Border News Agency
စစ်ကိုင်း၊ အောက်တိုဘာ ၁၃။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့စစ်ကိုင်းတိုင်းအခြေစိုက် ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်နယ် ၆ ပကဖတွေကို လက်နက်တွေတပ်ဆင်ပေးခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖက အောက်တို ဘာလ ၁၂ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
တိုက်နယ် ၆ ပကဖ တိုက်ခိုက်ရေးရဲ ဘော် နှစ််ဆယ့်နှစ်ဦးကို ယူနီဖောင်း၊ ပွိုင့်ဖိနပ်၊ဦးထုပ်၊ခါးပတ်၊ ဘက်တံဆိပ်တွေနဲ့အတူ MA 1 သေနတ်နှစ်လက်တို့တပ်ဆင်ပေးခဲ့တယ်လို့ဆိုပါတယ်။
အဲဒီလက်နက်တပ်ဆင်ပေးတာကို အောက်တိုဘာလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။