Border News Agency
ဗန်းမောက်၊ စက်တင်ဘာ ၂၂။
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့ကို စက်တင်ဘာလ ၂၀ ရက်နေ့ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီ ညွတ်ရေးအစိုးရ(NUG)ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ၊ အမှတ် ၁ စစ်ဒေသကထုတ်ပြန်ပါတယ်။
အဲဒီဗန်းမောက်မြို့ကို စက်တင်ဘာလ ၁၅ ရက်နေ့စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးစက်တင်ဘာလ ၂၀ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီတပ်မှလက်နက်ခဲယမ်းတွေလည်းအများအပြားသိမ်းဆည်းရမိခဲ့ပေမယ့် တော် လှန်ရေးတပ်ဖွဲ့ဝင်ခြောက်ဦးကျဆုံးပြီးဒဏ်ရာရရှိသူတချို့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။