Border News Agency
ရန်ကုန်၊စက်တင်ဘာ ၇။
နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာအသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေသို့ရောက်ရှိနေတာမို့ လွတ်လပ်စွာဆေးကုသခွင့်နဲ့ အမြန်ဆုံးလွတ်မြောက်စေရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် အာဆီယံနိုင်ငံတွေ၊မိတ်ဆွေနိုင်ငံတွေ၊ အဖွဲ့အစည်းတွေ ကူညီပေးကြပါဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က စက်တင် ဘာလ ၇ ရက်၊ ဒီနေ့ မေတ္တာရပ်ခံတိုက်တွန်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်အဲရစ်ဟာ စက်တင်ဘာလ ၄ ရက်နေ့က ထုတ်ပြန်တဲ့အရေးပေါ်ပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့နှလုံးရောဂါအခြေအနေပိုမိုဆိုးဝါးလာခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှုလုံလောက်စွာမရရှိဘူးလို့ ဆိုပါတယ်။
သူမဟာ အသက် ၈၀ ကျော်လာပြီမို့ သူ မရဲ့ကျန်းမာရေးအတွက် ကမ္ဘာကြီးကဝိုင်းဝန်းကူညီပေးကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်မေတ္တာရပ်ခံထားပါတယ်။
နိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်နဲ့ပြ ည်ထောင်စုနိုင်ငံခြားရေးဝန်ကြီး၊နိုင်ငံ တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ကို အာဏာသိမ်းစစ်တပ်က မတရားဖမ်းဆီးထားတာ ၄ နှစ်နဲ့ ၈ လကျော်ပြီလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကဆိုပါတယ်။
သူတို့ကို ကမ္ဘာ့ကုလသမဂ္ဂမှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲတွေအဖြစ် ဒီနေ့ချိန်ထိ တရားဝင်အသိအမှတ်ပြုထားသူတွေဖြစ်တယ်လို့လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အစိုးရရဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးကို အာရက္ခတပ်တော်(AA)ရဲ့စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စိုးရိမ်နေတယ်လို့ ဆိုပါတယ်။
အဲဒီနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်ဒေါ်အောင်ဆန်းစုကြည်ရဲ့သားထိန်လင်း(ခ)ကင်မ်အဲရစ်နဲ့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ အွန်လိုင်းမှတွေ့ဆုံခဲ့ကြတာပါ။
အဲဒီလိုတွေ့ဆုံဆွေးနွေးခဲ့ကြတာကို ကို ထိန်လင်းက သူ့ရဲ့လူမှုကွန်ရက်စာမျက် နှာမှာ စက်တင်ဘာလ ၆ ရက်နေ့ကဖော် ပြထားတာပါ။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုအထူးလေးစားပြီးသူမရဲ့ကျန်းမာရေးကို စိုးရိမ်ကြောင်းပြောခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးဘဲယုံကြည်စိတ်ချရတဲ့ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်ဘူးလို့ ဗိုလ်ချုပ်ထွ န်းမြတ်နိုင်က ခိုင်ခိုင်မာမာ ပြောခဲ့ပါတယ်လို့ ဆိုပါတယ်။