Boeder News Agency
လယ်ဒို၊ မတ် ၂၄။
လယ်ဒိုမြို့နယ်နဲ့ ဆောထိမြို့နယ်မှာ စစ်ကော်မရှင်တပ် လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတဦးဒဏ်ရာရသွားခဲ့တယ်လို့ KNUမှ မတ်လ ၂၄ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
ဆောထိမြို့နယ်ရွှေခဲစုကျေးရွာကို မတ်လ ၂၁ရက်နေ့က စစ်ကော်မရှင်တပ်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက်လေးဆယ်ခုနှစ်နှစ်အရွယ် စောသေးလာဟေးဒဏ်ရာရသွားတာပါ။
အဲဒီအပြင်လယ်ဒိုမြို့နယ်၊ ဖိုးတကျေးရွာကို မတ်လ ၁၉ရက်နေ့က စစ်ကော်မရှင်တပ်ဒရုန်းဗုံးကြဲခဲ့တာကြောင့် လူနေအိမ်ခြောက်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက်ရွှေတဲစုကျေးရွာကို ဒရုန်းဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူနေအိမ်ရှစ်လုံးထိမှန်ပျက်စီးခဲ့သလို နွားတဲကုတ်နှစ်လုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ရွှေခါးမိုကျေးရွာကို မတ် လ၂၁ ရက်နေ့ကလည်း စစ်ကော်မရှင်တပ်ဒရုန်းဗုံးကြဲချခဲ့တာကြောင့် နေအိမ်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီးဒလဆိပ်ကျေးရွာကို မတ်လ ၂၂ရက်နေ့ကလည်း ဗုံးကြဲချတိုက်ခိုက်ခဲ့လို့ နေအိမ်တလုံးထိမှန်ပျက်စီးခဲ့ရပြီး လိန်ပင်ဝဲကျေးရွာဘေးကိုလာရောက်ပစ်တဲ့တလုံးမှာ ဦးမြင့်ဦးရဲ့ဆီစက်တလုံးထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ခလယ်လွီထူခရိုင်ကိုနှစ်ရက်အတွင်း အရပ်သားနေထိုင်ရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာကြာင့် ပြည်သူအိုးအိမ်ပစ္စည်းဥစ္စာတွေထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ပြည်သူတွေထိခိုက်ဒဏ်ရာရကြသလို ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
















