Border News Agency
ကျောက်မဲ၊ ဩဂုတ် ၂၀။
TNLA ထိန်းချုပ်ထားတဲ့ကျောက်မဲမြို့၊ နောင်ပိန်ကျေးရွာကို စစ်ကော်မရှင်တပ်က လေကြောင်းတိုက်ခိုက်လို့ အရပ်သားဆယ်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ ဩဂုတ်လ ၂၀ရက် ဒီနေ့ မနက်၁၀ နာရီအချိန်ခန့်က ဒေသခံတွေ စစ်ရှောင်နေတဲ့ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တီးရွာဘုန်းကြီးကျောင်းကို ပေါင်၅၀၀ ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်တာတွေကြောင့် ကလေးငယ်တွေအပါအဝင်စစ်ဘေးရှောင်ဆယ်ဦသေဆုံးခဲ့ပြီးဆယ့်နှစ်ဦးဒဏ်ရာရသွားကာ သေဆုံးသူထပ်တိုးလာနိုင်တယ်လို့ဒေသခံတွေကဆိုကြပါတယ်။
အဲဒီနောင်ပိန်းကျေးရွာအနားမှာ စစ်ကော်မရှင်တပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်နေပြီး စစ်ကော်မရှင်ဖက်က လက်နက်ကြီးတွေနဲ့ ရွာဖက်တွေကို ပစ်ခတ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
သေဆုံးသူအများစုဟာ နောင်ချိုကစစ်ဘေးရှောင်တွေဖြစ်ကြတယ်လို့လည်း ဒေသခံတွေကဆိုကြပါတယ်။