Border News Agency
တအာင်း၊ မတ် ၂၈။
တအာင်းပြည်ထဲက လက်ဖက်ခြံနဲ့တောတောင်တွေမှာ ကမျဉ်းနီကောင်အကိုက်ခံရတာကြောင့်ဖြစ်တဲ့ Scrub Typhus ရောဂါကို အထူးသတိထားဖို့ တအာင်းပြည်ကျန်းမာရေးဌာနက မတ်လ ၂၇ ရက်နေ့ကသတိပေးလိုက်ပါတယ်။
အဲဒီပိုးကောင်တွေဟာ ခြုံပုတ်နဲ့ ထင်းပုံတွေမှာ နေတတ်ပြီးအကိုက်ခံရရင် ပြင်းပြင်းထန်ထန် ဖျားတာ၊ခေါင်းကိုက်တာတွေ ဖြစ်တတ်ပါတယ်။
အကိုက်ခံရတဲ့နေရာမှာ ဆေးလိပ်မီးနဲ့ ထိုးထားသလိုမျိုး အနာမည်းကွက် ဖြစ်နေတာက ဒီရောဂါရဲ့ ထူးခြားတဲ့လက္ခဏာပဲ ဖြစ်ပါတယ်။
အချိန်မီ ဆေးမကုရင် အသက်အန္တရာယ်ရှိနိုင်ပြီး ကာကွယ်ဆေးလည်း မရှိသေးတာကြောင့် တောတောင်သွားရင် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည် ဝတ်ကြဖို့ တိုက်တွန်းထားပါတယ်။
အဲဒီအပြင် ဖျားနာတာနဲ့ အနာမည်းကွက်တွေ ရှိလာရင်တော့ နီးစပ်ရာဆေးခန်းတွေကို အမြန်ဆုံး သွားပြကြဖို့လည်း အသိပေးထားပါတယ်။






