Border News Agency
မန္တလေး၊ အောက်တိုဘာ ၄။
အာဏာသိမ်းစစ်ခေါင်းဆောင်ရောက်နေတဲ့ မန္တလေးမြို့ရှိအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးနှစ်လုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM)က အောက်တိုဘာလ ၄ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအောက်တိုဘာလ ၄ ရက်၊ဒီနေ့ မနက် ၆ နာရီအချိန်ခန့်က ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံးနဲ့ပစ်ခတ်ရာမှာ ၂ လုံးပေါက်ကွဲခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ်နှစ် ၁၀၀ ပြည့်ပွဲကိုတက်ဖို့ အလယ်ပိုင်တိုင်းစစ်ဌာနချုပ်ကိုရောက်ရှိတည်းခိုနေချိန်မှာ တိုက်ခိုက်တာတွေလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်ဟာမန်းတက္ကသိုလ်ရာပြည့်ပွဲမှာ အရပ်သားပြည်သူအများအပြားကို လူသားဒိုင်းအဖြစ်အကာအကွယ်ယူထားတာကြောင့် တော်လှန်ရေးတပ်တွေက သူတည်းခိုနေတဲ့အလယ်ပိုင်းတိုင်းစစ်ဌာန
ချုပ်ကိုသာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီBrave Warriors for Myanmar (BWM) အဖွဲ့ရဲ့ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF)အဖွဲ့၊ People Servant Force (P.S.F)၊ရတနာပုံတပ်ဦးအဖွဲ့တွေပူးပေါင်းပြီးBWM ရဲ့ Mission-46 အဖြစ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။