အင်တာဗျူး
Border News Agency
မောင်တော၊ ဇန်နဝါရီ ၁၀။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေရှိ ဖရဲစိုက်တောင်သူတွေဟာသီးနှံအထွက်ကောင်းပေမယ့် လမ်းပိတ်ဆို့မှုတွေ၊ ကုန်သွယ်ရေးရပ်တန့်တာတွေကြောင့် ဈေးကွက်ပျောက်ဆုံးကာအခက်ကြုံနေကြရပါတယ်။
မောင်တောမြို့နယ်မှ ဖရဲစိုက်တောင်သူတဦးကို Border News Agency က မေးမြန်းထားပါတယ်။
“ဖရဲသီးဒီလောက်အကြီးတလုံးကိုမှလေးထောင်ဘဲရပါတယ်။ကျနော်တို့စိုက်ခင်းရှင်တွေဘယ်လိုစီးပွါးရေးလုပ်စားလို့ရမှာလဲ။ကျနော်တို့ဆိုရင် ဒီလိုအသီးတလုံးကိုတသောင်းကျော်လောက်မှန်းထားပါတယ်။ဒါပေမယ့်ကျနော်တို့စျေးနှုန်းကဘာမှတန်ဖိုးမရှိပါ။ဒါပေမယ့်လည်း ကျနော်ကားတစီးဌားရင်ငါးသိန်း၊ခြောက်သိန်းပေးရပါတယ်။
“ဖရဲသီးတလုံးကိုပြောရမယ်ဆိုရင် ငါးထောင်ခန်းမှန်းထားတာကို သုံးထောင်ဘဲရောင်းရပါတယ်။ကျနော်တို့ဆိုရင် ကားနဲ့ပတ်ရောင်းဖို့ကလည်းအဆင်မပြေပါဘူး။ဒီတော့ကျနော်တို့ပတ်ပြီးရောင်းနေရတယ်။ဒါတောင်မှကျနော်တို့မှာစျေးကောင်းရတာမဟုတ်ဘူး။အခုလေးရက်ရှိပါပြီ။ ဒီဖရဲသီးတစီးရောင်းထွက်ဖို့အတွက်ပါ။တလလောက်ကြာသွားရင် ကျနော်တို့နှစ်ဆယ့်ငါးသိန်း၊သုံးဆယ်ဝန်းကျင်လောက်ကုန်ပါတယ်။ လုပ်အားခရော အကုန်လုံးပါ။အဲလောက်ကုန်ပါတယ်။
“တခါတလေကျရင်ကျနော်တို့အပုဒ်အရေအတွက်နဲ့မှန်းရပါတယ်။ဒါပေမယ့်အပုဒ်အရေအတွက်ကပျမ်းမျှမှန်းတာပါ။ကျနော်တို့ကငယ်ငယ်တည်းကစိုက်ဖူးပါတယ်။တဧကမှာဆိုရင်အလုံးအရေတွက် သုံးထောင်ဝန်းကျင်၊လေးထောက်ရှိပါတယ်။
“ခုက ကျနော်တို့ဒေသမျိုးစေ့ကိုသုံးလို့မရတော့ဘူး။ ဒီဖရဲ့သိီးဆိုရင်ဖရဲသီးကိုခွဲလိုက်လို့အစေ့ကိုစိုက်ပျိုးလို့မရပါဘူး။ ကျနော်တို့မှာ နံပါတ်တစ်မျိုးစေ့လုပ်ရပါမယ်။ခုမျိုးစေ့ကိုနိုင်ငံခြားကဝယ်ရတယ်။ မျိုးစေ့ကအရမ်းစျေးကြီးပါတယ်။ပြောရမယ်ဆိုရင် သဘာဝကိုယ့်ဒေသကထွက်တဲ့မျိုးစေ့က်ု ဘယ်လိုမျိူးပြန်ပြီးအသုံးပြုလို့ရမလဲဆိုတာကို ကျနော်တို့လိုချင်တာပါ။
“အဓိကပြောရမယ်ဆိုရင် ကျနော်တို့မျိုးစေ့ မျိုးကောင်းမျိုးသန့်ရဖို့လိုပါတယ်။ကိုယ့်မျိုးစေ့ကို ကိုယ်တွေပုံဖော်လို့ရဖို့လိုပါတယ်။ပြီးမှကျနောတို့မှာ မျိုးစေ့ကပိုပြီးစျေးကြီးလာမှာပါ။ပြီးတော့ ခုဒီဖက်မှာဆိုလို့ရှိရင်မြေရိုင်းမြေတွေရှိလို့အများကြီး ဖရဲသီးကအခုပိုလို့ထွက်ပါတယ်။
“အရင်ကဒီမယူကမ်းဖက်ကလုပ်တယ်ဆိုတော့ မြေဩဇာတွေမရှိတော့ဘူး။ ပြောရမယ်ဆိုရင် ဖရဲသီးတွေကလိုသလောက်ကြီးထွားမှုမရှိပါ။ခုဒီဖရဲသီးအလုံးငါးထောင်ထွက်လာလို့ ကျနော်တို့မှာစျေးကွက်မရှိပါ။ကျနော်တို့ဒီဟာကိုဘယ်လိုရောင်းရမလဲ။ဖရဲသီးစျေးကွက်ရှိရင် ကျနော်တို့သုံးထောင်နဲ့လဲရောင်းနိုင်ပါတယ်။
“ကျနော်တို့မှာ ကုန်ထုတ်လုပ်မှုအတွက် အမှန်တတယ်ရောင်းမယ်ဆိုရင် စက်ရုံအလုပ်ရုံမရှိလို့ ဒီဖရဲသီးကိုဘယ်ကိုပို့ရမလဲမသိပါဘူး။ကျနော်တို့လက်လီလက္ကားနဲ့ပြောရရင် စားသုံးသူလောက်ဘဲရောင်းစားရတယ်။လူတယောက်ကဆောင်းရာသီမှာအများကြီးစားနိုင်ပါဘူး။
“အအေးဓာတ်ရာသီမလို့လူတယောက်တလုံးကိုတောင်အနိုင်နိုင်ပါ။ကျနော်တို့မှာ ရောင်းစားရတာအရမ်းခက်ခဲပါတယ်။ဒါပေမယ့်နိုင်ငံခြားတွေ၊ပြည်တွင်းသမားတွေကုန်သည်သမားတွေကို ရောင်းရရင်ပိုအဆင်ပြေပါမယ်။ ဒီလိုဆို ကျနော်တို့ကုန်သည်တွေအတွက်အများကြီးအဆင်ပြေပါမယ်။
“ကိုယ့်ဒေသမှာ အဖျော်ရည်စက်ရုံတွေစက်မှုလုပ်ငန်းတွေတိုးတက်မယ်ဆိုရင် ကျနော်တို့ရဲ့ဖရဲသီးစိုက်တဲ့အလုပ်က ဒီထက်ပိုပြီးအောင်မြင်လာပါမယ်။တောင်သူတွေအတွက်ဝင်ငွေတွေကောင်းလာပါမယ်။အဲဒါကြောင့် ကျနော်တို့တောင်သူတွေကို ဒီလိုအခွင့်အလမ်းရအောင် ဒေသမှာရှိတဲ့ ဖြစ်နိုင်ဖို့စက်မှုဇုံလုပ်ငန်းတွေဆိုပိုပြီးတော့အဆင်ပြေပါမယ်။စားသုံးသူတွေအတွက်တော့အဆင်မပြေဘူးပေါ့။အဓိကစက်မှုဇုန်ရှိရင်တော့ ကျနော်တို့အတွက်လည်း တထောင်တသောင်းဘဲရရင်တောင်တခါတည်းကိစ္စပြတ်ပါတယ်။
“ကျနော်တို့ ဒီကျောက်စိမ်းမျိုးဆိုရင် အနည်းဆုံးနှစ်လလောက်တာရှည်ခံပါတယ်။ဖရဲသီးတလုံးဟာ ပိုးတွေလွတ်တယ်ဆိုရင် ကျနော်တို့ပုံမှန်နှစ်ဆယ့်ငါးရက်၊ရက်ပေါင်းသုံးဆယ်ထားလို့ခံပါတယ်။ ထွက်လာတဲ့ဖရဲသီးတွေကို အောင်အောင်မြင်မြင်နဲ့စျေးကွက်တွေရှိမယ်ဆိုရင် ကျနော်တို့တောင်သူတွေအတွက်အရမ်းအဆင်ပြေပါမယ်။








