Border News Agency
ရေဖြူ၊ အောက်တိုဘာ ၉။
တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ ဆယ့်သုံးဦးသေဆုံးသွားတယ်လို့ ဒူရကစစ်ကြောင်းက အောက်တိုဘာလ ၉ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်စစ်ကြောင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၈ ရက်နေ့က ပုဂေါ်ဇွန်းကျေးရွာကို စစ်ကြောင်းထိုးလာပြီး ကြံ့ခိုင်ရေးပါတီအမတ်ရဲ့နေအိမ်အပါအဝင်ကြံ့ခိုင်ရေးပါတီထောက်ခံသူတွေရဲ့နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ဆိုပါတယ်။
သူတို့တွေဟာ အင်အားနှစ်ရာနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရွာသားတွေကို ဖမ်းဆီးကာနေအိမ်တွေကိုလည်းမီးရှို့ဖျက်ဆီးခဲ့သလို ရွှေငွေတွေကိုအတင်းအဓမ္မ လုယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ဧကနိကျေးရွာကိုလည်း စက်တင်ဘာလ ၃၀ ရက်၊နေ့လယ် ၁၂ နာရီအချိန်ခန့် စစ်ကြောင်းထိုးလာတာကြောင့် တော်လှန်ရေးတပ်တွေနဲ့နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ဆယ့်သုံးဦးသေဆုံးခဲ့ပြီး အလောင်းတွေကို ရွာထဲမှာပစ်ထားခဲ့တာကြောင့် တော်လှန်ရေးရဲဘော်တွေက သင်္ချိုင်းမှာမီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်စစ်ကြောင်းကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA)ရဲ့ ဒူရကစစ်ကြောင်း၊ဒေါနတပ် ရင်းတပ်ခွဲ ၆၊ရေဖြူတောင်ပိုင်း ဝေဟင်တပ်၊ ထားဝယ်ခရိုင်တပ်ပေါင်းစု၊ရေဖြူမြို့နယ်အခြေစိုက်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့မဟာမိတ်တပ်တွေပူးပေါ င်းတိုက်ချုက်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းရဲဘော်တဦး မြင့် မြတ်စွာကျဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။













