Border News Agency
မန္တလေး၊ စက်တင်ဘာလ ၁၃။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ညောင်ပင်သာကျေးရွာကို စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် အရပ်သား ၆ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)မှ စက်တင်ဘာ ၁၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ စက်တင်ဘာလ၁၃ရက်၊ ဒီနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်အချိန်ခန့်က သပိတ်ကျင်းမြို့နယ်၊ ညောင်ပင်သာကျေးရွာကို တိုက်ပွဲဖြစ်ပွားတာမရှိပဲ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ကလေး ၁ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရသွားသလို နေအိမ်တွေလည်းပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒိီအပြင် သပိတ်ကျင်းမြို့နယ်နေရာအနှံ့အပြားကို ဒီနေ့ ညနေ ၄ နာရီအချိန်ခန့်က လေကြောင်းမှ ဗုံးအလုံး ၃၀ နဲ့တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် သပိတ်ကျင်းမြို့နယ်၊ ကျောက်ဖြာကျေးရွာအနီးရှိ ကလေးငယ် ၁ ဦး၊ အမျိုးသမီး ၁ ဦးသေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ရွယ်ရည်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်မှုတွေဟာ အပြစ်မဲ့ပြည်သူတွေရဲ့အသက်၊ အိုးအိမ်၊ စည်းစိမ်တွေကို နေ့စဉ်နဲ့အမျှခြိမ်းခြောက်ဖျက်ဆီးနေတယ်လို့ဆိုပါတယ်။