Border News Agency
ပုလော၊ အောက်တိုဘာ ၁၀။
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ စစ်ကော်မရှင်တပ်က အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရသူတပ်သားနှစ်ဦး အလင်းဝင်လာတယ်လို့ တောကြီးမြွေဟောက်တပ်ဖွဲ့ (Cobra King Force) မှအောက်တိုဘာလ ၁၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ အမှတ် ၄၃၃ ခြေမြန်တပ်ရင်းမှအသက် ၂၉ နှစ်အရွယ်စစ်မှုထမ်းတပ်သားသစ်ကိုသိုင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလ ၂၁ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တ ပ်မတော်(KNLA)တပ်မဟာ ၄ ၊ တပ်ရင်း၇၊KNDO တပ်ခွဲ ၂ လက်အောက်ခံ တောကြီးမြွေဟောက်တပ်ဖွဲ့ဆီ အလင်းဝင်လာခဲ့တယ်လို့ဆိုပါတယ်။
သူဟာ စစ်ကော်မရှင်တပ်ဆီ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ဧပြီလ ၁၃ ရက်နေ့ကအ တင်းအဓမ္မတပ်သားသစ်စုဆောင်းကိုခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်စစ်ကော်မရှင်တပ်ရဲ့အမှတ် ၁၀၁ ခြေလျင်တပ်ရင်းက အသက် ၁၉ နှစ်အရွယ်စစ်မှုထမ်းတပ်သားသစ်ရဲသီဟဟာ အောက်တိုဘာ ၅ ရက်နေ့က ပြည်သူ့ရင်ခွင်ခိုလှုံလိုကြောင်းဆက်သွယ်လာတာမို့ CKF ရဲဘော်တွေ သွား ရောက်ခေါ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
သူဟာ MA-1 သေနတ်တလက်နဲ့ကျည်ဘောက်လေးနဲ့အလင်းဝင်လာတယ်လို့ဆိုပါတယ်။
ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့စစ်မှုထမ်းတ ပ်သားသစ်တွေကို CKFတပ်ဖွဲ့မှ ထိုက် တန်တဲ့ ဆုငွေတွေချီးမြှင့်ပြီး ကောင်း မွန်စွာစောင့်ရှောက်ပေးထားတာကြောင့် အလင်းဝင်လိုသူတွေအနေနဲ့ တော်လှန် ရေးအဖွဲ့တွေနဲ့ချိတ်ဆက်ကာအလင်းဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။