Border News Agency
မလေးရှား၊ စက်တင်ဘာ ၃။
မလေးရှားနိုင်ငံရဲ့မြို့တော်ကွာလာလမ်ပူမြို့၊ဘူကစ်ဘင်တန်းအနီးတဝိုက်မှာ အထောက်အထားမဲ့မြန်မာနိုင်ငံသား ၂၃၅ ဦးကိုလူဝင်မှုကြီးကြပ်ရေးဌာနမှ ဖမ်းဆီးခဲ့ပါတယ်။
အဲဒီနိုင်ငံခြားသားတွေနေထိုင်တဲ့ ဘူကစ်ဘင်တန်းအနီးတဝိုက်မှာ စက်တင်ဘာလ ၂ ရက်နေ့ညနေ ၇နာရီ ၃၀ မိနစ်အချိန်လူဝင်မူကြီးကြပ်ရေးဌာနမှ ၂ နာရီကျော်ကြာရှာဖွေစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။
အဲဒီလိုစစ်ဆေးရာမှာ မြန်မာနိုင်ငံသား ၂၃၅ ဦးဖမ်းဆီးခံရပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံသား၃၇၇ ဦး၊ အိန္ဒိယနိုင်ငံသား ၅၈ ဦး၊အမျိုးသမီး၂ ဦး၊ အင်ဒိုနီးရှားနိုင်ငံ သား ၁၉ ဦး၊ နီပေါနိုင်ငံသား ၇၂ ဦးနဲ့အ မျိုးသမီး ၆ဦး၊ တခြားနိုင်ငံခြားသား ၉ ဦးပါဝင်ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေထဲမှာနိုင်ငံခြား သား ၁၆၀၀ နဲ့ဒေသခံ ၈၄၅ ဦးပါဝင်ပြီးစုစုပေါင်းလူ ၂,၄၄၅ ဦးကိုပူထရာဂျာယာလူဝင်မူကြီးကြပ်ရေးဌာနအရာရှိ ၁၀၆ ဦးနဲ့စစ်ဆေးဖမ်းဆီးခဲ့တာပါ။
အဲဲဒီလိုဖမ်းဆီးမှုတွေဟာ ဘူကစ်ဘင်တန်းအနိီးတဝိုက် နိုင်ငံခြားသားတွေကြီးစိုးတယ်တယ်ဆိုပြီး လူတွေတိုင် ကြားမှုနဲ့ပူထရာဂျာယာလူဝင်မှုကြီးကြ ပ်ရေးဌာနမှ စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါ။
အဲဒီဖမ်းဆီးခံရသူတွေဟာ မလေးရှားမှာနေထိုင်ခွင့်အထောက်အထားမရှိသူတွေဖြစ်ကြပြီးအသက် ၂၁ နှစ်မှ ၆၅ နှ စ်ကြားတွေဖြစ်ကာ သူတို့တွေကို ဆက်ပြီးအရေးယူနိုင်ဖို့ပြင်ဆင်နေတယ်လို့ဆိုပါတယ်။