Border News Agency

Facebook Twitter Youtube

BNA

  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • မူလ
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
ဆောင်းပါး နိုင်ငံရေး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏အပြောင်းအလဲအပေါ်လေ့ လာခြင်း

Author picture

By

BNA Author
Reading Time: 5 mins read
0
A A
0
SHARES
18
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

ဆိုရှယ်ဒီမိုကရေစီ အပိုင်း ၂။

နိုင်ငံအချို့၏စနစ်၊မူဝါဒအပြောင်းအလဲနှင့်ပြန်လည်တည်ဆောက်ရေးဖြစ်စဉ်အစ။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားနိုင်ငံ၏အပြောင်းအလဲအပေါ်လေ့ လာခြင်း။

ကွန်မြူနစ်စနစ်စီးပွားရေးမှအရင်းရှင်စနစ်စီးပွားရေးသို့…။

၁၉၉၁ ခုနှစ်ကွန်မြူနစ်စနစ်ကိုကျင့်သုံးသောဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် ရုရှားအနေဖြင့်နိုင်ငံတည်ဆောက်ရေးကို ပြန်လည်စတင်ခဲ့ရသည်။

ရုရှားအနေဖြင့်လည်း စီးပွားရေးစနစ်ကို ပြန်လည်ပြုပြင်ပြောင်းလဲမှုတွင် အခက်အခဲများကိုရင်ဆိုင်ခဲ့ရသည်။

ထိုကဲ့သို့ကွန်မြူနစ်စနစ်စီးပွားရေးမှအရှင်းရှင်စနစ်စီးပွားရေးဘက်သို့ ပြန်လ ည်ကူးပြောင်းရာတွင် ရုရှားအနေဖြင့်စ နစ်၊မူဝါဒ၊ယန္တရားအသစ်များကို ပြန်လည်တည်ဆောက်ခဲ့ရသည်။

ထိုသို့တည်ဆောက်ရာတွင် အရေးပါသောအစိတ်အပိုင်းအချို့ရှိနေသည်။

*မက်ကရိုအဆင့်စီးပွားရေးတည်ငြိမ်မှုကို ဆောင်ရွက်ခြင်း(Macroecon omic Stabilization)။

စီးပွားရေးအားအကြီးစားအဆင့် ပြန် လည်တည်ငြိမ်အောင်ဆောင်ရွက်ရမှုတွင် ရုရှားရင်ဆိုင်ခဲ့ရသောပြဿနာမှာ ရုရှားငွေတန်ဖိုးမြင့်တက်မှု(Inflation) ဖြစ်နေသည့် အချက်ဖြစ်သည်။

တိုင်းပြည်တခု၊နေရာဒေသတခုတွင် စီးပွားရေးတိုးတက်မှုမရှိဘဲ ခြွတ်ခြုံကျကာ ငွေသားတန်ဖိုးမြင့်တက်နေပါက ထိုအချက်သည် ပြည်သူလူထုလက်ထဲတွင် ငွေသားရှားပါးပြတ်လပ်မှုဖြစ်နေခြင်းကြောင့်ဖြစ်သည်။ ငွေသားစီးဆင်းမှုပြတ်လပ်နေမှုမှာ အကြောင်းတရားအမျိုးမျိုးကြောင့်လည်းဖြစ်နိုင်သည်။ တိုင်းပြည်မတည်ငြိမ်သောအခါ လူများသည် မိမိတို့၏သယ်ရပြောင်းရမ လွယ်ကူသော ဥစ္စာပစ္စည်းများကိုရော င်းချကာ ငွေသားကိုသာ မိမိလက်ထဲ ကိုင်ထားခြင်း၊ဘဏ်စနစ်များပြိုလဲနိုင် သည်ဟုထင်မြင်ကာ ဘဏ်များတွင် အ ပ်နှံထားသော မိမိတို့၏ငွေသားများအားထုတ်ယူကာ ကိုင်ထားခြင်းစသည့်အချက်များက ငွေသားစီးဆင်းမှုကို ပြတ်တောက်စေသည်။

ဤကဲ့သို့အခြေနေမျိုးတွင်ကုန်ပစ္စည်းများဈေးနှုန်းကျသွားတတ်ပြီး ကုန်ထုတ်လုပ်မှုများလည်းရပ်ဆိုင်းသွာတော့သည်။

အလွန်အမင်းငွေသားပြတ်လပ်၍ငွေသားတန်ဖိုးမာနေမှု(Hyperinflation) ကို အစိုးရမှအနာခံ၍ဖြေရှင်းမှုဖြင့်သာ ရုရှားဖြေရှင်းပေးခဲ့ရသည်။ပြည်သူထုအတွင်းမူ ငွေသားစီးဆင်းမှုမှာ လိိုအပ်နေသည်။

ထိုလိုအပ်ချက်ကို ဖြည့်ဆည်းရန် ငွေစက္ကူရိုက်ထုတ်ပါက ငွေတန်ဖိုး ရုတ်တ ရက်ထိုးကျသွားသည့် (Depression) ဒဏ်ကိုခံရမည်ဖြစ်သည်။

ရုရှားကတော့ အဆိုပါပြုပြင်ပြောင်းလဲရေးကာလတွင် ငွေစက္ကူရိုက်ထုတ်မည့်အစား မိမိ၏ဘတ်ဂျက်ကို ဖြတ်တော က်ကာ ထိုအစိုးရဘတ်ဂျက်ငွေအား ပြ ည်သူလူထုထဲ ပြန်စီးဆင်းစေသည့်န ည်းကို သုံးစွဲခဲ့သည်။

အစိုးရ၏လုပ်ငန်းများရပ်တန့်ခဲ့သော် လည်း လူထု၏လိုအပ်ချက်ကို ဖြည့်စွ က်နိုင်ခဲ့ကာ လူထုမှအစိုးရနှင့်နိုင်ငံရေးအခြေအနေအပေါ် ယုံကြည်မှုပြန်ရှိလာခဲ့သည်။ယုံကြည်မှုရှိလာသောအခါ မိမိပိုင်ငွေသားများအား ဘဏ်ထဲတွင် ပြန် လည်အပ်နှံလာခဲ့သည်။

ဤသို့ဖြင့်တဖြေးဖြေးချင်းငွေသားလည်ပတ်မှုပုံမှန်အခြေအနေကို ပြန်ရောက်ရှိသွားတော့သည်။

အစိုးရမှမိမိ၏ဘတ်ဂျက်ကို ဖြတ်တော က်ကာ ဘတ်ဂျက်ငွေအား ပြည်သူလူ ထုထဲ ပြန်စီးဆင်းစေသည့်နည်းကိုသုံးရာတွင် အမှန်တကယ် ငွေသားလိုအပ် ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ငွေသားဖြန့်ဝေထုတ်ပေးမှုအပေါ် တင်း ကျပ်သော မူဝါဒများကို ကျင့်သုံးခဲ့သ ည်။

ဤသို့ဖြင့် ရုရှားသည် ငွေသားစီးဆင်းမှုတည်ငြိမ်ခြင်း(Currency Stabilization) ကို ပြန်တည်ဆောက်နိုင်တော့သည်။

*စီးပွားရေးစနစ်ယန္တရားအဆောက်အ အုံအားပြောင်းလဲမှု (Structural Reform)။

  • ပုဂ္ဂလိကပိုင်ဆိုင်မှုကိုပြုလုပ်ခြင်း (Privatization)။

ရုရှားအနေဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ် ငန်းများကို ပုဂ္ဂလိကလုပ်ငန်းများအဖြ စ်ပြောင်းလဲရာတွင် စီးပွားရေးမောင်းနှင်မှုကို အရှိန်မြင့်စေရန်၊ရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်နိုင်ရန်နှင့်အရည်အ သွေးဝန်ဆောင်မှုကို ယှဉ်ပြိုင်မှုရှိစေရန် စသည့်အချက်များကို ဦးတည်၍ပြော င်းလဲခြင်းဖြစ်သည်။

သို့သော် ရုရှား၏ပုဂ္ဂလိကပိုင်ဆိုင်မှုကိုပြုလုပ်ခြင်းသည် လက်သင့်ရာစား တော်ခေါ်၊မျက်နှာကြီးရာဟင်းဖတ်ပါ ပုံစံအောက်မှရုန်းမထွက်နိုင်ဘဲ (Oligarcy)ပုံစံမျိုးသာဖြစ်လာခဲ့သည်။

  • ကုန်ဈေးနှုန်းလွတ်လပ်ခွင့်ပေးခြင်း (Price Liberalization)။

ဈေးကွက်၏ရောင်းလိုအားဝယ်လို အားအတိုင်း ဈေးနှုန်းကိုလွတ်ပေးထားခြင်းဖြစ်သည်။

ဤသို့လွတ်ပေးထားခြင်းသည် ဈေးကွ က်ကို ပိုမိုအားကောင်းလာစေရန်အတွ က်ဖြစ်သည်။

အကယ်၍သာ ဤသို့လွတ်ပေးထားခြင်းကြောင့် ဈေးကွက်နှင့်လူထုအား အကျပ်အတည်းဖြစ်ပါက အစိုးရမှ ဝင်ရောက်ထိန်းကျောင်းပေးရပြန်သည်။
ဤအဆင့်သည် ခက်ခဲသိမ့်မွေ့သောအ ဆင့်ဖြစ်သော်လည်း ဆိုဗီယက်ကာလတလျှောက်ရင်ဆိုင်ခဲ့ရသောကုန်ထုတ် လုပ်မှုကျဆင်းခြင်းနှင့်ကုန်စည်ပြတ် လပ်မှုကိုတော့ တနည်းတဖုံပြန်လည်ကုစားပေးသည်။

  • ဥပဒေနှင့်ယန္တရားများအား ဖွံ့ဖြိုးစေခြင်း။

ပုဂ္ဂလိကပိုင်ဆိုင်မှုအား အာမခံပေးသောဥပဒေနှင့်ယန္တရားများကိုတည် ထောင်ပေးခြင်းသည် တဖက်တွင်တော့ နိုင်ငံရေးဆိုင်ရာပြုပြင်ပြောင်းလဲရသော အစိတ်အပိုင်းလည်းဖြစ်သည်။

စာချုပ်စာတမ်းနှင့်ကတိကဝတ်အာမခံချက်ဆိုင်ရာကိစ္စရပ်များတွင်တရားမျှ တမှုကို ပေါ်လွင်စေရန်နှင့်ယုံကြည်အား ကိုးလောက်သည် တရားရေးဥပဒေစ နစ်ဖြစ်စေရန် ဆောင်ရွက်ခြင်းသည်လ ည်း စီးပွားရေးတည်ငြိမ်မှုနှင့်ရင်းနှီးမြု ပ်နှံမှုများကို ဆွဲဆောင်ရာရောက်သည်။

ကုန်စည်ကူးသန်းရောင်းဝယ်ခြင်းဆိုင် ရာနှင့်ပတ်သက်သောဥပဒေများ၊လူမွဲအဖြစ်ကြေညာခြင်းကဲ့သို့ ဥပဒေများကို ရေးဆွဲလာနိုင်သည်။

ထိုဥပဒေများနှင့်ပတ်သက်၍ ထိခိုက်နစ်နာသူတစုံတဦးသည် ရုရှားအစိုးရကို တရားစွဲနိုင်သည်ထိ တရားစီရင်ရေးအား သီးခြားလွတ်လပ်ခွင့်ပေးထား သည်။

  • လွတ်လပ်သောဈေးကွက်ဆိုင်ရာ ယှဉ် ပြိုင်ခြင်းမူဝါဒများ(Competition Policy)။

ဈေးကွက်အပေါ် လက်ဝါးကြီးအုပ်စနစ် (monopolies)ကိုတားဆီးခြင်း၊ကုန်ပ စ္စည်းတခုဖြစ်စေ၊လုပ်ငန်းတခုဖြစ်စေ အရည်အသွေးမြင့်၊ဈေးနှုန်းသက်သာဖြင့် ထုတ်လုပ်နိုင်ပါကမည်သူမဆို ဈေးကွက်တွင် ရောင်းချခွင့်ရှိခြင်းအား တရားမျှတမှုရှိစေရန် ဆောင်ရွက်လာနိုင်သည်။

ဤအချက်က တီထွင်ဆန်းသစ်မှုနှင့် စားသုံးသူဗဟိုပြုစနစ်ကို အားကောင်းလာစေသည်။

*ကမ္ဘာ့စီးပွားရေးသို့ ဝင်ရောက်ခြင်း (Integration into the Global Economy)။

  • နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွ ယ်ရေးအား တံခါးဖွင့်ပေးခြင်း (Opening to International Trade and Investment)။

နိုင်ငံတကာရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွ ယ်ရေးအား တံခါးဖွင်ပေးခြင်းတွင် ရု ရှားသည် ကုန်သွယ်ရေးဆိုင်ရာအတား အဆီးများကို ဖယ်ရှားပေးခဲ့ရသည်။

မိမိ၏ပြည်တွင်း၌ မိမိ၏ထုတ်ကုန်ကိုသာလည်ပတ်စေချင်မှုသည် နိုင်ငံတိုင်း ၏အာသီသဖြစ်သည်။မိမိထုတ်ကုန်အား ကာကွယ်လိုမှုကြောင့် အခြားနိုင်ငံမှတင်သွင်းလာသော အမျိုးအစားတူ အရည်အသွေးတူသည့် ကုန်ပစ္စည်းများကိုအခွန်တိုးကောက်ခြင်း၊ပိတ်ပင်ခြင်း စသည့်တို့ကို ပြုလုပ်လေ့ရှိကြသည်။

လွတ်လပ်သောဈေးကွက်စီးပွားရေးစနစ်တွင် ထိုသို့ပိတ်ပင်မှုသည် နှစ်ဖက်သွားပါသောဓားနှင့်တူ၍ ကိုင်တွယ်မ တတ်ပါက ပြဿနာရှိသောအချက်ပင်ဖြစ်သည်။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ဆွဲဆောင်ရာတွင် ထိုအချက်များ ၌လည်း ဖြေလျော့ပေးတတ်ရသည်။

ဤသို့ဖြင့် ရုရှားသည် ဈေးကွက်အား အခြားနိုင်ငံများ၏ဝင်ရောက်စွက်ဖက်မှုကို လမ်းဖွင့်ပေးခဲ့ရသည်။ကောင်း ကျိုးမှာ ပြည်ပမှနည်းပညာ၊အရင်းအ နှီးနှင့်နောက်ထပ်ဈေးကွက်အသစ်များကို ရရှိလာတော့သည်။

  • ပို့ကုန်၌ယှဉ်ပြိုင်မှုကိုတိုးတက်စေခြင်း (Developing Export Competitiveness)။

သဘာဝအရင်းအမြစ်များကို တင်ပို့ခြ င်းထက် အခြားသောစီးပွားရေးထုတ် ကုန်များကိုလည်း ရုရှားသည်ကမ္ဘာ့ ဈေးကွက်သို့တင်ပို့နိုင်လာသည်။

ဤအချက်ကစီးပွားရေးရေရှည်တည် တံ့လည်ပတ်မှုကို အားကောင်းလာစေသည်။

*ငွေကြေးဘဏ္ဍရေးဆိုင်ရာမူဝါဒနှင့် ငွေကြေးဆိုင်ရာအုပ်ချုပ်မှုစနစ် (Fiscal Policy and Governance)။

  • အံဝင်ဆီလျော်သော ဘဏ္ဍရေးစီမံခန့်ခွဲမှု(Prudent Fiscal Management)။

အစိုးရ၏ငွေသုံးမှုအပိုင်းတွင် ဝင်ငွေ၊ထွက်ငွေကို မျှတအောင်သုံးစွဲနိုင်သော စီမံခန့်ခွဲမှုက ရုရှား၏စီးပွားရေးကိုများစွာအထောက်အကူပြုခဲ့သည်။အစိုးရနှင့်ပြည်သူ၏ကြွေးတင်မှုများကို ထိန်း ချုပ်လာနိုင်သည်။

ရုရှား၏နည်းနာတွင် ဘတ်ဂျက်အားအစိုးရမှလျော့သုံး၍ ပြည်သူများ၏ အရင်းအနှီးများဘက်တွင် ငွေပိုသုံးခြင်းဖြစ်သည်။

အစိုးရ၏တည်ဆောက်ရေးလုပ်ငန်းများအားနည်းသော်လည်း ပြည်သူအ တွက် စီးပွားရေးဆိုင်ရာအရင်းအနှီးများ ရှိလာခဲ့သည်။

ထိုအရင်းအနှီးများဖြင့် ပြည်သူများ၏ လုပ်ငန်းလည်ပတ်လာသောအခါ အခွန်ငွေရရှိလာပြီးအစိုးရ၏ လုပ်ငန်းများကို တဖန်ပြန်လည်ပတ်လာနိုင်သည်။

  • အာဂတိတရားများကို တိုက်ဖျက်နိုင်ခြင်း(Reducing Corruption)။

စီးပွားရေးအားပြန်လည်တည်ဆောက်မှုနှင့်ပြည်သူအား အရင်းအနှီးများပံပိုးမှုများတွငျ အဂတိတရားနှငျ့လာဘျပေးလာဘျယူကိစ်စများကို တိုက်ဖျက်နိုင်သ ည့်တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များက ရုရှားကို များစွာအထောက်အ ကူပြုခဲ့သည်။

အစိုးရအဆင့်အသီးသီးနှင့်စီးပွားရေးဆိုင်ရာကဏ္ဍအသီးသီးတွင် တရားမျှ တမှု၊တန်းတူညီမျှမှုကို ဖော်ဆောင်ပြခြင်းက နိုင်ငံတကာရင်းနှီးမြုပ်နှံသူ များကို စွဲဆောင်လာစေသည်။

  • အုပ်ချုပ်မှုအရည်အသွေးနှင့်ပွင့်လင်းမြင်သာမှုစသည့်နယ်ပါယ်များ တိုးတ က်လာခြင်း(Improving Governance and Transparency)။

အစိုးရ၏ဆောင်ရွက်မှုနှင့်ပွင့်လင်းမြင် သာမှုရှိခြင်းသည် ရုရှားအတွက် စီးပွား ရေးဖြစ်စဉ်များ၌ ယုံကြည်မှုပိုရစေသ ည်။

ထိုပြင် စီးပွားရေးတိုးတက်ရန်လည်း ရေခံမြေခံကောင်းများကိုဖြစ်လာစေ သည်။

*လူသားအရင်းအမြစ်တိုးတက်ဖြစ် ထွန်းမှု(Human Capital Development)။

  • ပညာရေးနှင့်ကျန်းမာရေးစောင့်ရှောက်မှုတွင် အစိုးရမှရင်းနှီးမြုပ်နှံကာ ငွေပိုသုံးခြင်း(Investing in Education and Healthcare)။

ပညာရေးနှင့်ကျန်းမာရေးကဲ့သို့ ဖြစ်စဉ်များတွင် ငွေပိုသုံးခြင်းက ပညာတတ်၍ ကျန်းမာသန်စွမ်းသောလုပ်သားအင် အားစုကို ဖြစ်ထွန်းစေသည်။

ထိုကဲ့သို့ ပညာတတ်လုပ်သားစုများက ရုရှား၏စီးပွားရေးဖွံ့ဖြိုးမှုကို များစွာအ ရှိန်ရစေခဲ့သည်။

  • စွမ်းရည်မြင့်လိုက်လျော့ညီထွေလုပ် သားစုဖြစ်ရန် စီမံခန့်ခွဲနိုင်ခြင်း (Promoting Labor Mobility and Flexibility)။

ကုန်ထုတ်လုပ်ရာတွင် ကုန်ပစ္စည်းတမျိုးတည်းသာထုတ်လုပ်ရန် ကျွမ်းကျင်သော လုပ်သားစုမဟုတ်ဘဲ ဈေးကွက်ကတောင်းဆိုလာသည့် အခြားလုပ်ငန်းများကိုပါ ဆောင်ရွက်နိုင်သောအရည် အချင်းရှိရန်အတွက် သင်တန်းများကို ရုရှားသည် ငွေသုံး၍ အကောင်အထည် ဖော်ခဲ့သည်။

အကျိုးဆက်က ရုရှားတွင် နည်းပညာ၊ ကုန်ထုတ်လုပ်မှုနှင့်ပတ်သက်၍ နယ်ပါယ်စုံကျွမ်းကျင်သော လူသားအရင်းအ မြစ်များကိုရရှိလာပြီး စီးပွားရေးကို များစွာအထောက်အကူဖြစ်စေသည်။

အထက်တွင်ဖော်ပြခဲ့သောအချက်များက ၁၉၉၁ ခုနှစ်နောက်ပိုင်းတွင် ရုရှားအနေဖြင့် ကွန်မြူနစ်စီးပွားရးမှ အရင်းရှင်စီးပွားရေးသို့ ပြောင်းလဲရာတွင် ဆောင်ရွက်ခဲ့သောအချက်များဖြစ် သည်။

ရုရှား၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် တရုတ်၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ထက် နှစ်ပေါင်းနှစ်ဆယ်ခန့်နော က်ကျသည်။

တရုတ်ပြည်၏ပြုပြင်ပြောင်းလဲမှုများမှအကောင်းအဆိုးကို ရုရှားအနေဖြင့် သင်ခန်းစာယူနိုင်ခဲ့ပုံရသည်။

ရုရှား၏စီးပွားရေးပြုပြင်ပြောင်းလဲရေးတွင် အားသာချက်တခုမှာသဘာဝ ဓာတ်ငွေ့ဖြစ်သည်။သဘာဝဓာတ်ငွေ့ရောင်းရငွေက ရုရှားကို များစွာအ ထောက်အကူဖြစ်စေခဲ့သည်။

နောက်ထပ်အားသာချက်တခုမှာ နည်းပညာထွန်းကားမှုဖြစ်သည်။ကွန်မြူနစ်ကာလများတွင်ပင် စီးပွားရေးစုတ်ပြတ်သတ်နေသော်လည်း သိပ္ပံနှင့်နည်းပ ညာ၌ ရုရှားသည်ရှေ့ရောက်နေသည်။

ကွန်မြူနစ်အုပ်ချုပ်သူများအနေဖြင့် သယံဇာတရောင်းရငွေများကို သိပ္ပံနှင့်နည်းပညာနယ်ပါယ်တွင် သုံးစွဲခဲ့ခြင်း ၏ အကျိုးရလဒ်ပင်ဖြစ်သည်။နောက်အားသာချက်တခုမှာ အခြေခံအဆော က်အအုံများ အလုံအလောက်ရှိခြင်းဖြ စ်သည်။

ဆိုရှယ်ဒီမိုကရေစီစံနှုန်းဖက်က ရုရှား ၏စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို ချဉ်းကပ်ခြင်း။

ရုရှားသည် ဆိုရှယ်ဒီမိုကရေစီကျင့်သုံးသော နိုင်ငံမဟုတ်ပေ။သို့ရာတွင် ရုရှား ၏စီးပွားရေးပြုပြင်ပြောင်းလဲရေး၌ ဆိုရှယ်ဒီမိုကရက်တစ်စံနှုန်းများ တစိတ်တပိုင်းပါဝင်နေခဲ့ပါသည်။ဥပမာ- အစိုး ရမှဘတ်ဂျက်ကိုလျော့သုံး၍ လူထုအ တွက် စီးပွားရေးအရင်းအနှီးများပံပိုးမှုများအဖြစ်ပြောင်းလဲခြင်း၊ပညာရေးနှင့်ကျန်းမာရေးတွင် အစိုးရမှတာ ဝန်ယူသ ည့်ကဏ္ဍများရှိခြင်းစသည့်အချက်များဖြစ်သည်။

သို့သော်ရုရှားအနေဖြင့် စီးပွားရေးပြု ပြင်ပြောင်းလဲမှုနှင့်ပုဂ္ဂလိကပိုင်ဆိုင်မှုကိုပြုလုပ်ရာတွင် မည်မျှပင်တရားမျှ တသော ဥပဒေများကို တည်ဆောက်ထားစေကာမူ မျက်နှာများရာ ဟင်းဖတ်ပါသည့် အလေ့အကျင့်များက ပျောက်မသွားခဲ့ပေ။

ဤသို့ဖြင့် ခရိုနီအုပ်စုများ ပေါ်ပေါက်လာတော့သည်။ရုရှား၏စီးပွားရေးတွ င်ထုတည်အင်အားကြီးမားသော အာ ဏာပိုင်များနှင့်နီးကပ်သော ခရိုနီအုပ်စုများရှိနေသည်။ရုရှားခရိုနီများသည် ရု ရှားသဘာဝဓာတ်ငွေ့လုပ်ငန်းများ၊ဘ ဏ်လုပ်ငန်းများနှင့်ဆက်နွယ်မှုကြီးမားသည်။

လုပ်ပိုင်ခွင့်ရှိသော အာဏာပိုင်များနှင့်နီးကပ်သော ခရိုနီများပေါ်ထွက်ခြင်းသ ည်”စီးပွားရေး၌ အတိုင်းအတာတခုထိ လွတ်လပ်မည်ဖြစ်သော်လည်းနိုင်ငံ ရေးနယ်ပါယ်၌ ဒီမိုကရေစီဆိတ်သုဥ်
သည့် လက္ခဏာလည်းဖြစ်သည်”။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက် အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းတွင် ရော က်လာခဲ့သော်လည်း အဘယ်ကြောင့် အာဏာရှင်ပုံစံဘက်သို့ ရုရှားပြန်ရော က်နေရသနည်းဆိုသည်မှာလည်း စိတ် ဝင်စားစရာကောင်းလှသည်။

ရုရှားသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒီမိုကရေစီ၊ဖက်ဒရယ်နှင့်ပါတီစုံစနစ်ကို ကျင့်သုံးသောနိုင်ငံဖြစ်သည်။ တရုတ်ကဲ့သို့ တပါတီစနစ်နိုင်ငံမျိုးမဟုတ်ပေ။

လူ့အခွင့်အရေး၊ ဒီမိုကရေစီနှင့်လွတ်လ ပ်ခွင့်တို့သည် ရုရှား၏ဖွဲ့စည်းပုံအခြေခံဥပဒေ၏အခန်း(၁)၊ပုဒ်မ(၂)တွင်ခန့်ထ ည်စွာပါဝင်နေပေသည်။

ဤသို့ဆိုပါလျှင် အဘယ်ကြောင့် ရုရှားသည်အာဏာရှင်ပုံစံဘက်ကို ပြန်၍ ရောက်ရှိလာရပါသနည်းဆိုသောမေး ခွန်းအပေါ် ကောက်ချက်အမျိုးမျိုးရှိကြသော်လည်း ရုရှားတို့၏ဇာတိမာန်စိတ်နှင့်သယံဇာတအချက်နှစ်ချက်ကိုသာ ကောက်ချက်ဆွဲပြထားမည်။

ရုရှားတို့သည်ဇာတိမာန်စိတ်ကြီးကြသည်။ကွန်မြူနစ်ခေတ်ကာလတလျှော က် ရုရှားပြည်သူလူထုသည် စုတ်ပြတ်သတ်သွားခဲ့သည်။

သို့သော်တဖက်တွင်လည်းသိပ္ပံနှင့်နည်းပညာက တိုးတက်နေခဲ့သည်။ရုရှားကွ န်မြူနစ်အစိုးရများသည် သယံဇာတမှရသောငွေကြေးအချို့တဝက်ကို နည်းပညာ၊သုတေသနအတွက် အသုံးပြုကြသည်။

ဤအကျိုးဆက်က ရုရှားလူ့အဖွဲ့အစ ည်းတွင် အနောက်ကမ္ဘာနှင့်ယှဉ်နိုင်လောက်သော ပညာတတ်အလွှာတရပ်ရှိနေခဲ့ခြင်းပင်။တဖက်တွင်လည်း ရု ရှားပြည်သူများငတ်ပြတ်နေကြသဖြင့် အနောက်ကမ္ဘာတွင် သွား၍အလုပ်လုပ်ရသည်။

ယင်းခေတ်ကာလက ရုရှားဆိုသည်နှင့် ပြည့်တန်ဆာပေါသောနေရာဟုပင် ကင် ပွန်းတတ်ခံခဲ့ရသည်။

ဤအချက်က ရုရှားပညာတတ်အလွှာအတွက် ခံပြင်းစရာဖြစ်မည်ဖြစ်သည်။ ယင်းသို့ခံပြင်းချက်က ဇာတိမာန်ကို
ရိုက်ခတ်လာပုံရသည်။

အနောက်ကမ္ဘာသည် ရုရှားတို့အတွက် သက်တောင့်သက်သာဖြစ်စရာရပ်ဝန်းမဟုတ်ဟူသောခံစားချက် ရှိနေမည်ဖြစ်သည်။

ဆိုဗီယက်ပြည်ထောင်စုပြိုကွဲမှုကဲ့သို့ သက်ရောက်မှုသည် ဇာတိမာန်ကြီးသ ည့် ရုရှားအဖို့ကသိကအောင့်ဖြစ်စရာသမိုင်းလည်း ဖြစ်နေမည်ဖြစ်သည်။

ဤအခြေအနေခံစားချက်များက ရုရှားတို့အဖို့ အနောက်ကမ္ဘာကို သူတင်ကိုယ်တင် ရင်ဆိုင်ရဲသော ခေါင်းဆောင်မျိုးကို သဘောကျကြမည်လည်းဖြစ်သ ည်။

ဤသို့ဖြင့် ပူတင်လိုမျိုးခေါင်းဆောင် သည် ရုရှားလူ့အဖွဲ့အစည်းထဲတွင် နေ ရာရလာသည်။နေရာရလာရန်လည်း ခရိုနီအုပ်စုများကသြဇာကြီးသည်။ခရိုနီအုပ်စုများက သဘာဝဓာတ်ငွေ့လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားသည်။ အာဏာရပ်ဝန်းနှင့်ခရိုနီဆိုသည်က အ ပြန်အလှန်အကျိုးစီးပွားအရ မိတ်ဖက်များဖြစ်တော့သည်။သဘာဝဓာတ်ငွေ့ မှရေသာအကျိုးအမြတ်က ရုရှားအစိုး ရကို ကိုလည်ပတ်စေနိုင်သည်။

ရုရှားလူထုထံမှအခွန်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ သဘာဝဓာတ်ငွေ့မှ ဝင်သောဝင်ငွေသည် ရုရှားအစိုးရအဖို့ အ တိုင်းအတာတခုထိလည်ပတ်နိုင်သည်။

သယံဇာတကျိမ်စာသဘောမျိုးဟုဆိုရမည်။ပြည်သူလူထုတွင် ဇာတိမာန်စိတ် ကြီးခြင်း၊ထိုဇာတိမာန်အား အာဏာပိုင်များနှင့်ခရိုနီများက ၎င်းတို့အကျိုးစီး ပွားအတွက်အသုံးချနိုင်ခြင်း၊သဘာဝသယံဇာတဝင်ငွေဖြင့် အာဏာပိုင်များနှင့်ခရိုနီများရပ်တည်နိုင်ခြင်းစသည့်အချက်များက ရုရှားအား အာဏာရှင်နိုင်ငံမျိုးဘက်သို့ ပြန်သွားစေခဲ့သည်ဟု ဆိုရမည်ပင်။

ရုရှားတဦးအတွက် ဒီမိုကရေစီကိုလိုချ င်သည်။ပူတင်ကိုမကြိုက်ဟူသောအဓိ ပ္ပါယ်မှာ အနောက်ကမ္ဘာအား ဆရာတင် ၍သြဇာခံအဖြစ် နေရမည်ကိုဆိုလိုခြင်းမဟုတ်ပေ။

လွတ်လပ်သောဂုဏ်သိက္ခာရှိသည့်အ ခြေအနေကို ရချင်သည်ဟု ဆိုလိုရင်းသာဖြစ်သည်။

အာရက္ခလူ့ဘောင်အားသုံးသပ်ခြင်း

ရုရှားတို့၏ဖွဲ့စည်းပုံအခြေခံ နိဒန်းပိုဒ်တွင်ပင် “ပြည်သူလူထု၏ ကိုယ်ကံကြ မ္မာကိုယ်ဖန်တီးခွင့်နှင့်တန်းတူညီမျှခွင့်ကို ဦးတည်လျှက်၊တရားမျှတမှုနှင့်ကောင်းမြတ်သန့်စင်မှုအပေါ်တွင်ယုံ ကြည်သော၊အဖမြေအပေါ်တွင်ချစ်မြတ်နိုးသော ဘိုးဘွားစဉ်ဆက်တို့ကို အောက်မေ့သတိရလျှက်၊ဒီမိုကရက်စံနှုန်းများကိုအခြေတည်လျှက် အချုပ် အခြာအာဏာပိုင်နိုင်ငံအဖြစ်ရပ်တည်လျှက်…”စသဖြင့် ဇာတိမာန်ကို ဟစ် ကြွေးထားသည်။

အာရက္ခလူ့ဘောင်သည် ရုရှားလူ့ဘောင်ကဲသို့ ဇာတိမာန်အပေါ်တွင် ဟစ်ကြွေးတတ်သော လူ့ဘောင်ဖြစ်သည်။

သို့သော် ရုရှားတို့ကဲ့သို့ဖွဲ့စည်းပုံအခြေ ခံဥပဒေကား အာရက္ခလူ့ဘောင်တွင် ဖြစ်မလာသေးပေ။ဆိုဗီယက်ခေတ်လွန်ကာလ ကွန်မြူနစ်စီးပွားရေးမှ အရင်းရှင်စီးပွားရေးသို့ ပြောင်းလဲရာတွင် ရု ရှားသည် နိုင်ငံတည်ဆောက်ရေး(Sta te Building)ဖြစ်စဉ်အားဖြတ်သန်းခဲ့ရသည်။

၁၉၉၁ ခုနှစ်တွင် အပြောင်းအလဲစတင်ပြီး ၁၉၉၃ ခုနှစ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေတရပ်ကိုအတည်ပြုလာနိုင်ခဲ့
သည်။

ရုရှား၏ပြုပြင်ပြောင်းလဲရေးအစတွင် ရင်ဆိုင်ရသောပြဿနာမှာ ရုရှားငွေ သားစီးဆင်းမှုပြတ်တောက်ခြင်းဖြစ် သည်။

လက်ရှိ အာရက္ခလူ့ဘောင်တွင်လည်း ငွေသားစီးဆင်းမှုပြတ်တောက်နေသ ည်။

ရုရှားများက ငွေသားတန်ဖိုးမာ၍ ပြတ်တောက်ခြင်းဖြစ်သော်လည်း အာရက္ခလူ့ဘောင်တွင် ငွေသားတန်ဖိုးကျဆင်းကာ ပြတ်တောက်မှုဖြစ်သည်။ရုရှားကဲ့ သို့ သဘာဝသယံဇာတမှဝင်ငွေအား ကိုင်တွယ်သုံးစွဲနိုင်ခြင်းမျိုးကား အာရက္ခလူ့ဘောင်တွင်ရှိမနေပေ။

ရုရှားတို့၏ ၁၉၉၁ ခုနှစ်နောက်ပိုင်းဖြ တ်သန်းမှုနှင့်လက်ရှိအာရက္ခလူ့ဘောင်အခက်အခဲအားထပ်တူပြု၍နှိုင်းယှဉ်ပါက တရားမျှတမည်လည်းမဟုတ်ပေ။

သို့ရာတွင် ရုရှားနမူနာများမှ အာရက္ခလူ့ဘောင်အတွက် သင်ခန်းစာယူစရာအချက်အချို့ရှိနေပေသည်။

စီးပွားရေးအားပြန်လည်တည်ဆောက်မှုတွင် ရုရှားအစိုးရသည် မိမိ၏အသုံးစာရိတ်ကိုလျော့ကာ ပြည်သူလူထုနှင့် ဈေးကွက်အတွက် အရင်းအနှီးများအ ဖြစ်အသုံးပြုခဲ့သည်။

အာရက္ခလူ့ဘောင်အား အုပ်ချုပ်နေသူ များအနေဖြင့် လက်ရှိတွင် ထိုနည်းအ တိုင်းပြုလုပ်နိုင်မည်မဟုတ်ပေ။

သို့ရာတွင် ကုန်စည်ကူးသန်းရောင်းဝယ်မှုများ၌အခွန်အခကိုဖြေလျော့ခြင်း၊ အာရက္ခပြည်တွင်း ကုန်စည်သယ်ယူမှုကုန်ကျစာရိတ်အားသက်သာစေရန်အားထုတ်ခြင်း၊ပြန်လည်နာလန်ထူနိုင်သော လုပ်ငန်းငယ်များအား လည်ပတ်နိုင်ရန်ပံပိုးပေးခြင်း၊ငွေသားသိုလှော င်၍ ဟောင်းနွမ်းငွေကြေးများကို လှဲ လှယ်ပေးခြင်း၊ငွေသားစီးဆင်းမှုကို တည်ငြိမ်အထောက်အကူဖြစ်စေရန် စီစဉ်ခြင်း၊ ငွေသားပြတ်လပ်မှုနှင့်ငွေစ က္ကူအတုဒဏ်ကိုမခံရအောင် စီမံခြင်းစသည့် အချက်များကိုတော့ အနာခံကာ ဆောင်ရွက်နိုင်သည်။

ရုရှားကဲ့သို့ နည်းပညာထွန်းကားသော လူတန်းစားဆိုသည်မှာက အာရက္ခလူ့ ဘောင်တွင် ပေါ်ထွက်လာရန် များစွာသော အချိန်ကြာအုံးမည်ဖြစ်သည်။ပ ညာတတ်အလွှာကသာ ရှားပါးသော်လ ည်း လက်ရှိ အာရက္ခပြည်၏စီးပွားရေးတွင် ရုရှားကဲ့သို့ ခရိုနီလူတန်းစားပေါ် ထွက်လာနိုင်ပေသည်။

ထိုခရိုနီလူတန်းစားသည် ရုရှားကဲ့သို့ သဘာဝဓာတ်ငွေ့ကို မရောင်းနိုင်သော် လည်း သစ်တောကဲ့သို့ သယံဇာတများကို လက်ဝါးကြီးအုပ်လာနိုင်သည်။

ထို့ပြင် လက်ရှိတွက်ချေကိုက်သော သ က်ရှိသက်မဲ့ကုန်ပစ္စည်းများကူးသန်းဖ လှယ်မှုများ၌ လက်ဝါးကြီးအုပ်ကာ စီး ပွားရေးတန်းတူညီမျှလုပ်ပိုင်ခွင့်များတွ င် ဟန်ချက်မညီမှုများရှိလာနိုင်သည်။

ရုရှားကဲ့သို့ ကုန်ထုတ်လုပ်မှုများကို တိုးတက်အောင် အာရက္ခလူ့ဘောင်မစွမ်းဆောင်နိုင်သေးချေ။အရည်အ သွေးနှင့်ဈေးနှုန်းသက်သာပါက မည်သည့်ကုန်ပစ္စည်းမဆို အာရက္ခပြည်ဈေးကွက်တွင် ရောင်းချခွင့်ဆိုသည်မှာလည်း အလှမ်းဝေးလွန်းနေသေးသည်။

ဤသို့ဖြင့် အာရက္ခပြည်ဈေးကွက်တွင် ပိတ်ပင်ထားသော ကုန်ပစ္စည်းတချို့သ ည် မှောင်ခိုဈေးကွက်ဘက်ကိုသာရော က်လာပြီး အုပ်ချုပ်သူများအတွက် အ ခွန်အခလေလွင့်မှုကသာ အဖတ်တင်မည့်အနေအထားမျိုးလည်း ရှိနေသ ည်။

တရုတ်၊ ရုရှားတို့၏ အပြောင်းအလဲကာ လတွင် အုပ်ချုပ်သူများမှဈေးကွက်အသစ်များရှာဖွေကာ စီးပွားရေးဆိုင်ရာစာချုပ်စာတမ်းများနှင့်ပတ်သက်၍ တ ရားမျှတမှုကိုရရှိရန် ဥပဒေယန္တရားများကိုပါ တည်ဆောက်ကိုင်တွယ်ခဲ့သော် လည်း အာရက္ခလူ့ဘောင်တွင် ငွေပေးငွေယူချေးငှါးကိစ္စများ အမှုအခင်းအ ဆင့်တွင်သာ လက်မလည် ကိုင်တွယ်နေရဆဲဖြစ်နေပုံရသည်။

စီးပွားရေးဆိုင်ရာနှင့်ဆက်နွယ်သော ကိစ္စများအား ပြစ်မှုဆိုင်ရာအောက်သာချဉ်းကပ်နေပါက Social Justice ဟူ သည် အဓိပ္ပါယ်မရှိတော့ပေ။

ရုရှား၏အပြောင်းအလဲကာလတွင်အ စိုးရ၏အုပ်ချုပ်မှုအရည်အသွေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှုကို ဆောင်ရွက်ခဲ့သော်လည်း အာရက္ခလူ့ ဘောင်အတွက် မူဝါဒများချပြရန်ပင်ဝေဝါးနေဆဲဖြစ်သည်။

အုပ်ချုပ်မှုအရည်အသွေးနှင့်အုပ်ချုပ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု၊တရားမျှတမှုကိုအာမခံချက်ပေးမှုများက ရု ရှားအတွက် ယုံကြည်မှုကိုဖြစ်လာစေကာ အသိပညာ၊အတတ်ပညာ၊ နည်းပညာများ၊ အရင်းအနှီးအရင်းအမြစ်များက ရုရှားထံပြန်လည်စီးဆင်းလာရန် အ ထောက်အကူဖြစ်စေခဲ့သည်။

အာရက္ခလူ့ဘောင်တွင် မူဝါဒများကို သိုဝှက်လျက် အသိပညာ၊အတတ်ပ ညာနှင့်အရင်းအမြစ်များကို ရှာပုံတော်ဖွင့်နေသည်။

ဒီမိုကရက်စံတန်ဖိုးနှင့် မူဝါဒဆိုင်ရာပွင့် လင်းမြင်သာမူအပေါ် အာမခံချက်မရှိဘဲအသိပညာ၊အတတ်ပညာနှင့်အရင်း အမြစ်များက ရှင်သန်ရန်လည်းမလွယ်ကူနိုင်ပေ။

ရုရှားနှင့်အာရက္ခလူ့ဘောင်အား ညီမျှခြင်းထိုးချဉ်းကပ်ကာ ဤပုံဤနည်းမဖြစ်ရမည်လားဟုကောက်ချက်ချနေပါကလည်း တရားမျှတမည်မဟုတ်ပေ။

သို့ရာတွင် သင်ခန်းစာအမြင်ဘက်မှကြည့်လျှင် ရုရှားလူ့ဘောင်၏ ၁၉၉၁ ခုနှစ်အလွန် ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်သည် အာရက္ခလူ့ဘောင်အတွက်တော့ အကျိုးမယုတ်နိုင်ပေ။

PrevPreviousစစ်တွေမြို့ကပြည်သူတွေ ပိတ်လှောင်ခံထားရ
Nextအာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့မှအရပ်သားပြည်သူတွေဟာ မြို့တွင်းထဲမှာ ပိတ်လောင်ခံထားကြရNext
Previous Post

စစ်တွေမြို့ကပြည်သူတွေ ပိတ်လှောင်ခံထားရ

Next Post

အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားဆဲစစ်တွေမြို့မှအရပ်သားပြည်သူတွေဟာ မြို့တွင်းထဲမှာ ပိတ်လောင်ခံထားကြရ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

Releated Post

မယ်သမီခီးကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်လို့ အရပ်သားတချို့ဒဏ်ရာရ

October 14, 2025

ကျွန်းနီပေါ်က ဆထရိုကာဆထရန်နာ ဂျော်လီရိုဂျာ

October 14, 2025
(ဓာတ်ပုံ - လူငယ်တွေခက်ခက်ခဲခဲနေရပ်စွန့်ခွာနေကြပုံ / BNA)

စစ်မှုထမ်းဥပဒေကြောင့် မြန်မာလူငယ်တွေကြား မလုံခြုံမှုအဆိုးဆုံးဖြစ်နေ

October 14, 2025
Photo - TLEC

စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ TLEC ရဲ့စာသင်ကျောင်းတွေပျက်စီး

October 14, 2025

နမ့်ဆန်ကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

October 14, 2025

လွိုင်လင်လေးတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်ဆယ်ဦးသေဆုံး

October 14, 2025

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page