Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စီးပွားရေး ဆောင်းပါး တောင်ကုတ်ခရိုင် နိုင်ငံရေး လူမျိုးရေးရာ အာရက္ခဒေသ

တောင်မင်းကျော်ထွီးမြေ၌ နတ်သစ်ရွက်တို့ ပျောက်ဆုံးခြင်း

Author picture

By

BNA Author
Reading Time: 6 mins read
0
A A
0
SHARES
116
VIEWS
Share on FacebookShare on Twitter

မောင်တူရေးသည်။

Border News Agency
တောင်ကုတ်၊ ဇူလိုင် ၁၀။

ဟိန္ဒူဘာသာဝင်များ၏ကျမ်းစာအဆိုအရ နတ်သစ်ရွက်(The Celestial Leaf)အဖြစ် တင်စားသောသစ်ရွက်အား တမ်ဘူလ(Tambula)ဟုခေါ်ကြသည်။အဆိုပါ တမ်ဘူလမှာအခြားမဟုတ်ပေ။ကွမ်းရွက်(Betel)ပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၁၅၀၀ ကျော်ကာလကရေးခဲ့သည့် ဟိန္ဒူပေါရာဏကျမ်းများအဆိုအရ ကွမ်းရွက်သည်ဂန္ဓဝင်ဆန်၏။ရာဇဝင်ဆန်၏။

ထိုကျမ်းများ၏အဆိုအရ ကွမ်းရွက်အောက်ပိုင်းတွင် ကာလီစောင့်သည်။အလယ်တွင် သူရဿတီစောင့်သည်။အထက်တွင် လက္ခမီးစောင့်သည် ဟုဆိုသည်။အချို့သော ပေါရာဏကျမ်းများတွင်ကား ကွမ်းရွက်၏ဘယ်ဘက်အခြမ်းတွင် မင်္ဂလာနတ်သမီးစောင့်၍ ညာဘက်တွင်ကား ဘူမိဒေဝီနတ်သမီးစောင့်သည်ဟု ဆိုကြသည်။

ဟိန္ဒူပေါရာဏကျမ်းများတွင်သာမက ကွမ်းစားသောဓလေ့ရှိကြသော ကမ္ဘာကြီး၏နေရာဒေသအများစုတွင် ကွမ်းရွက်အား တော်ဝင်မွန်မြတ်သည့်သဘောမျိုးကို ဖွဲ့ဆိုကြသည်။

ထိုအပြင် လူမှုယဉ်ကျေးမှုအရ ကွမ်းအား အမျိုးသမီးများနှင့် ပိုမိုဆက်စပ်ပြကြသည်။ဥပမာ – ရပ်ဓလေ့၊ရွာဓလေ့များ၌ ”ကွမ်းတောင်ကိုင်”ဟူသော ဘွဲ့ပေးခံရခြင်းသည် နှယ်နှယ်ရရတော့ မဟုတ်ပေ။

လက်ရှိဘဝတွင်လည်း ထိုကွမ်းစားသောဓလေ့ရှိသည့် ကမ္ဘာကြီး၏နေရာဒေသများ၌ ကွမ်းမှာအမျိုးသမီးများနှင့်ပိုမိုဆက်နွယ်သောလူမှုစီးပွားဘဝရှိကြသည်ပင်။

ကမ္ဘာပေါ်တွင် ကွမ်းစားခြင်းဓလေ့အားဖြင့် ကွမ်းရွက်စားခြင်း(Betel Eating) နှင့်ကွမ်းသီးစားခြင်း(Areca Nut Eating) ဟူ၍ ရှိကြသည်။ကွမ်းစားသည်ဟုပြောလျှင် ထိုနှစ်မျိုးစလုံးအကြုံးဝင်ပေသည်။

ကွမ်းစားသောဓလေ့ရှိသော ကမ္ဘာကြီး၏နေရာဒေသများမှာ …

  • ၁။ တောင်အာရှတွင်ခုနှစ်နိုင်ငံ(အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ၊ပါကစ္စတန်၊သီရီလင်္ကာ၊မော်လဒိုက်)။
  • ၂။ အရှေ့အာရှတွင်နှစ်နိုင်ငံ(ထိုင်ဝမ်၊တရုတ်ဟိုင်နန်ဒေသနှင့်ဟူနန်ဒေသ)။
  • ၃။ သမုဒ္ဒရာပိုင်းဇုန်တွင်..
    • က။ပါပူအာနယူဂီနီ၊ဆော်လမွန်ကျွန်းစု၊ပါလာအု၊ဂူအမ်၊ဗန်နူတူစသည့်မာလေးနီးရှင်းနိုင်ငံများ။
    • ခ။မိုင်ခရိုနီးရှား။
    • ဂ။ဖီဂျီ၊ဆာမိုအာ၊တွန်ဂါစသည့် ပိုလီနီးရှားနိုင်ငံများ။
  • ၄။ စင်ကာပူမှလွှဲ၍ကျန်အရှေ့တောင်အာရှဒေသကိုးနိုင်ငံစသည့်နေရာဒေသများမှာကွမ်းစားခြင်းဓလေ့(Betel and Areca Nut Eating)ရှိကြသည်။

ကမ္ဘာ့တွင်ကွမ်းစားခြင်းဓလေ့ရှိသောနေရာဒေသများ

ကိုးကားဝီကီပီဒီးယား
ကိုးကားဝီကီပီဒီးယား

ထိုကဲ့သို့ ကွမ်းစားခြင်းဓလေ့ရှိသော နေရာဒေသများတွင် အများသူငါနေရာများ၌ ကွမ်းတံထွေးထွေးခြင်းနှင့်ပတ်သက်၍ ပြဿနာများရှိကြသည်မှာ ပုံမှန်ပင်ဖြစ်နေသည်။ 

ထိုပြဿနာများကို ဖြေရှင်းရာ၌လည်း အခက်အခဲအချို့မှာတူညီကြသည်။အချို့မှာမတူညီကြပေ။

၂၀၁၆ ခုနှစ်တွင် ပါပူအာနယူဂီနီ၏မြို့ တော်ပေါ့တ်မိုးစဘီ(Port Moresby)တွင် FIFA U 20 World Cup ကျင်းပမည့်အချိန်တွင် လမ်းဘေးကွမ်းယာရောင်း ချမှုကို တားမြစ်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင်လည်း ပစိဖိတ်အား ကစားပွဲတော်အတွက် ထိုသို့တားမြစ်ခဲ့ဖူးသည်။အကယ်၍ တစုံတယောက်က ထိုတားမြစ်ချက်ကို ဖောက်ဖျက်၍ ကွမ်းယာရောင်းချခဲ့လျင် ဖမ်းဆီးခံရမည်ဖြစ်သည်။

ဤတွင် ပါပူအာနယူဂီနီအတွက် အခက်အခဲများရှိလာသည်။အခက်အခဲတခုက ပါပူအာနယူဂီနီ၌ ကွမ်းစားခြင်းဓလေ့မှာ ယဉ်ကျေးမှုအစဉ်အလာဖြစ်သည်။ယဉ်ကျေးမှုအစဉ်အလာအား ဥပဒေကိုချိုးဖောက်သောပြစ်မှုအဖြစ် သတ်မှတ်ရမည့်ကိစ္စလည်းမဟုတ်ပေ။

ဤသို့ဖြင့် ရဲတပ်ဖွဲ့အပေါ် မေးခွန်းများထုတ်လာကြတော့သည်။ ဒုတိယအချက်က အသေးစား၊ အလတ်စားလုပ်ငန်း(SME) များအတွက် အစိုးရး၏အစီအစဉ်ဖြစ်သည်။ပါပူအာနယူဂီနီအစိုး ရ၏ အသေးစား၊ အလတ်စားလုပ်ငန်းများအတွက် သိသာထင်ရှားသောအရေအတွက်မှာ ကွမ်းရောင်းသူများပင်ဖြစ်သည်။

ပါပူအာနယူဂီနီအစိုးရသည် ထိုလမ်းဘေးကွမ်းရောင်းသူများအား အရင်းအနှီးများလည်းကူညီထောက်ပံသည်။ ကွမ်းရောင်းလျင်လည်းဖမ်းသူမှာ ပါပူအာနယူဂီနီ အစိုးရပင်ဖြစ်နေသည်။

ဤသို့ဖြင့် ပါပူအာနယူဂီနီသည် ကွမ်းကိစ္စတွင် ဒစ်လည်နေခဲ့တော့သည်။အစိုးရဒစ်လည်သည်က ကိစ္စမဟုတ်၊ကွမ်းယာရောင်းနေရသည့်မရှိဆင်းရဲသားလူတန်းစားအတွက်တော့ အခက်အ ခဲဆိုက်တော့သည်။

ပါပူအာနယူဂီနီအမျိုးသမီးတဦးကွမ်းယာရောင်းနေပုံ / ကိုးကား Devpolicy blog

ထိုပြဿနာမျိုးနှင့်အလားတူ ၂၀၂၅ ခုနှစ်တွင် မြန်မာ့နိုင်ငံတွင်လည်း ဖြစ်ပွားဖူးသည်။ထိုကာလက ပြည်သူ့လွတ်တော်တွင် ကွမ်းစားခြင်းနှင့်ပတ်သက်၍ဆွေးနွေးကြဖူးသည်။ဆွေးနွေးရင်းနှင့်ပါပူအာနယူဂီနီကဲ့သို့ ဒစ်လည်နေခဲ့တော့သည်။

ကွမ်းနှင့်သေချာမှုသုံးရပ်

ကွမ်းစားခြင်းနှင့်ပတ်သက်၍ကျန်းမာ ရေးအရကြည့်ပါက မကောင်းသည်မှာ သေချာသည်။ကွမ်းတံတွေးက ပတ်ဝန်းကျင်၌ညစ်ပတ်စေသည်မှာသေချာသည်။ကွမ်းယာရောင်းချခြင်းလုပ်ငန်းတွင် အမျိုးသမီးများပါဝင်နှုန်းကများပြီး ထိုလုပ်ငန်းက စားဝတ်နေရေးကို ဖြေရှင်းပေးနေသည်မှာလည်း သေချာသည်။

မလေးနှင့်ထိုင်ဝမ်ကဲ့သို့ နိုင်ငံများတွင်တော့ ကွမ်းနှင့်ပတ်သက်၍နမူနာကောင်းများရှိသည်။ကွမ်းတံတွေးထွေးခြင်းနှင့်ပတ်သက်၍ စည်းကမ်းများကို လိုက်နာကြသည်။ပါပူအာနယူဂီနီလိုမျိုးလည်း ရောင်းချခြင်းကို ပိတ်ပင်ကာ ဒစ်မလည်ခဲ့ပေ။မလေးနှင့်ထိုင်ဝမ်သည် ဒေသဓလေ့ထုံးတမ်းအရကွမ်းစားသော နိုင်ငံများဖြစ်သည်။

ထိုင်ဝမ်လမ်းဘေးကွမ်းယာဆိုင် / ကိုးကား – Aljazeera (Dave Tacon / Polaris)

သို့သော် ၎င်းတို့၏မြို့ပြများသည် သန့် ရှင်းလှပနေသည်။ကွမ်းယာရောင်းသည့်ဆိုင်များလည်းရှိသည်။သုတေသနအချက်အလက်များအရ ၂၀၂၃ – ၂၀၂၄ ခုနှစ်တွင် ကွမ်းယာရောင်းချမှုသည် ကမ္ဘာ့ဈေးကွက်တွင် အမေရိကန်ဒေါ်လာသန်း ၉၆၀ နီးပါးခန့်ရှိသည်ဟုဆိုသည်။(အကိုးအကားလင့်များကို အောက်တွင် ပေးထားပါသည်)

ဗီယက်နမ်ကတော့ ကွမ်းနှင့်ကွမ်းသီးအား တရုတ်သို့တင်ပို့မှုမှာ လစဉ်ဗီယက်နမ်ငွေကြေးဒေါင် ၁၀မီလီယံခန့်ရှိသည်။တနှစ်ဆိုပါက ဗီယက်နမ်ဒေါင် ၁၂ ၀ မီလီယံခန့်ရှိမည်။

ဘန်ကောက်ပိုစ့်အဆိုအရ ထိုင်းနိူင်ငံက ၂၀၂၃ ခုနှစ်အတွင်း ကွမ်းမှဘတ်ငွေ ၂ .၅၅ ဘီလီယံခန့်ဝင်ငွေရခဲ့သည်။

ဩစတေးလျတွင် ကွမ်းသီး ၁ ကီလို ဂရမ်အား အမေရိကန်ဒေါ်လာ ၁၄.၈၃ ဒေါ်လာမှ ၂၅.၇၁ ဒေါ်လာထိဈေးပေါက်သည်။တပေါင်လျှင် အမေရိကန်ဒေါ် လာ၆.၇၃ ဒေါ်လာနှင့် ၁၁.၆၆ ဒေါ်လာဈေးပေါက်နေသည်။

ဗီယက်နမ်ကွမ်းတောင်ကိုင် / ကိုးကား – ဗီယက်နမ်ခရီးသွားဝက်ဆိုက်များ
ဗီယက်နမ်ကွမ်းတောင်ကိုင် / ကိုးကား – ဗီယက်နမ်ခရီးသွားဝက်ဆိုက်များ

ကွမ်းသည် ရောဂါကိုလည်းပေးသည်။ကွမ်းတံတွေးသည် ပတ်ဝန်းကျင်ကိုလည်းညစ်ပတ်စေသည်။ထိုအတူကွမ်းသည် ဝင်ငွေကိုလည်းဖြစ်စေသည်။

တမ်ဘူလဓားစာခံဖြစ်နေသော တောင်မင်းကျော်ထွီး၏မြေ

တန်းလွဲစားကျော်ထွီး ကွမ်းစားတတ်သလား။မစားတတ်လားဆိုသည်ကိုတော့ မသိ​ပေ။မင်းထီးကတော့ ကွမ်းစားတတ်သည်။ကွမ်းစား၍လည်း လက်ညိုးတချောင်း စတေးခံလိုက်ရသည်။ကိုယ့်လက်ညိုးကိုယ်ဖြတ်ပြီးနောက် ဘုရင်မင်းထီးလည်း ကွမ်းဆက်စားသလားဆိုသည်ကိုတော့ မပြောတတ်ပေ။သို့သော် လက်ရှိတွင်တော့ ကွမ်းသည် တောင်မင်းကျော်ထွီးမြေတွင် ဓားစာခံဖြစ်နေသည်။

အာရက္ခဒေသသည် စီးပွားရေးပြန်လည်နိုးဆွရန် မနည်းရုန်းထနေရသည်။နဂိုကပင် ရင်းနှီးမြုပ်နှံမှုကောင်းကောင်းမရှိသော အာရက္ခဒေသတွင် လက်ရှိကာလတွင်တော့ စီးပွားရေးမှာအခြေအနေဆိုးဝါးနေပြီဖြစ်သည်။

အာရက္ခဒေသ၏စီးပွားရေးအတွက် ​ပြည်သူအချင်းချင်းသာ ကျောချင်းကပ်ရင်ချင်းအပ်ကာ ဖြေရှင်းရမည့်သဘော ဖြစ်သည်။

ဤသို့သောအခြေအနေများတွင်ဒေသ၏အသေးစားလုပ်ငန်းများ သူဖာသာသူပြန်လည်ပတ်မှုကို လမ်းဖွင့်ပေးရမည့်အချိန်သာဖြစ်သည်။

သူဖာသာသူ လမ်းဘေးကွမ်းယာဆိုင်ဖွင့်မည့် အမျိုးသမီးသည် ULA/AA ၏စစ်ရေး၊နိုင်ငံရေးကို အနှောင့်အယှက်ပေးနေပါသလား။ULA/AA က အရင်းအနှီးထုတ်ပေးပါသလား။လမ်းဘေးကွမ်းယာရောင်းခြင်းထက်ပိုကောင်းသော လုပ်ငန်းနှင့်စီးပွားရေးကို ဖန်တီးပေးနိုင်ပါပြီလော။

အဖြေက ရိုးရှင်းလှပေသည်။အထက်တွင်မေးထားသော မေးခွန်းများမှာ မှားပေသည်။

အာဏာရှိသူက သူဆန္ဒတခုတည်းအမြင်ဖြင့် တားမြစ်ထားခြင်းဖြစ်ပေသည်။အမိန့်တခုကြောင့်(Policy Victims)ဖြစ်သွားသော လမ်းဘေးကွမ်းယာရောင်းရင်အသက်မွေးနေရသည့်အမျိုးသမီးများ၏စားဝတ်နေရေးကို မတွေးပေးပေ။

သို့ဖြစ်၍ ဗီယက်နမ်တွင် ခရီးသွားဝက်ဆိုက်များက ကွမ်းစားခြင်းဓလေ့အား ခရီးသွားလာရေးအား အထောက်အကူပြုစေရန် ယဉ်ကျေးမှုအဖြစ်ဖော်ပြချိန် တောင်မင်းကျော်ထွီးမြေ၌ကား နတ်သစ်ရွက်တို့ ပျောက်ဆုံးသည်။

ထိုင်ဝမ်တွင် Betel Nut Beaties ဟူ၍ ကမ္ဘာမီဒီယာများက ဖော်ပြချိန်တွင် တောင်မင်းကျော်ထွီးမြေ၌ကား တမ်ဘူလမှာ မူဝါဒဓားစာခံဖြစ်နေသည်။

ကိုးကားချက်များ
  • ထိုင်ဝမ်လမ်းဘေးကွမ်းယာ
    • https://www.aljazeera.com/amp/gallery/2012/9/18/taiwans-betel-nut-beauties
  • ဗီယက်နမ်ကွမ်းတောင်ကိုင်
    • https://www.vietvisiontravel.com/post/vietnamese-customs-of-chewing-betel-areca-nuts-smoking-thuoc-lao
    • https://horizon-vietnamtravel.com/culture/the-betel-in-vietnam/
  • ဗီယက်နမ်တွင် ကွမ်းမှဝင်ငွေ
    • https://van.nongnghiepmoitruong.vn/precarious-betel-nut-purchasing-and-exporting-business-vietnams-largest-betel-nut-export-village-d408110.html#:~:text=Good%20years%20and%20bad%20years,employment%20opportunities%20for%20local%20residents.
    • https://van.nongnghiepmoitruong.vn/precarious-betel-nut-purchasing-and-exporting-business-depending-on-chinese-merchants-d408188.html#:~:text=At%20its%20peak%2C%20the%20price,exports%20uncertain%2C%22%20Doan%20explained.
  • လက်ရှိ ကမ္ဘာ့ကွမ်းဈေးကွက်
    • https://www.cognitivemarketresearch.com/betel-nuts-market-report
  • မြန်မာလမ်းဘေးကွမ်းယာဒစ်လည်ပုံ
    • https://www.irrawaddy.com/news/burma/lawmakers-push-betel-nut-awareness-campaign.html
  • ပါပူအာ နယူဂီနီ လမ်းဘေးကွမ်းယာ ဒစ်လည်ပုံ
    • https://devpolicy.org/betelnut-beyond-bans-spot-fines-20160825/
  • ကွမ်း ကမ္ဘာ့ပေါက်ဈေး
    • https://www.sphericalinsights.com/reports/betel-nuts-market?hl=en-GB
  • ဘန်ကောက်ပိုစ့်
    • https://www.bangkokpost.com/thailand/general/2794514/dry-betel-nut-traders-face-new-barriers
  • ဩစတေးလျပေါက်ဈေး
    • https://www.selinawamucii.com/insights/prices/australia/areca-nut

PrevPreviousကျောက်ဖြူမှာ တရုတ်ရေနံတင်သ င်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ
Nextဖလမ်းမှာ မူးယစ်ဆေးဝါးတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဖမ်းဆီးNext
Previous Post

ကျောက်ဖြူမှာ တရုတ်ရေနံတင်သ င်္ဘောတွေ ပုံမှန်ဝင်ထွက်သွားလာနေ

Next Post

ဖလမ်းမှာ မူးယစ်ဆေးဝါးတွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဖမ်းဆီး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

March 17, 2026

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

March 17, 2026

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

Releated Post

​ယူအေအီးရှိအမေရိကန်လေတပ်စခန်း အီရန်တိုက်ခိုက်လို့ပျက်စီးနေတဲ့ဂြိုဟ်တုဓာတ်ပုံတွေ

March 17, 2026
Photo-KNU

​လယ်ဒိုမှာ လက်နက်ကြီးကြောင့်ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၄ ဦး သေဆုံး

March 17, 2026
ဓာတ်ပုံ-ထိုင်းတော်ဝင်တပ်ဖွဲ့

ထိုင်းမှာစိတ်ကြွဆေးပြား ၄ သိန်းကျော်ကို မှောင်ခိုသမားတွေစွန့်ပစ်ထွက်ပြေး

March 17, 2026

ဂန့်ဂေါကျောက်ဂူဒေသ လေကြောင်းတိုက်ခိုက်ခံရလို့ စစ်ရှောင်သားအမိနှစ်ဦးသေဆုံး

March 17, 2026

​အီရန်ဒုံးကျည်အစအနတွေဂျေရုဆလင်နဲ့ အစ္စရေးဒေသအချို့မှာ ပြန့်ကျဲကျရောက်

March 17, 2026

​ဟော်မုဇ်ရေလက်ကြားအရေး မဟာမိတ်တွေငြင်းဆန်မှုအပေါ် ထရန့်ပြင်းပြင်းထန်ထန်သတိပေး

March 17, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page