Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၇။
ကျောက်တော်မြို့အချုပ်ခန်းမှထွက် ပြေးသွားတဲ့အချုပ်သားနှစ်ဦးထဲမှတဦးကို အာရက္ခတပ်တော်ရဲ့တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန (DLEPS )က ပြန်ပြီးဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီအချုပ်သားမိုးမြတ်ကျော်ဟာ ခိုးမှု၊ လုယက်မှုနဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ နဲ့အမှုဖွင့်တရားစွဲဲခံထားပြီး ကျောက်တော်မြို့နယ်အချုပ်ခန်းတခုမှ သြဂုတ်လ ၂၈ ရက်နေ့က ထွက်ပြေးသွားခဲ့တာပါ။
အဲဒီကျောက်တော်မြို့နယ်၊ ပြိန်းချောင်းကျေးရွာမှာဇူလိုင်လ ၂၄ ရက်နေ့ညက လူသတ်ဓားမြတိုက်ရွှေတွေ၊ငွေတွေယူ သွားသူစွပ်စွဲတရားခံအသက်သုံးဆယ်ငါးနှစ်အရွယ်ညီညီစိုးနဲ့ မိုးမြတ်ကျော်တို့ထွက်ပြေးသွားကြတာပါ။
အဲဒီနှစ်ဦးထဲမှ မိုးမြတ်ကျော်ကို ရဲတပ် ဖွဲ့ဝင်တွေက စက်တင်ဘာလ ၆ ရက်၊မနက်၇ နာရီအချိန်မှာ ဒေသခံတွေရဲ့သတင်းပေးမှုကြောင့် နေအိမ်အတွင်းဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အဲဒီကျေးရွာကအသက်ငါးဆယ်ကျော်အရွယ်ဒေါ်ဝင်းနုရီကို ဇူလိုင်လ ၂၄ ရက်နေ့က ဓားမြတိုက်သတ်ဖြတ်ပြီး ရွှေလေးကျပ်နဲ့ငွေတဆယ့်ငါးသိန်းခိုးယူသွားခဲ့တာပါ။
သူ့တို့ကို ပြီးခဲ့တဲ့ဇူလိုင်လ ၃၁ ရက်နေ့ကပြိန်းချောင်းရွာမှာ တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက ဖမ်းဆီးရမိခဲ့တာပါ။
ဒါပေမယ့်တလခန်းအကြား သြဂုတ်လ၂၈ ရက်နေ့မှာ ကျောက်တော်မြို့န ယ်ရှိတရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနရဲ့အချုပ်ခန်းက အတူထွက်ပြေးလွတ်မြောက်သွားခဲ့တာပါ။
ဒေါ်ဝင်းနုရီရဲ့မိသားစုဝင်တွေကတော့ပြစ်မှုကျူးလွန်ထားသူတရားခံကို အမြန်ဆုံးပြန်လည်ဖမ်းဆီးပြီး အမြင့်ဆုံးပြစ်ဒဏ်ပေးဖို့ အာရက္ခပြည်သူ့တော်လှ န်ရေးအစိုးရကို တောင်းဆိုနေကြပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေမှာ ခိုးမှု၊လုယက်မှု၊ဓါးပြတိုက်သတ်ဖြတ်မှု၊အဓမ္မပြုကျင့်မှု၊အဓမ္မပြုကျင့်ဖို့ကြံစည်မှုတွေ မကြာခဏတွေ့လာရပြီး ပြစ်မှုကျူးလွန်သူတရားခံတွေကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်တာ များများစားစားမတွေ့ရဘူးလို့ အာရက္ခပြည်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။
အဲဒီအမှုအများစုမှာ တရားခံဖော်ထုတ်ဖမ်းဆီးအရေးယူအပြစ်ပေးနိုင်တာတွေမရှိဘဲ အမှုတချို့မှာသာသံသယတ ရားခံအများအပြားကို စုပြုံဖမ်းဆီးပြီး ကာ လရှည်ကြာစစ်ဆေးမှုတွေ လုပ်နေတာတွေ့ရတယ်လို့ ပြည်သူတွေက ဆိုကြပါ တယ်။
အဲဒီလိုအမှုအခင်းတွေ ပိုများလာတာ၊ တရားခံတွေကို ဖမ်းဆီးအရေးမယူနိုင်တာတွေဟာ အာရက္ခတပ်တော်ထိန်းချု ပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးမှုအားနည်းတာ၊ရဲဝန်ထမ်းတွေ၊တရား ရေးဝန်ထမ်းတွေအရည်အချင်းပြည့်မီမှုအားနည်းတာ၊ရဲဝန်ထမ်းအင်အားလောက်ငှမှုမရှိတာကြောင့်ဖြစ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ရဲအရာရှိတွေက မှတ်ချက်ပြုထောက်ပြကြပါတယ်။
အဲဒီအပြင် ရဲဝန်ထမ်းတွေ၊တရားရေး ဝန်ထမ်းတွေဟာ အမှုအခင်းတွေကို အမှန်တရားအတိုင်းမဆုံးဖြတ်ကြဘဲ မျက်နှာလိုက်ကြတာတွေ၊ လာဘ်စားကြတာတွေကျူးလွန်နေကြတာမို့ အမှုအခင်းတွေမှာတရားဥပဒေအတိုင်းစီ ရင်ဆုံးဖြတ်တာတွေအားနည်းနေသေးတယ်လို့ပြည်သူတွေ ဝေဖန်ပြောဆိုနေကြပါတယ်။