Border News Agency
မောင်တော၊ စက်တင်ဘာ ၅။
မွတ်ဆလင်အရေးမှာအာရက္ခတပ်တော် (AA)နဲ့အတူ ထောက်ခံရပ်တည်တယ်လို့ ဗမာ့တပ်တော်(BAMAR ARMY)ကစက်တင်ဘာလ ၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
လန်ဒန်အခြေစိုက်မြန်မာ-မွတ်ဆလင် (BROUK)အမည်ခံပြည်ပအဖွဲ့အစည်းမှ အာရက္ခပြည်ရှိ မွတ်ဆလင်တွေကို လူ မျိုးတုန်းသတ်ဖြတ်ခဲ့တယ်လို့ တဖက်သက်စွပ်စွဲပြီး အာရက္ခတပ်တော်(AA) စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၊ ဒုတိယစစ်ဦးစီးချုပ်ဒေါက်တာညိုထွန်းအောင်နဲ့အမိန့်ပေးစေခိုင်းသူတွေကို ဖမ်းဝရမ်းထုတ်ပေးရေးအာဂျင်တီးနားတရားရုံးသို့ စက်တင်ဘာလ ၃ ရက်နေ့စာပို့တောင်းဆိုခဲ့ပါတယ်။
အဲဒီလိုစွပ်စွဲချက်တွေကို အာရက္ခတပ်တော်က ပြည်သူလူထုနဲ့လူ့အခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေကို သက်သေတွေနဲ့အတူ ရှင်းလင်းချပြထားပြီးဖြစ်တယ်လို့သိရှိရပြီး (BROUK) အမည်ခံ ပြည်ပအဖွဲ့အစည်းတခုမှ အာရက္ခတပ်တော်ခေါင်းဆောင်တွေကို အာဂျင်တီးနားတရားရုံးမှာ ဖမ်းဝရမ်းထုတ်ပေးရေးတင်ပြမှုအပေါ် ဗမာ့တပ်တော်ကပြင်းထန်စွာရှုတ်ချသလိုအာရက္ခတပ်တော်နဲ့အတူထောက်ခံရပ်တည်တယ်လို့ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထိန်းချုပ်ဒေသတွေမှာ ယှဉ်တွဲနေထိုင်တဲ့မွတ်ဆလင်အသိုင်းအဝိုင်းအပါအဝင်လူမျိုးခြား၊ဘာသာခြားဒေသခံပြ ည်သူတွေကိုလူသားချင်းစာနာမှုအပြည့်နဲ့ တတ်နိုင်တဲ့ဘက်က ကူညီစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာကိုလည်း မီဒီယာတွေ၊ဒေသခံပြည်သူတွေဆီက သိရတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံပြည်သူတွေကိုအစုလိုက်အ ပြုံလိုက်သတ်ဖြတ်ခဲ့တာမရှိဘူးလို့ သ က်သေတွေနဲ့တကွ မီဒီယာတွေမှာ ထု တ်ဖော်ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝမြို့နယ်အပါအဝင်တဆယ့်ငါးမြို့နယ်ကို အပြီးသတ်ထိန်းချုပ်ထားပြီး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအဖြစ်အုပ်ချုပ်ရေးယန္တရားတွေဖော်ဆောင်နေပါတယ်။
အာရက္ခတပ်တော်ဟာ အာရက္ခ-အိန္ဒိယနယ်စပ်၊ အာရက္ခ-ဘင်္ဂလာနယ်စပ်အပြင် အာရက္ခ-မကွေးနယ်ခြား၊ အာရက္ခ-ပဲခူးနယ်ခြား၊ အာရက္ခ-ဧရာဝတီနယ်ခြားကိုလည်း ထိန်းချုပ်ထားပြီး နွေဦးတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေကို စစ်ရေးအကူအညီပေးပူးပေါင်းဆောင်ရွက်နေပါတယ်။