Border News Agency
နေပြည်တော်၊ စက်တင်ဘာ ၆။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို အာရက္ခတပ်တော်(AA)ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စိုးရိမ်နေတယ်လို့ ပြောပါတယ်။
အဲဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို ယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားထိန်လင်း(ခ)ကင်မ်အဲရစ်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အွန်လိုင်းမှတွေ့ဆုံခဲ့ကြတာပါ။
အဲဒီလိုတွေ့ဆုံဆွေးနွေးခဲ့ကြတာကို ကို ထိန်လင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာမှာ စက်တင်ဘာလ ၆ ရက်၊ ဒီနေ့ဖောိပြထားတာပါ။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအထူးလေးစားပြီးသူမရဲ့ကျန်းမာရေးကို စိုးရိမ်ကြောင်းပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲယုံကြည်စိတ်ချရတဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်လို့ ဆိုပါတယ်။
ကိုထိန်းလင်းကိုယ်တိုင်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ အာရက္ခတပ်တော်ဟာ အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိခဲ့တာကို အင်မတန်ချီးကျူးဂုဏ်ပြုမိကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။
သူ့ဆီကနေ ရခိုင်ပြည်သူတွေကြုံတွေ့နေရတဲ့ ပဋိပက္ခတွေနဲ့ စစ်ဘေးရှောင်နေစဉ် ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ပိုပြီးသိခဲ့ရတယ်လို့ဆိုပါတယ်။
သူတို့ရဲ့ကြံ့ကြံ့ခံဇွဲရှိသည်းခံမှုတွေဟာ မြန်မာနိုင်အနှံ့မှာ အတူတကွလက်တွဲလုပ်ဆောင်မှုအင်မတန်လိုအပ်တယ်ဆိုတာ သတိပေးနေတယ်လို့မြင်မိတယ်လို့ ကင်မ်အဲရစ်ကပြောပါတယ်။
ကျွန်တော်တို့နှစ်ဦးယုံကြည်ရတဲ့မိတ် ဆွေတွေအနေနဲ့ရှိဖို့၊တဦးကိုတဦး ပံ့ပိုးကူညီဖို့၊ လူတိုင်းဂုဏ်သိက္ခာနဲ့ ငြိမ်း ချမ်းစွာနေထိုင်နိုင်မယ့်ဖက်ဒရယ် ဒီမိုကရေစီမြန်မာနိုင်ငံ ဖြစ်လာအောင်ဆက်လက် ကြိုးပမ်းသွားဖို့သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်အာဏာသိမ်းတဲ့၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီးစုစုပေါင်း အမှု ၁၉ မှု စွပ်စွဲခံခဲ့ရကာ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံခဲ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးရော ဂါခံစားနေရပြီး ကျန်းမာရေးအခြေအ နေ ပိုမိုဆိုးရွားလာနေတာမို့နှလုံးအထူးကုနဲ့ တွေ့ခွင့်မရတဲ့အကြောင်းကိုလည်း ကင်မ်အဲရစ်က သူ့ရဲ့လူမှုကွန်ရက်ပေါ်က အသိပေးထားပါတယ်။