတာတွေကို မမြင်ချင်လို့ လုပ်နေတာဖြစ်ပါတယ်။” မူဆလင်ရပ်မိရပ်ဖတဦးဖြစ်တဲ့မာမတ်အီနုစ်က ပြောပါတ ယ်။
အာရက္ခဒေသမှာမူဆလင်နဲ့ရခိုင်လူမျိုး စုတွေကြား သင့်မြတ်၊ယုံကြည်မှုတွေ ပြန်ရနေပြီး အပြန်အလှန်ကူးလူးဆက် ဆံတာ၊အတူတကွယှဉ်တွဲနေထိုင်တာတွေရှိနေတယ်လို့လည်း မူဆလင်တွေက ဆိုကြပါတယ်။
“တချိန်က စစ်ကောင်စီလက်ထက်မှာ မရှိခဲ့တဲ့သဟဇာတတွေ၊ပေါင်းကူးဆက် ဆံကြတာတွေ၊နားလည်မှုတွေက အခု အင်မတန်ရနေပါတယ်။တော်တော်ရနေပါတယ်။ဒီမှာ လူမျိုးရေးခွဲခြားခြင်းမရှိဘူး။ငါမကောင်း င့ါအပြစ်၊ သူမကောင်းသူ့အပြစ်ဆိုပြီးကျနော်တို့အစိုးရက လုပ်နေတာကိုလည်း မျက်မြင်ကိုယ် တွေ့ဖြစ်နေပါတယ်။” လို့ မာမတ်အီနုစ်က ပြောပါတယ်။
ဘူးသီးတောင်မြို့နယ်ရှိ အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်(စကခ ၁၅) အနီးရှိထန်းရှောက်ခံရွာသားခြောက်ရာကျော်ကို၂၀၂၄ ခုနှစ်၊မေလ ၂ ရက်နေ့မှာ အာရက္ခတပ်တော်က သတ်ဖြတ်ခဲ့တယ်လို့ပြည်ပရောက်နေသူတချို့ကအရိုးစုဓါတ်ပုံတွေထုတ်ပြန်စွပ်စွဲထားတာပါ။
အဲဒီစွပ်စွဲချက်ဟာ မှန်ကန်မှမရှိဘဲ စက ခ၁၅မှ တပ်ဆုပ်လာတဲ့စစ်ကောင်စီတပ်သားတွေနဲ့ထန်းရှောက်ခံရွာထဲ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေသာဖြစ်တယ်လို့ အာရက္ခတပ်တော်ပြောခွင့်ရ ခိုင်သုခက တုန့်ပြန်ထားပါတယ်။
အဲဒီထန်းရှောက်ခံရွာသို့ သတင်းသမားတွေကို ဖိတ်ခေါ်သတင်းယူစေခဲ့ပြီး ရွာ သားတွေ၊တိုက်ပွဲမှာကိုယ်တိုင်ပါခဲ့တဲ့ စစ်ကောင်စီတပ်အရာရှိဟောင်းတွေကို တွေ့ဆုံမေးမြန်းခွင့်ပေးခဲ့ပါတယ်။
အဲဒီထန်းရှောက်ခံရွာသားတွေနဲ့ထန်းရှောက်ခံတိုက်ပွဲမှာကိုယ်တိုင်ပါခဲ့တဲ့ စကခ ၁၅ ဒုဒစကမှူးဗိုလ်မှူးကြီး ကောင်းမြတ်ကလည်း ထန်းရှောက်ခံရွာအနီး မူဆလင်တွေအသတ်ခံခဲ့ရတာမရှိဘဲ စစ်ကောင်စီတပ်သားတွေ၊စစ်မှုထမ်းမူဆလင်အလောင်းတွေသာဖြစ်တယ်လို့ ကွင်းဆင်းသတင်းယူခဲ့တဲ့သတင်းသမားတွေကို ဖြေထားပါတယ်။