Border News Agency
ကျောက်မဲ၊ စက်တင်ဘာ ၇။
ကျောက်မဲမြို့၊ မြောက်ကုန်းရပ်ကွက်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားနေအိမ်ငါးလုံးပျက်စီးသွားတယ်လို့ တအာင်းတပ်မတော်က စက်တင်ဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့က မြောက်ကုန်းရပ်ကွက်ကို လေကြောင်းတိုက်ခိုက်လို့ နေအိမ်တွေ ပျက်စီးသွားခဲ့တာပါ။
ကျောက်မဲမြို့နယ်၊ပန်သပြေကျေးရွာနဲ့ ပန်ကွမ်ကျေးရွာကိုလည်း စက်တင်ဘာ လ ၄ ရက်နေ့ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုး သမီးတဦးဒဏ်ရာရသွားခဲ့ပြီးနေအိမ်လေးလုံး၊စာသင်ကျောင်းတကျောင်းနဲ့ စေတီပုထိုးတွေပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်စစ်ကောင်စီတပ်လေကြောင်းရန်ကိုရှောင်နိုင်ဖို့ စစ်ရေးသတိအမြဲရှိဖို့လိုအပ်ပြီး လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းတွေကို ပြည်သူတွေလိုက်နာကြဖို့လိုအပ်တယ်လို့ တအာင်းတပ်မတော်က အသိပေးထုတ်ပြန်ထားပါတယ်။






