Border News Agency
တောင်ကုတ်၊ သြဂုတ် ၃၁ ။
တောင်ကုတ်မြို့နယ်၊ ဝက်ကျိတ်ကျေးရွာရှိနန်းဒေဝီကေတီဗွီ(KTV )မှ ပြည်ပထုတ်တရားမဝင်အရက်၊ ဘီယာတွေကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနက သိမ်းဆည်းရမိခဲ့ပါတယ်။
အာရက္ခအစိုးရက တရားမဝင်ထုတ်ပြန်ထားတဲ့ ပြင်ပထုတ်အရက်၊ ဘီယာတွေကို ဝက်ကျိတ်ကျေးရွာရှိ နန်းဒေဝီကေတီဗွီမှာရောင်းချနေတာမို့ သြဂုတ်လ ၃၀ ရက်၊ မနေ့းစစ်ဆေးခဲ့ရမှာ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီဝင်နန်းဒေဝီကေတီဗွီမှာတရားမဝင်ရောင်းချနေတဲ့ Grand ရွှေရှစ်ပုလင်း၊ Grand ပြာကိုးပုလင်း၊ Grand Smooth နှစ်ဆယ့်တပုလင်း၊ ANDAMAN အရှ ည် ခုနှစ်ဆယ့်တဗူးနဲ့ ABC အတိုခုနှစ််ဆယ်ကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
အဲဒီအရက်၊ ဘီယာတွေကို သက်ဆိုင်ရာက စနစ်တကျထိန်းသိမ်းထားပြီးတရားမဝင်ရောင်းချနေသူတွေကို ဥပဒေနဲ့အညီအရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
အဲဒီအရက်၊ ဘီယာ၊ ဝိုင်အပါအဝင် ယစ်မျိုးကုန်အားလုံးကို တင်သွင်းရောင်းချတာတွေမလုပ်ဖို့နဲ့ လက်ကျန်ပစွည်းတွေကိုလည်း ဒီဇင်ဘာလ ၁၉ ရက်ကနေသုံးလအတွင်း ကုန်အောင်အပြီးသတ်ရောင်းချဖို့ကို အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးကတရားဝင်ထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခအစိုးရထုတ်ပြန်ထားတဲ့စည်းကမ်းအတိုင်း သူတို့ထိန်းချုပ်ထားတဲ့မြို့နယ်တွေမှာ ဆက်လက်စစ်ဆေးတာတွေလုပ်ဆောင်သွားမှာဖြစ်သလို သိမ်းဆည်းရမိထားတဲ့ တရားမဝင်ပြင်ပမူးယစ်ကုန်ပစ္စည်းတွေကိုလည်းစနစ်တကျ ဖျက်ဆီးသွားမယ်လို့ဆိုပါတယ်။






