Border News Agency
မူး၊ အောက်တိုဘာ ၃။
ကော်သူးလေအုပ်ချုပ်နယ်မြေ၊ခလယ်လွီထူခရိုင်၊မူးနဲ့ဆောထိမြို့နယ်မှာ စစ်ကော်မရှင်ကြောင့်အရပ်သားတဦး သေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ အောက်တိုဘာလ ၃ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားတွေနေတဲ့ကျေးရွာတွေကို ရွယ်ရည်ချက်ရှိရှိ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်လို့အရပ်သားတဦးသေဆုံးပြီး သုံးဦးဒဏ်ရာရသွားခဲ့သလိုဘုန်းကြီးကျောင်းတကျောင်းလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဆောထိမြို့နယ်၊ ဝိုင်ကျေးရွာကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်၊ နေ့လည် ၁၂ နာရီအချိန်က စစ်ကော်မရှင်တပ်ကလေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒါကြောင့်အသက် ၅၂ နှစ်အရွယ်ဒေါ်တင်တင်ဝင်းသေဆုံးခဲ့ပြီးအသက် ၁၈ နှစ်အရွယ် မသိမ့်ညသွယ် ဒဏ်ရာရသွားခဲ့သလို ဘုန်းကြီးကျောင်း တကျောင်းလည်းပျက်စီးသွားတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် မူးမြို့နယ်၊ ပရဲစီကျေးရွာကိုစက်တင်ဘာလ ၂၄ ရက်နေ့က စစ်ကော်မရှင်တပ် လက်နက်ကြီးပစ်ခတ်လို့ အသက် ၄၃ နှစ်အရွယ်နော်မာလု၊အသက် ၁၃ နှစ်အရွယ် နော်ကပြူစေးတို့ဒဏ်ရာရသွားခဲ့တယ်လို့ဆိုပါတယ်။