Border News Agency
မောင်တော၊ နိုဝင်ဘာ ၈။
အာရက္ခတပ်တော်(AA)က ဖမ်းဆီးထိန်းသိမ်းထားတဲ့မူဆလင် ၈၂ ဦးကို အာရက္ခတပ်တော်တပ်မှူးချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ၄၇ နှစ်မွေးနေ့မှာ လွတ်ငြိမ်းပေးခဲ့ပါတယ်။
အဲဒီမူဆလင်တွေဟာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ၊ စစ်ကော်မရှင်တပ်နဲ့ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားကြရသူတွေ ဖြစ်ကြပါတယ်။
အဲဒီမူဆလင်တွေဟာ မောင်တောခရိုင်တိုက်ပွဲတွေမှာ ဖမ်းဆီးရမိ၊ အလင်းဝင်လာသူတွေဖြစ်ပြီး ပြစ်ဒဏ်နည်းသူတွေ၊ သက်ကြီးရွယ်အိုတွေကို ပြန်လွှတ်ပေးတာလို့ ဆိုကြပါတယ်။
သူတို့ကို ခရိုင်မူဆလင်ရေးရာကောင်စီအဖွဲ့ဝင်တွေ၊ ခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်တွေ၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေရှေ့မှာမိသားစုဝင်တွေဆီ ကတိခံဝန်လက်မှတ်ထိုး ပြန်လွှတ်ပေးတာလို့ ဆိုကြပါတယ်။
အဲဒီမောင်တောခရိုင်မှာ ရိုဟင်ဂျာအမည်ခံလက်နက်ကိုင်တွေ၊ စစ်ကော်မရှင်တပ်နဲ့ဆက်စပ်ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားကြရသူတွေ ဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။






