Border News Agency
စစ်ကိုင်း၊စက်တင်ဘာ ၂၀။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် တိုက်ပွဲအ တွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်ကိုးဦးသေဆုံးပြီးသုံ့ပန်းအဖြစ်တပ်ကြပ်ကြီး နှစ်ဦးအပါအဝင်လေးဦးအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတ ပ်မတော်၊ယင်းမာပင်ခရိုင်လေ့ကျင့်ရေးဌာန မှ စက်တင်ဘာလ ၁၉ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီကနီမြို့နယ်၊ ချောင်းမကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ပြည်သူ့ကာကွယ် ရေးတပ်(PDF)တွေ တိုက်ပွဲပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
ဘန့်ဘွေးပျူရွာက ထွက်လာတဲ့ အင် အားငါးရာခန့်ပါ စစ်ကော်မရှင်စစ် ကြောင်းဟာစက်တင်ဘာလ ၃ ရက်နေ့က ယင်းမာပင်မြို့နယ်နဲ့ကနီမြို့နယ်အ စပ်ရှိ တရော်ကျင်းရွာ၊ချင်းတောင်ရွာမှတဆင့် မုံရွာ – ယာကြီး လမ်းပေါ်ရှိ ချော င်းမကျေးရွာကိုဝင်ပြီးပြည်သူတွေရဲ့နေ အိမ် ဆိုင်ခန်းတွေကိုမီးရှို့၊ဖျက်ဆီးခဲ့တ ယ်လို့ ဆိုပါတယ်။
အဲဒီချောင်းမကျေးရွာမှာ ၇ ရက်ကြာတပ်စွဲထားတဲ့စစ်ကော်မရှင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ယ င်းမာပင်ခရိုင်လေ့ကျင့်ရေးဌာနကသင် တန်းနည်းပြဆရာတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်ဖက်က ဟာဝှစ်ဇာ၊ 120 mm လက်နက်ကြီးပစ်ခတ်တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် လေကြောင်းတိုက်ခိုက်လို့ Union Liberation Front(ULF)မှ စစ်ကြောင်းမှုးကျဆုံးခဲ့ပြီး ပြည်သူ့ကာ ကွယ်ရေးတပ် (PDF)မှ ရဲဘော်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ 60MM ၊ MA-1 ၊ MA-3 MAS ၊MG3 လက်နက်တွေ Jumper စက်အပါအဝင် စစ်အသုံးအဆောင်ပ စ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။