Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၂။
အာရက္ခဒေသမှာ ဒေသတွင်းဆန်၊ စပါးတွေကို ဝယ်ယူသူတွေမရှိလို့ စပါးဈေးတွေကျဆင်းနေတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
အာရက္ခဒေသမှာ ပေါ်ဆန်းမွှေးစပါးတင်းတရာကို ခုနှစ်သိန်းခွဲကျပ်၊ အိန္ဒိယဆန်ချေစပါးတင်းတရာကို ခြောက်သိန်းကျပ်နဲ့သီရိဒုံစပါးတင်းတရာကို ငါးသိန်းကျပ်ထိဈေးကျဆင်းနေတယ်လို့ ဆိုကြပါတယ်။
စစ်ပွဲမဖြစ်ပွားခင်က ပေါ်ဆန်းမွှေးစပါးတင်းတရာကိုကိုးသိန်းကျပ်၊ အိန္ဒိယဆန်ချေစပါးတင်းတရာကို ခုနှစ်သိန်းခွဲကျ ပ်နဲ့ သီရိဒုံစပါးတင်းတရာကိုခြောက်သိန်းခွဲကျပ်ထိဈေးရှိခဲ့တယ်လို့ ဆိုကြပါတယ်။
“တိုက်ပွဲစဖြစ်လောက်ကနေ စပါးဈေးတွေက တက်ကိုမလာတော့ဘူး။ကျသွားတယ်။ကျနေတဲ့ဈေးအတိုင်းဘဲ တသတ်မတ်တည်းရှိနေတယ်။အရင်ဈေးထက်တသိန်း၊တသိန်းကျော်လောက်သာကျသွားတာဆိုပေမယ့် စပါးအထွ က်နှုန်းကျတဲ့ကြားတဲ့ ဈေးကျသွားသ လောက်ထိခိုက်မှုရှိတယ်။ စပါးဝယ်တဲ့ကုန်သည်တွေလည်းရောက်မလာဘူး။” လို့ ကျောက်တော်မြို့နယ်မှတောင်သူ တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ စပါးဈေးတွေကျဆင်းနေတာဟာ ဒေသတည်ငြိမ်မှုမရှိတာ၊စစ်ပွဲတွေကြောင့် စစ်ကော်မရှင်က ပြ ည်မနဲ့ဆက်သွယ်တဲ့လမ်းခရီးတွေကို ပိတ်ဆို့ထားလို့ ဆန်၊စပါးတွေကိုနယ် မြေဖြတ်ကျော်ပြီး သယ်ယူရောင်းချခွင့်မရတဲ့အတွက် စပါးကုန်သည်တွေရော က်မလာတော့လို့ ဝယ်ယူသူမရှိဖြစ်နေတယ်လို့ ဆိုကြပါတယ်။
အဲဒီအပြင် ကျဆင်းနေတဲ့စပါးဈေးနဲ့တောင် ဝယ်မယ့်ကုန်သည်တွေမရှိတဲ့အတွက် တောင်သူတွေမှာစပါးသစ်ပေါ်ဖို့ အချိန်ကာလနီးလာနေတာမို့ စပါးဟော င်းတွေကို ကြာရှည်သိုလှောင်ထားရင် ပျက်စီးဆုံးရှုံးမယ့်အခက်အခဲတွေဖြစ်နေကြတယ်လို့ တောင်သူတွေကဆိုကြပါတယ်။
“စပါးကတော့မပျက်စီးဘူးပေါ့နော်။ဒါပေမယ့် စပါးသစ်ပေါ်ရင်စပါးဟောင်တွေကို မဝယ်ကြတော့ဘူး။ရောင်းမထွက်တော့ စပါးဟောင်းတွေကထပ်ပြီးဈေးမရနိုင်တော့ဘူး။ဆိုတော့ သွင်းအားစုခတွေတောင်မကာမိဘဲ ဆုံးရှုံးမှုတွေရှိရင် နောက်နှစ်လယ်လုပ်ဖို့ အခက် အခဲရှိတာပေါ့။” လို့ တောင်သူတဦးက Border News Agency ကိုပြောပါတယ်။
စပါးဈေးကျဆင်းနေတာ၊ ဝယ်ယူသူတွေမရှိတာကြောင့် တောင်သူတွေမှာ ဆန်ကြိတ်ခွဲရောင်းချသူတွေကိုသာ စပါးတင်းဆယ်လိုက်ရောင်းချနေကြရပြီး တချို့တောင်သူတွေမှာ မိမိကိုယ်တိုင် ဒေသတွင်းစားသုံးဖို့သာ စပါးတွေကို ဆန်အဖြစ်ကြိတ်ခွဲရောင်းချနေကြရတယ်လို့ ဆိုကြပါတယ်။
အာရက္ခဒေသမှာ စပါးတွေဈေးမရဘဲ တသတ်မတ်တည်း တည်ငြိမ်နေတဲ့ ဈေးတွေကြောင့် တောင်သူတွေမှာ မိုး တွင်းကာလလယ်ယာထွန်ယက်သွင်းအားစုစာရိတ်တွေအပြင် ရိတ်သိမ်းစာရိတ်နဲ့လုပ်သားငှားရမ်းခစာရိတ်တွေကိုပါ မကာမိတဲ့အတွက် နှစ်တိုင်းလယ် လုပ်ရင်း အရှုံးပေါ်နေကြတယ်လို့လည်း တောင်သူတွေက ဆိုကြပါတယ်။
အဲဒီလိုအရှုံးပေါ်နေကြတဲ့အတွက် အာရက္ခဒေသက တောင်သူအများစုမှာ မိ သားစုစားဝတ်နေရေးအတွက်သာ စပါးကိုတပိုင်တနိုင်စိုက်ပျိုးလာနေကြလို့ ပြ ည်တွင်းစားနပ်ရိက္ခာဖုံလုံဖို့ အခက်အခဲရှိလာနိုင်တယ်လို့ တောင်သူတွေက ဆိုကြပါတယ်။
“တောင်သူတွေအနေနဲ့လိုချင်တာက စ ပါးဈေးတွေနည်းနည်းတက်ဖို့လိုတာပေါ့။ခုကစစ်ပွဲကာလဆိုတော့ လယ် ယာသွင်းအားစုစာရိတ်က အရမ်းများတယ်လေ။တချို့တောင်သူတွေဆို လ ယ်မလုပ်နိုင်ကြတော့ဘူး။စပါးဈေးမရတဲ့အပြင် ဓာတ်မြေသြဇာတွေလည်းမထည့်နိုင်တော့ စပါးအထွက်နှုန်းနည်းတာနဲ့ ဈေးမရတာနဲ့ ခက်ခဲတာတွေအ ရမ်းများပါတယ်။တနှစ်တနှစ်လာရင်အမြတ်မရဘဲသွင်းအားစုစာရိတ်ကာမိအောင်မနည်းရုန်းကန်ရတယ်။” လို့ ကျောက်တော်မြို့နယ်မှ တောင်သူ
တဦးက Border News Agency ကို ပြောပါတယ်။
အာရက္ခဒေသမှာ စပါးစိုက်လယ်ယာမြေဧကတဆယ့်နှစ်သိန်းကျော်ရှိပေမယ့် ထွန်ယက်စိုက်ပျိုးနေကြတဲ့ လယ် ယာမြေထက်ဝက်ပင်မရှိနိုင်ဘူးလို့ တောင်သူလယ်သမားတွေက ခန့်မှန်းထားကြပါတယ်။
အဲဒီလိုစပါးစိုက်လယ်ယာမြေပမာဏ လျော့နည်းသွားတာဟာ လယ်ယာလုပ် ငန်းသုံးသွင်းအားစုစျေးကြီးတာအလု ပ်သမားခစျေးမြင့်တာ၊လယ်ယာထွက် စပါးနဲ့ဆန်တွေရောင်းမထွက်တာ၊ဒေ သမတည်ငြိမ်တာတွေကြောင့်ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။