Border News Agency
မိုးဗြဲ၊စက်တင်ဘာ ၁၃။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့တပ်ခွဲ ၄ဝံပုလွေတပ်ခွဲက မွမ်းမံသင်တန်းဆင်းပွဲနဲ့ယူနီဖောင်းတပ်ဆင်ပေးပွဲပြုလုပ်ခဲ့တယ်လို့စက်တင်ဘာလ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီသင်တန်းကို စက်တင်ဘာလ ၁၂ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်တော်၊ ရှမ်း-ကယား(ကရင်နီ)တိုင်းစစ်ဌာန၊ ဗျူဟာအမှတ် ၁၄ လက်အောက်ခံ အမှတ် ၁၀၁ တပ်ရင်းမိုးဗြဲပြည်သူ့ကာ ကွယ်ရေးတပ်ရဲ့တပ်ခွဲ ၄ ဝံပုလွေတပ်ခွဲကပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
ရဲဘော်တွေအမိန့်နာခံမှုရှိစေဖို့၊ နိုင်ငံရေးနဲ့စစ်ရေးအခြေအနေကိုနားလည်ဖို့၊ စိတ်ဓာတ်မြင့်မားစေဖို့၊ တိုက်ခိုက်စွမ်းရည်မြင့်မားစေဖို့၊ပြည်သူအားကိုးထိုက်တဲ့ ရဲဘော်တွေဖြစ်ဖို့ ရွယ်ရည်ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီအပြင် ရဲဘော်တွေစိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကိုယ်ကာယပိုင်းဆိုင်ရာတွေကိုပြန်ပြီးမြှင့်တင်ဖို့ မွမ်းမံသင်တန်းအဖြစ် ရက်တိုသင်တန်းပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
သင်တန်းဆင်းပွဲကို အမှတ် ၁၀၁ တပ် ရင်းမှ တပ်ရင်းမှူးနဲ့ညီနောင်တပ်ဖွဲ့ဝင်တွေ လာရောက်ပူးပေါင်းခဲ့တယ်ဆိုပါတယ်။
မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရဲ့တပ်ခွဲ ၄ ဝံပုလွေတပ်ခွဲအနေနဲ့ရဲရင့်တဲ့ စိတ်ဓာတ်၊ ပြည်စုံတဲ့ လေ့ကျင့်မှုတွေနဲ့ စစ်အာဏာရှင်ကို မဟာမိတ်တပ်ပေါင်းစု ညီအကိုတွေနဲ့အတူတိုက်ပွဲဝင်သွားမယ်လို့ဆိုပါတယ်။