Border News Agency
ဧရာဝတီ၊ စက်တင်ဘာ ၅။
အာရက္ခ-ဧရာဝတိီ၊ ပဲခူး၊ မကွေးစတဲ့နယ်ခြားတွေမှာ စစ်ကော်မရှင်တပ်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့အာရက္ခတပ်တော်(AA)က စက်တင်ဘာလ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်နဲ့ အာရက္ခတပ်တော်ဟာ ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ဆင်လမ်ကျေးရွာအနောက်ဘက် ၂ ကီလို မီတာနဲ့ ၁.၇ ကီလိုမီတာအကွာမှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင်ပဲခူးတိုင်း၊ ပန်းတောင်မြို့နယ်၊ ညောင်ကျိုးကျေးရွာရဲ့ အရှေ့မြောက်ဘက် ၂.၅ ကီလိုမီတာအကွာအဝေးတောင်ကြော၊ ဧရာဝတီတိုင်း-အာရက္ခအစပ်၊ စက်စက်ယိုရွာအနီးအနားတွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားခဲ့နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်မှအာရက္ခတပ်တော်ကိုနေ့တိုင်းထိုးစစ်ဆင်တိုက်ခိုက်နေတာမို့ တခြားနေရာတွေမှာလည်း တိုက်ပွဲတွေပြင်းထန်နေတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဧရာဝတီတိုင်း-ရက္ခအစပ်၊ မကွေးတိုင်း-အာရက္ခအစပ်အစပ်နေရာတွေကို ပြန်ပြီးရယူဖို့အတွက် ကြိုးစားနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် စစ်တွေနဲ့ကျောက်ဖြူလည်းထပ်မကျဖို့ထိုးစစ်ဆင်တိုက်ခိုက်နေပေမယ့်အာရက္ခတပ်တော်မှ ခုခံစစ်၊ တန်ပြန်ထိုးစစ်အောက်မှာ အထိအခိုက်တွေနဲ့ကြုံနေကြရတယ်လို့ဆိုပါတယ်။
အာရက္ခတပ်တော်တိုက်ပွဲတိုင်းဟာအာရက္ခပြည်သူတရပ်လုံး မျှော်မှန်းထားတဲ့ရည်မှန်းချက်တွေဖြစ်တယ်လို့ဆိုပါတယ်။
အဲဒီရည်မှန်းချက်တွေအားလုံးကိုအကောင်အထည်ဖော်တိုက်ပွဲတွေဟာ နှစ်နှစ်နီးပါးရှိလာပေမယ့် ကျန်ရည်မှန်းချက်တွေကိုအာရက္ခပြည်သူလူထုတရပ်လုံးနဲ့အတူ လက်တွဲပြီးအပြည့်အဝရတဲ့ထိ တိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။