Border News Agency
မလေးရှား၊ စက်တင်ဘာ ၂၆။
မလေးရှားနိုင်ငံ၊ ကဒါ့ပြည်နယ်မှာ ဖမ်းဆီးခံရခဲ့တဲ့ မြန်မာနိုင်ငံသားတချို့ကို မလေးရှားအစိုးရက စက်တင်ဘာလ ၂၆ ရက်၊ ဒီနေ့မှာ ပြန်ပို့နေပါတယ်။
လူဝင်မှုကြီးကြပ်ရေးဌာနဖမ်းဆီးခဲ့တဲ့ မြန်မာတွေထဲမှာတချို့ကို ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ် ၁ မှမြန် မာလေကြောင်းလိုင်းနဲ့ပြန်ပို့နေတာပါ။
မလေးရှားနိုင်ငံမှာ ရခိုင်လူမျိုးတွေအပါအဝင် မြန်မာနိုင်ငံသားတွေ နေ့စဥ်ရက်ဆက်ဖမ်းဆီးခံနေကြရပြီး သူတို့ကိုအာဏာသိမ်းစစ်ကော်မရှင်ထိန်းချုပ်နယ်မြေသို့ပြန်ပို့နေတာဖြစ်ပါတယ်။