Border News Agency
မောင်တော၊ သြဂုတ် ၂၅။
ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုမှာငွေပံ့ပိုးခဲ့တဲ့ကုမ္ပဏီတွေကို တာဝန်ခံဖို့ Justice for myanmar မှ သြဂုတ်လ ၂၅ ရက်၊ ဒီနေ့တောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် စစ်ကော်မရှင်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ရှစ်နှစ်မြောက်နေ့မှာခုလိုထုတ်ပြန်တောင်းဆိုလိုက်တာဖြစ်ပါတယ်။
အဲဒီလူမျိုးတုန်းသတ်ဖြတ်မှု ၂၀၁၇ ခုနှစ်မှာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ စစ်ကော်မရှင်ရဲ့ “နယ်မြေရှင်းလင်းစစ်ဆင်ရေး” အတွက်ပံ့ပိုးကူညီဖို့ဒေါ် လာသန်းပေါင်းများစွာကို စစ်ကော်မ ရှင်ဆီတိုက်ရိုက်လှူဒါန်းခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီကုမ္ပဏီတွေနဲ့အဖွဲ့အစည်းတွေကို ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေ ရေးမစ်ရှင်(FFM)က မှတ်တမ်းတင်ထားပြီး သူတို့ကိုရာဇဝတ်ကြောင်းအရ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တောင်းဆိုတာပါ။
ခရိုနီကုမ္ပဏီတွေဖြစ်ကြတဲ့ KBZ နဲ့ Max တို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေး တိမ်းရှောင်စေခဲ့တဲ့ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်မလာနိုင်အောင် နယ်စပ်ခြံ စည်းရိုးဆောက်လုပ်ဖို့အတွက်ငွေ ကြေးအများအပြားလှူဒါန်းခဲ့ပြီး အထူးအားပေးခဲ့ကြသူတွေလို့ဆိုပါတယ်။
KBZ နဲ့ Max ကုမ္ပဏီတို့ဟာ တခြားလူမဆန်တဲ့ပြစ်မှုကြီးတွေမှာပါဝင်သလို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကျူးလွန်ရာမှာ ကြီးကြီးမားမားတိုက်ရိုက်ပံ့ပိုးပေးခဲ့တယ်လို့ FFM က သုံးသပ်ခဲ့ပြီး သူတို့ကို တရားစွဲဆိုဖို့တိုက်တွန်းတောင်းဆိုထားပါတယ်။
ဒါပေမယ့် အဲဒီကုမ္ပဏီတွေကို အပြစ်ပေးအရေးယူတာဝန်ခံခိုင်းတာတွေမရှိဘဲ ကျူးလွန်သူတွေဟာ နိုင်ငံတကာရာ ဇဝတ်မှုတွေမှ အကျိုးအမြတ်တွေဆက်ပြီးရနေကြတယ်လို့ ဆိုပါတယ်။
ဒီတရားမျှတမှုဟာရှစ်နှစ်ကြာမျက်ကွယ်ပြုငြင်းပယ်ခံထားရပြီး ပြစ်ဒဏ်က င်းလွတ်ခွင့်ရနေတာဟာ ရာဇဝတ်မှုကြီးတွေကျူးလွန်တဲ့ စစ်ကော်မရှင်နဲ့ငွေ ကြေးထောက်ပံ့တဲ့ခရိုနီတွေ ပိုပြီးရဲတင်းလာစေတယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာတွေဟာ စစ်ကော်မရှင်နဲ့ အာရက္ခတပ်တော်တို့ရဲ့ဆိုးဆိုးရွားရွား နိုင် ငံတကာရာဇဝတ်မှုကျူးလွန်မှုကျူးလွန်တာတွေကို ရင်ဆိုင်နေရဆဲဖြစ်တယ်လို့လူအခွင့်အရေးဆိုင်ရာကုလသမဂ္ဂမဟာမင်းကြီးက ဆိုပါတယ်။